YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 43:1-34

ကမ္ဘာဦး 43:1-34 Judson Bible (JBMLE)

ခါ​နာန်​ပြည်​၌ အ​လွန်​အ​စာ​ခေါင်း​ပါး​သည်​ဖြစ်​၍၊ အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော​စ​ပါး​ကို စား​ကုန်​ပြီး​မှ၊ အ​ဘ​က၊ တစ်​ဖန်​သွား၍ ငါ​တို့​စား​စ​ရာ​အ​နည်း​ငယ်​ကို ဝယ်​ကြ​ပါ​ဦး​ဟု​ဆို​၏။ ယု​ဒ​က​လည်း၊ ထို​သူ​သည် ကျွန်ုပ်​တို့​ကို​ကျပ်​ကျပ်​ခြိမ်း​ခြောက်​လျက်၊ သင်​တို့​ညီ​မ​ပါ​လျှင် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြော​ထား​ပြီ။ ကျွန်ုပ်​တို့​ညီ​ကို​ထည့်​လျှင်​သွား၍ အ​ဘ​စား​ဖို့​ရာ​ဝယ်​ပါ​မည်။ ညီ​ကို​မ​ထည့်​လျှင် မ​သွား​ပါ။ အ​ကြောင်း​မူ​ကား၊ ထို​သူ​က​သင်​တို့​ညီ​မ​ပါ​လျှင် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြော​ထား​ပြီ​ဟု အ​ဘ​အား​ပြန်​ဆို​လေ​၏။ ဣ​သ​ရေ​လ​က​လည်း၊ သင်​တို့၌​ညီ​ရှိ​မှန်း​ကို ထို​သူ​အား​ပြော၍ အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​ကြ​သ​နည်း​ဟု​ဆို​သော်၊ သူ​တို့​က၊ ထို​သူ​သည် ကျွန်ုပ်​တို့၏​အ​ကြောင်း​အ​ရာ​အ​မျိုး​အ​နွယ်​တို့​ကို ကျပ်​ကျပ်​မေး​လျက်၊ သင်​တို့​အ​ဘ​အ​သက်​ရှင်​သေး​သ​လော၊ ညီ​ရှိ​သေး​သ​လော​ဟု မေး​သော​အ​ခါ၊ ကျွန်ုပ်​တို့​သည် သူ၏​စ​ကား​သ​ဘော​သို့​လိုက်၍ ပြန်​ပြော​ရ​ပါ၏။ သင်​တို့​ညီ​ကို​ဆောင်​ခဲ့​ကြ​ဟု သူ​ပြော​မည်​ကို ကျွန်ုပ်​တို့​သည် အ​မှန်​သိ​နိုင်​ပါ​သ​လော​ဟု ဆို​ကြ​၏။ ယု​ဒ​က​လည်း၊ သူ​ငယ်​ကို ကျွန်ုပ်​နှင့်​အ​တူ​လွှတ်​ပါ။ သို့​ပြု​လျှင် အ​ဘ​မှ​စ၍ ကျွန်ုပ်​တို့​နှင့် သူ​ငယ်​များ​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ကျွန်ုပ်​တို့​ထ၍ သွား​ကြ​ပါ​မည်။ ကျွန်ုပ်​သည် သူ၏​အာ​မ​ခံ​ဖြစ်​ပါ​မည်။ ကျွန်ုပ်​တွင် သူ့​ကို​တောင်း​ပါ။ သူ့​ကို​ပြန်၍​မ​ဆောင်၊ အ​ဘ​ရှေ့​မှာ​မ​ထား​လျှင်၊ အ​စဉ်​မ​ပြတ် အ​ပြစ်​ကို​ခံ​ပါ​စေ။ ဤ​မျှ​လောက်​မ​ဖင့်​နွှဲ​လျှင်၊ အ​ကယ်၍ ဒု​တိ​ယ​အ​ကြိမ်​တွင် ပြန်​ရောက်​ပါ​ပြီ​ဟု အ​ဘ​ဣ​သ​ရေ​လ​အား ဆို​၏။ အ​ဘ​ဣ​သ​ရေ​လ​က​လည်း၊ သို့​ဖြစ်​လျှင် ဤ​သို့​ပြု​ကြ​လော့။ ထို​သူ​အား ဆက်​စ​ရာ​ဖို့ သင်​တို့​အိတ်​ဝ​တို့​တွင် ခါ​နာန်​ပြည်​၏​အ​သီး​မျိုး အ​ကောင်း​ဆုံး​တည်း​ဟူ​သော ဗာ​လ​စံ​စေး​အ​နည်း​ငယ်၊ ပျား​ရည်​အ​နည်း​ငယ်၊ နံ့​သာ​မျိုး၊ မု​ရန်​စေး၊ သစ်​အယ်​သီး၊ ဗာ​တံ​သီး​တို့​ကို​ယူ​ကြ​လော့။ သင်​တို့​လက်၌ ငွေ​နှစ်​ဆ​ကို​လည်း​ယူ​ကြ​လော့။ အိတ်​ဝ​တွင် ဆောင်​ခဲ့​သော​ငွေ​ကို တစ်​ဖန်​လက်၌​ဆောင်​သွား​ကြ​ဦး​လော့။ ထို​အ​မှု​သည် သ​တိ​လစ်​သော​အ​မှု​ဖြစ်​ဟန်​ရှိ​၏။ သင်​တို့​ညီ​ကို​လည်း​ယူ၍ တစ်​ဖန်​ထို​သူ​ထံ​သို့ ထ​သွား​ကြ​လော့။ ထို​သူ​သည် သင်​တို့​အစ်​ကို​တစ်​ယောက်​နှင့် ဗင်္ယာ​မိန်​ကို လွှတ်​လိုက်​မည်​အ​ကြောင်း၊ သင်​တို့​သည် သူ့​စိတ်​နှင့်​တွေ့​ရ​သော​အ​ခွင့်​ကို အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ငါ​သည် သား​ဆုံး​ခြင်း​ကို​ခံ​ရ​လျှင် ခံ​ရ​တော့​မည်​ဟု သား​တို့​အား​ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် ထို​လက်​ဆောင်​ကို​လည်း​ကောင်း၊ မိ​မိ​လက်၌​ငွေ​နှစ်​ဆ​ကို​လည်း​ကောင်း၊ ဗင်္ယာ​မိန်​ကို​လည်း​ကောင်း၊ ယူ၍​ထ​ပြီး​လျှင်၊ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ ယော​သပ်​ရှေ့​မှာ ရပ်​နေ​ကြ​၏။ သူ​တို့​နှင့်​အ​တူ ဗင်္ယာ​မိန်​ပါ​လာ​သည်​ကို ယော​သပ်​မြင်​လျှင်၊ ဝန်​စာ​ရေး​ကို​ခေါ်၍၊ ဤ​သူ​တို့​ကို​အိမ်​သို့​ခေါ်​သွား​လော့။ အ​ကောင်​များ​ကို​သတ်​၍ စား​စ​ရာ​ကို​ပြင်​ဆင်​လော့။ သူ​တို့​သည် ငါ​နှင့်​အ​တူ​မွန်း​တည့်​စာ​ကို စား​ရ​ကြ​လိမ့်​မည်​ဟု မှာ​ထား​သည်​အ​တိုင်း၊ ဝန်​စာ​ရေး​ပြု​၍၊ သူ​တို့​ကို ယော​သပ်​အိမ်​သို့​ခေါ်​သွား​၏။ ယော​သပ်​အိမ်​သို့ ခေါ်​သွား​သော​အ​ခါ၊ သူ​တို့​သည် ငါ​တို့​အိတ်၌ ယ​ခင်​ပြန်​ပေး​သော​ငွေ​ကြောင့် ခေါ်​သွင်း​ပြီ။ သူ​သည်​အ​မှု​ရှာ​လိမ့်​မည်။ ငါ​တို့​ကို အ​ပြစ်​ပြု​သ​ဖြင့် ကျွန်​ခံ​စေ၍၊ မြည်း​တို့​ကို​သိမ်း​လိမ့်​မည်​ဟု ဆို​ကြ​ပြီး​လျှင်၊ ယော​သပ်​၏​ဝန်​စာ​ရေး​အ​နီး​သို့ ချဉ်း​ကပ်၍ အိမ်​တံ​ခါး​နား​မှာ​နှုတ်​ဆက်​လျက်၊ သ​ခင်၊ ယ​မန်​က အ​ကျွန်ုပ်​တို့​သည် အ​စာ​ကို​ဝယ်​ခြင်း​ငှာ အ​မှန်​လာ​ပါ​၏။ စ​ခန်း​သို့​ရောက်၍ အိတ်​များ​ကို​ဖွင့်​သော​အ​ခါ၊ လူ​တိုင်း​ဆိုင်​သော​ငွေ​သည် အ​လျှင်း​မ​လျော့​ဘဲ အိတ်​ဝ​တွင် ရှိ​ပါ၏။ ထို​ငွေ​ကို တစ်​ဖန်​ဆောင်​ခဲ့​ကြ​ပါ​ပြီ။ ယ​ခု​လည်း​အ​စာ​ကို​ဝယ်​ခြင်း​ငှာ အ​ခြား​သော​ငွေ​ကို ကိုယ်​၌​ဆောင်​ခဲ့​ကြ​ပါ​၏။ ထို​ငွေ​ကို အ​ကျွန်ုပ်​တို့​အိတ်​များ၌ အ​ဘယ်​သူ​ထား​သည်​ကို မ​သိ​နိုင်​ပါ​ဟု​ဆို​ကြ​သော်၊ ဝန်​စာ​ရေး​က၊ ချမ်း​သာ​ပါ​စေ၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​ဘု​ရား​သ​ခင်၊ သင်​တို့​အ​ဘ​၏​ဘု​ရား​သ​ခင်​သည် သင်​တို့​အိတ်​များ၌ ဘ​ဏ္ဍာ​ကို​သ​နား​တော်​မူ​ပြီ။ သင်​တို့ ငွေ​ကို​ငါ​ခံ​ရ​ပြီ​ဟု​ဆို​သ​ဖြင့်၊ ရှိ​မောင်​ကို​ထုတ်၍ အပ်​လိုက်​လေ​၏။ ယော​သပ်​အိမ်​သို့​သွင်း​ပြီး​မှ၊ ဝန်​စာ​ရေး​သည် ရေ​ကို​ပေး၍​ခြေ​ဆေး​စေ​၏။ မြည်း​တို့​ကို​လည်း​ကျွေး​လေ​၏။ မွန်း​တည့်​ချိန်၌ ယော​သပ်​လာ​လိမ့်​မည်​ဟု သူ​တို့​သည်​မျှော်​လင့်၍ လက်​ဆောင်​ကို​ပြင်​နှင့်​ကြ​၏။ ထို​အိမ်​၌​သူ​တို့​သည် အ​စာ​ကို​စား​ရ​လိမ့်​မည်​ဟု သူ​တို့​သည်​ကြား​လေ​သ​တည်း။ ယော​သပ်​သည်​အိမ်​သို့​ရောက်​သော​အ​ခါ၊ သူ​တို့​သည် ကိုယ်​၌​ပါ​သော​လက်​ဆောင်​ကို အိမ်​ထဲ​ယော​သပ်​ထံ​သို့​သွင်း၍ သူ့​ရှေ့​မှာ​ဦး​ညွှတ်​ချ​လျက် နေ​ကြ​၏။ ယော​သပ်​သည်​နှုတ်​ဆက်​ပြီး​လျှင်၊ သင်​တို့​အ​ဘ​တည်း​ဟူ​သော သင်​တို့​အ​ရင်​ပြော​သော အ​သက်​ကြီး​သူ​သည် ကျန်း​မာ​ပါ၏​လော။ အ​သက်​ရှင်​သေး၏​လော​ဟု​မေး​လျှင်၊ သူ​တို့​က၊ ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​တို့​အ​ဘ​သည် ကျန်း​မာ​ပါ​၏၊ အ​သက်​ရှင်​ပါ​သေး​၏​ဟု​လျှောက်​လျက်၊ ဦး​ညွှတ်​ချ၍ ရှိ​ခိုး​လျက်​နေ​ကြ​၏။ ထို​အ​ခါ ယော​သပ်​သည်​မျှော်​ကြည့်​၍ မိ​မိ​အ​မိ၏​သား၊ မိ​မိ​ညီ​ရင်း​ဗင်္ယာ​မိန်​ကို​မြင်​လျှင်၊ ဤ​သူ​ကား သင်​တို့​အ​ရင်​ပြော​သော သင်​တို့​ညီ​ဖြစ်​သ​လော​ဟု​မေး​လျက်၊ သင့်​ကို ဘု​ရား​သ​ခင်​ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော​ငါ့​သား​ဟု ဆို​ပြီး​မှ၊ ညီ​ရင်း​ကို​မြင်​ရ​၍ ကြင်​နာ​သော​စိတ်​ရှိ​သော​ကြောင့် အ​လျင်​အ​မြန်​ထ​သွား​လေ၏။ ငို​ရာ​အ​ရပ်​ကို​ရှာ​သ​ဖြင့်၊ အိပ်​ခန်း​ထဲ​သို့​ဝင်၍ ငို​လေ​၏။ တစ်​ဖန်​မျက်​နှာ​ကို​သစ်၍ ဣ​န္ဒြေ​ချုပ်​တည်း​လျက် ပြင်​သို့​ထွက်​ပြီး​လျှင်၊ စား​ပွဲ​ကို​ပြင်​ကြ​ဟု အ​မိန့်​ရှိ​၏။ ယော​သပ်​ဖို့​တစ်​ပွဲ၊ အစ်​ကို​တို့​ဖို့​တစ်​ပွဲ၊ ယော​သပ်​နှင့်​စား​သော အဲ​ဂု​တ္တု​လူ​တို့​ဖို့​တစ်​ပွဲ အ​သီး​အ​သီး​တို့​ကို​ပြင်​ကြ​၏။ အဲ​ဂု​တ္တု​လူ​တို့​သည် ဟေ​ဗြဲ​လူ​တို့​နှင့်​အ​တူ မ​စား​ရ၊ ထို​အ​မှု​ကို​အဲ​ဂု​တ္တု​လူ​တို့​သည် ရွံ​တတ်​ကြ​၏။ ညီ​အစ်​ကို​တို့​သည် အ​ကြီး​မှ​စ၍​အ​ငယ်​တိုင်​အောင် အ​ရွယ်​အ​လိုက် ယော​သပ်​ရှေ့​မှာ​ထိုင်​နေ​ကြ​၏။ သူ​တို့​သည် အ​ချင်း​ချင်း​ကြည့်​ရှု​၍ အံ့​ဩ​ခြင်း​ရှိ​ကြ​၏။ ယော​သပ်​သည်​လည်း သူ​တို့​စား​ရန်​အ​ဖို့ အ​သီး​အ​သီး​တို့​ကို မိ​မိ​ထံ​မှ​ပေး​လိုက်၏။ ဗင်္ယာ​မိန်​ရ​သော​အ​ဖို့​သည် အစ်​ကို​တို့​ရ​သော​အ​ဖို့​ထက် ငါး​ဆ​များ​သ​တည်း။ သူ​တို့​သည်​သောက်၍​ပျော်​မွေ့​ခြင်း​သို့ ရောက်​ကြ​၏။

ကမ္ဘာဦး 43:1-34 Common Language Bible (BCL)

ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ် သည်​ပို​၍​ဆိုး​ရွား​လာ​လေ​၏။- ယာ​ကုပ်​၏​မိသား​စု​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ဝယ် ယူ​ခဲ့​သော​စ​ပါး​ကို စား​သုံး​၍​ကုန်​သော​အ​ခါ ယာ​ကုပ်​က​သား​တို့​အား``အီ​ဂျစ်​ပြည်​သို့​ပြန် သွား​၍​ရိက္ခာ​ဝယ်​ကြ​ဦး'' ဟု​စေ​ခိုင်း​လေ​၏။ ယု​ဒ​က​ယာ​ကုပ်​အား``အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​က ကျွန်​တော်​တို့​၏​ညီ​ကို​မ​ခေါ်​ဆောင်​နိုင်​ခဲ့​လျှင် သူ​၏​ရှေ့​တော်​မှောက်​သို့​မ​ဝင်​ရ​ဟူ​၍​အ​တိ အ​လင်း​သ​တိ​ပေး​ပါ​သည်။- အ​ဖ​က​ညီ​ကို​ကျွန်​တော်​တို့​နှင့်​အ​တူ​သွား ခွင့်​ပြု​မည်​ဆို​လျှင် ကျွန်​တော်​တို့​သွား​၍​အဖ အ​တွက်​ရိက္ခာ​ဝယ်​ယူ​ပါ​မည်။- အ​ဖ​က​ကျွန်​တော်​တို့​နှင့်​အ​တူ​ညီ​ကို​သွား​ခွင့် မ​ပေး​လျှင် သင်​တို့​၏​ညီ​မ​ပါ​ခဲ့​လျှင်​ငါ​၏​ရှေ့ မှောက်​သို့​မ​ဝင်​ရ​ဟု​ဘု​ရင်​ခံ​က​အ​မိန့်​ရှိ​သ​ဖြင့် ကျွန်​တော်​တို့​မ​သွား​ဝံ့​ပါ'' ဟု​ပြော​လေ​၏။ ထို​အ​ခါ​ယာ​ကုပ်​က``သင်​တို့​တွင်​ညီ​တစ်​ယောက် ရှိ​သေး​သည်​ဟု