ဇာဗုလုန်သည် ပင်လယ်ကမ်းနားမှာနေ၍၊ သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။ ဣသခါသည်တောင်ကြားမှာဝပ်လျက် အားကြီးသောမြည်းဖြစ်၏။ ငြိမ်ဝပ်ရာအရပ်ကောင်း၍ မြေသာယာသည်ကိုမြင်သဖြင့်၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကိုတင်ထမ်း၍၊ အခွန်ပေးသောကျွန်ဖြစ်လေ၏။ ဒန်သည် ဣသရေလအနွယ်တစ်စုံတစ်ပါးကဲ့သို့၊ မိမိလူတို့ကိုစီရင်လိမ့်မည်။ ဒန်သည် လမ်း၌နေသောမြွေဖြစ်လိမ့်မည်။ မြင်းစီးသောသူကို နောက်သို့ လဲစေခြင်းငှာ လမ်းကြားမှာနေ၍၊ မြင်းခြေကိုကိုက်တတ်သော မြွေဆိုးဖြစ်လိမ့်မည်။ အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မျှော်လင့်လျက်နေပါပြီ။ ဂဒ်မူကား၊ စစ်သူရဲတို့သည် သူ့ကိုတိုက်ကြ၍၊ သူသည် ပြန်တိုက်လိမ့်မည်။ အာရှာ၌ဖြစ်သောအစာသည် အရသာနှင့်ပြည့်စုံ၍၊ မင်း၏ခဲဖွယ်စားဖွယ်တို့ကို ထုတ်ပေးလိမ့်မည်။ နဿလိသည်လှသောအခက်အလက်နှင့်ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏။
ကမ္ဘာဦး 49 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 49:13-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