ထို​သူ​အား​အ​ဘယ်​ကြောင့်​ပြော ရ​သ​နည်း။ ငါ့​ကို​ဤ​မျှ​စိတ်​ဆင်း​ရဲ​အောင်​အ​ဘယ် ကြောင့်​ပြု​လုပ်​ရ​သ​နည်း'' ဟု​ဆို​၏။ သူ​တို့​က``ထို​သူ​သည်​ကျွန်​တော်​တို့​၏​မိ​သား စု​အ​ကြောင်း​ကို စေ့​စေ့​စပ်​စပ်​မေး​မြန်း​ပါ​သည်။ သူ​က`သင်​တို့​၏​အဖ​အ​သက်​ရှင်​လျက်​ရှိ​သေး သ​လော။ သင်​တို့​တွင်​ညီ​ရှိ​သေး​သ​လော' ဟု မေး​ပါ​သည်။ ကျွန်​တော်​တို့​က​သူ​၏​မေး​ခွန်း များ​ကို​ဖြေ​ရ​ပါ​သည်။ သူ​က​ကျွန်​တော်​တို့ ၏​ညီ​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​ခဲ့​ရန်​စေ ခိုင်း​လိမ့်​မည်​ဟု​ကျွန်​တော်​တို့​အ​ဘယ်​သို့​သိ နိုင်​မည်​နည်း'' ဟု​ဖြေ​ကြား​ကြ​၏။ ယု​ဒ​က​အ​ဖ​အား``သူ​ငယ်​ကို​ကျွန်​တော်​နှင့် အ​တူ​ထည့်​လိုက်​ပါ။ ယ​ခု​ပင်​ခ​ရီး​စ​ထွက် ကြ​ပါ​မည်။ သို့​မှ​သာ​ကျွန်​တော်​တို့​အား​လုံး အ​စာ​မ​ငတ်​ဘဲ​အ​သက်​ချမ်း​သာ​ရာ​ရ ကြ​ပါ​မည်။- ကျွန်​တော်​သည်​သူ​ငယ်​အ​တွက်​အာ​မ​ခံ​ပါ မည်။ သူ့​အ​တွက်​တာ​ဝန်​ယူ​ပါ​မည်။ သူ​ငယ် ကို​အ​ဖ​ထံ​သို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​ပြန်​၍ မ​ခေါ်​ဆောင်​ခဲ့​လျှင် ကျွန်​တော်​သည်​တစ်​သက် လုံး​အ​ပြစ်​တင်​ခံ​ရ​ပါ​စေ။- ကျွန်​တော်​တို့​သည်​ဤ​မျှ​လောက်​မ​နှောင့်​နှေး မ​ဆိုင်း​တွ​ခဲ့​လျှင် အီ​ဂျစ်​ပြည်​သို့​အ​သွား အ​ပြန်​ခ​ရီး​နှစ်​ခေါက်​ရ​နိုင်​ပါ​ပြီ'' ဟု​ဆို လေ​၏။ ထို​အ​ခါ​သူ​တို့​အ​ဖ​က``သို့​ဖြစ်​လျှင်​ဤ​ကဲ့ သို့​ပြု​လုပ်​ကြ​လော့။ ခါ​နာန်​ပြည်​မှ​အ​ကောင်း ဆုံး​ထွက်​ကုန်​များ​ဖြစ်​သော​ဗာ​လ​စံ​စေး​အ​နည်း ငယ်၊ ပျား​ရည်​အ​နည်း​ငယ်၊ နံ့​သာ​မျိုး၊ မု​ရန်​စေး၊ သစ်​အယ်​သီး၊ ဗာ​တံ​သီး​တို့​ကို​ဘု​ရင်​ခံ​အား လက်​ဆောင်​ဆက်​သ​ရန်​သင်​တို့​အိတ်​များ​တွင် ထည့်​၍​ယူ​သွား​ကြ​လော့။- သင်​တို့​၏​စ​ပါး​အိတ်​ဝ​များ​၌​ထည့်​ပေး​လိုက် သော​ငွေ​ကို​ပြန်​ပေး​ရ​မည်​ဖြစ်​၍ ငွေ​ကို​နှစ်​ဆ ယူ​သွား​ကြ​လော့။ ပြန်​ထည့်​ပေး​လိုက်​သော​ငွေ မှာ​မှား​ပြီး​ပြန်​ထည့်​ပေး​လိုက်​ဟန်​တူ​သည်။- သင်​တို့​ညီ​ကို​ခေါ်​ဆောင်​လျက်​ထို​သူ​ထံ​သို့ သွား​ကြ​လော့။- ထို​သူ​သည်​ဗင်္ယာ​မိန်​နှင့်​ရှိ​မောင်​တို့​ကို​သင်​တို့ အား​ပြန်​အပ်​စေ​ရန် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​၏​စိတ်​ကို​ပြု​ပြင်​ပေး​တော် မူ​ပါ​စေ​သော။ အ​ကယ်​၍​ငါ​သည်​သား​တို့ ကို​ဆုံး​ရှုံး​ရ​မည်​ဆို​လျှင်​ဆုံး​ရှုံး​ရ​မည်​သာ ဖြစ်​သည်'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့​သည်​လက်​ဆောင်​များ နှင့်​ငွေ​နှစ်​ဆ​ကို​ယူ​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ သွား​ကြ​လေ​သည်။ သူ​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန် လည်း​လိုက်​ပါ​သွား​လေ​၏။ ထို​ပြည်​သို့​ရောက် သော​အ​ခါ​သူ​တို့​သည်​ယော​သပ်​ထံ​သို့​ဝင် ၍​ခ​စား​ကြ​၏။- ယော​သပ်​သည်​သူ​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန်​ပါ လာ​သည်​ကို​မြင်​လျှင် သူ​၏​အိမ်​တော်​ဝန်​အား``ဤ သူ​တို့​ကို​ငါ့​အိမ်​သို့​ခေါ်​ဆောင်​သွား​လော့။ သား ကောင်​တစ်​ကောင်​ကို​သတ်​၍​ဟင်း​လျာ​ပြင်​လော့။ ငါ​သည်​သူ​တို့​နှင့်​နေ့​လည်​စာ​ကို​သုံး​ဆောင် မည်'' ဟု​စေ​ခိုင်း​လေ​၏။- အိမ်​တော်​ဝန်​သည်​စေ​ခိုင်း​သည့်​အ​တိုင်း​ထို သူ​တို့​ကို​ယော​သပ်​၏​အိမ်​သို့​ခေါ်​ဆောင်​ခဲ့ လေ​၏။ ညီ​အစ်​ကို​တို့​သည်​ယော​သပ်​အိမ်​သို့​လိုက်​ပါ လာ​ကြ​စဉ်``ပ​ထ​မ​အ​ခေါက်​တွင်​ငါ​တို့​၏ စပါး​အိတ်​များ​၌​ငွေ​များ​ပြန်​ထည့်​ပေး​လိုက် သည့်​ကိစ္စ​ကို​အ​ကြောင်း​ပြု​ပြီး​လျှင် သူ​တို့ သည်​ငါ​တို့​အား​ဖမ်း​ဆီး​လျက်​မြည်း​များ​ကို သိမ်း​ယူ​၍​သူ့​ထံ​၌​ကျွန်​ခံ​စေ​လိမ့်​မည်'' ဟု တွေး​တော​ကာ​စိုး​ရိမ်​ကြောက်​ရွံ့​ကြ​၏။- သို့​ဖြစ်​၍​သူ​တို့​သည်​အိမ်​တံ​ခါး​ဝ​သို့ ရောက်​သော​အ​ခါ ယော​သပ်​၏​အိမ်​တော်​ဝန်​အား၊- ``အ​ရှင်၊ ကျွန်​တော်​တို့​သည်​ဤ​ပြည်​သို့​ရိက္ခာ ဝယ်​ရန် ယ​ခင်​က​တစ်​ခေါက်​ရောက်​ခဲ့​ပါ​သည်။- အိမ်​ပြန်​ခရီး​တွင်​စ​ခန်း​ချ​၍​စပါး​အိတ်​များ ကို​ဖွင့်​လိုက်​ရာ တစ်​ယောက်​စီ​၏​အိတ်​ဝ​တွင် မိ​မိ​၏​စပါး​ဖိုး​ငွေ​မ​လျော့​ဘဲ​တွေ့​ရ​ပါ​သည်။ ကျွန်​တော်​တို့​သည်​ထို​ငွေ​ကို​ယ​ခု​ပြန်​၍ ယူ​ခဲ့​ကြ​ပါ​သည်။- ရိက္ခာ​ထပ်​၍​ဝယ်​ရန်​ငွေ​ပို​လည်း​ယူ​ခဲ့​ပါ​သည်။ ကျွန်​တော်​တို့​၏​စပါး​အိတ်​များ​တွင်​မည်​သူ က​ငွေ​ကို​ပြန်​ထည့်​ထား​သည်​ကို​မ​သိ​ရ​ပါ'' ဟု​ပြော​ပြ​လေ​၏။ အိမ်​တော်​ဝန်​က``သင်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ မ ကြောက်​ကြ​နှင့်။ သင်​တို့​ဘု​ရား၊ သင်​တို့​အ​ဖ ၏​ဘု​ရား​သည်​စ​ပါး​အိတ်​များ​ထဲ​၌​သင်​တို့ အ​တွက် ထို​ငွေ​ကို​ထည့်​ခြင်း​ဖြစ်​ရ​မည်။ သင် တို့​ထံ​မှ​စပါး​ဖိုး​ငွေ​ကို​ကျွန်ုပ်​လက်​ခံ​ရ​ရှိ ပြီး​ဖြစ်​သည်'' ဟု​ဆို​လေ​၏။ ထို​နောက်​သူ​သည် ရှိ​မောင်​ကို​သူ​တို့​ထံ​သို့​ခေါ်​ထုတ်​ခဲ့​လေ​သည်။ အိမ်​တော်​ဝန်​သည်​သူ​တို့​ကို​အိမ်​ထဲ​သို့​ဝင်​စေ ၏။ သူ​တို့​၏​ခြေ​များ​ကို​ဆေး​ကြော​ရန်​ရေ​ကို ပေး​၍​သူ​တို့​၏​မြည်း​များ​ကို​အ​စာ​ကျွေး ၏။- မွန်း​တည့်​အ​ချိန်​၌​ယော​သပ်​သည်​သူ​တို့​နှင့် အ​တူ​စား​သောက်​မည်​ဟု​ကြား​သိ​ရ​သ​ဖြင့် သူ​တို့​သည်​မိ​မိ​တို့​၏​လက်​ဆောင်​များ​ကို အ​သင့်​ပြင်​ထား​ကြ​၏။- ယော​သပ်​အိမ်​သို့​ပြန်​လာ​သော​အ​ခါ​သူ​တို့ သည် မိ​မိ​တို့​နှင့်​ပါ​လာ​သော​လက်​ဆောင်​များ ကို​အိမ်​ထဲ​သို့​ယူ​ဆောင်​လာ​ပြီး​လျှင် ယော​သပ် အား​ဆက်​သ​၍​သူ​၏​ရှေ့​တွင်​ပျပ်​ဝပ်​ကြ လေ​သည်။- ယော​သပ်​သည်​သူ​တို့​အား​နှုတ်​ခွန်း​ဆက်​ပြီး နောက်``သင်​တို့​ပြော​သော​သင်​တို့​၏​ဖခင်​အို သည်​ကျန်း​မာ​ပါ​၏​လော။ သူ​အသက်​ရှင်​လျက် ရှိ​ပါ​သေး​သ​လော'' ဟု​မေး​မြန်း​လေ​၏။ သူ​တို့​က``အရှင့်​ကျွန်၊ ကျွန်​တော်​တို့​၏​အ​ဖ​သည် ကျန်း​မာ​၍​အ​သက်​ရှင်​လျက်​ရှိ​ပါ​၏'' ဟု​ဖြေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​ယော​သပ်​အား ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။ ယော​သပ်​သည်​မိ​မိ​အ​မိ​၏​သား​မိ​မိ​၏​ညီ ဗင်္ယာ​မိန်​ကို​မြင်​သော​အ​ခါ``ဤ​သူ​ငယ်​သည် သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ဆို​သူ​ဖြစ်​ပါ​သ လော။ လူ​က​လေး​သင့်​အား​ဘု​ရား​ကောင်း​ချီး ပေး​ပါ​စေ​သော'' ဟု​ဆို​လေ​၏။- ယော​သပ်​သည်​ညီ​ကို​မြင်​ရ​သ​ဖြင့်​ကြင်​နာ သော​စိတ်​ရှိ​၍ မျက်​ရည်​မ​ဆည်​နိုင်​သော​ကြောင့် မိ​မိ​၏​အ​ခန်း​တွင်း​သို့​ဝင်​၍​ငို​ကြွေး​လေ​၏။- ထို​နောက်​သူ​သည်​မျက်​နှာ​သစ်​ပြီး​လျှင်​အ​ပြင် သို့​ထွက်​လာ​၍ မိ​မိ​၏​စိတ်​ကို​ထိန်း​လျက်​စား သောက်​ပွဲ​ကို​ပြင်​ရန်​အ​မိန့်​ပေး​လေ​သည်။- ယော​သပ်​အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ သူ​၏​အစ်​ကို​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ အီ​ဂျစ်​အ​မျိုး​သား​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ​တည်​ခင်း​ကြ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​တို့ နှင့်​အ​တူ​စား​သောက်​လျှင် ဂုဏ်​သိမ်​သည်​ဟု ယူ​ဆ​ကြ​သော​ကြောင့်​ဟေ​ဗြဲ​အ​မျိုး​သား တို့​နှင့်​အ​တူ​တူ​မ​စား​ကြ။- ညီ​အစ်​ကို​တို့​သည်​အ​သက်​ကြီး​စဉ်​ငယ်​လိုက် ယော​သပ်​၏​ရှေ့​တွင်​ထိုင်​ရ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​အား​နေ​ရာ​ချ​ထား​ပုံ​ကို​မြင်​ကြ သ​ဖြင့် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​၍​အံ့​အား​သင့်​လျက်​ရှိ​ကြ​၏။- ယော​သပ်​သည်​မိ​မိ​စား​ပွဲ​မှ​အ​စား​အ​စာ များ​ကို​သူ​တို့​ထံ​သို့​ပို့​ပေး​၏။ ဗင်္ယာ​မိန်​သည် အ​ခြား​သူ​များ​ထက်​ငါး​ဆ​ပို​၍​ရ​လေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ယော​သပ်​နှင့်​အ​တူ စား​သောက်​ပျော်​မြူး​ကြ​လေ​၏။

ကမ္ဘာဦး 43:1-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ပို၍​ဆိုးရွား​လာ​၏​။ အီဂျစ်​ပြည်​မှ သူ​တို့​ယူဆောင်​လာ​သော​စားနပ်ရိက္ခာ​ကို​စား​၍​ကုန်​သောအခါ ဖခင်​က​သူ​တို့​အား “​တစ်ဖန်​သွား​၍ ငါ​တို့​အတွက် အစားအစာ​အနည်းငယ်​ကို ဝယ်ယူ​ကြ​လော့​”​ဟု ဆို​၏​။ ယုဒ​က​လည်း “​ထို​သူ​က ‘​သင်​တို့​နှင့်အတူ သင်​တို့​ညီ မပါ​လာ​လျှင် ငါ့​မျက်နှာ​ကို သင်​တို့​မြင်​ရ​မည်​မ​ဟုတ်​’​ဟု အကျွန်ုပ်​တို့​ကို အသေအချာ​သတိပေး​ထား​ပါ​၏​။ အကျွန်ုပ်​တို့​၏​ညီ​ကို အကျွန်ုပ်​တို့​နှင့်အတူ​လွှတ်​လျှင် အဖေ့​အတွက် အစားအစာ​ကို အကျွန်ုပ်​တို့​သွား​၍​ဝယ်ယူ​ပါ​မည်​။ မ​လွှတ်​လျှင် အကျွန်ုပ်​တို့​မ​သွား​ပါ​။ အကြောင်းမူကား ထို​သူ​က ‘​သင်​တို့​၏​ညီ​သည် သင်​တို့​နှင့်အတူ​မ​ပါလာ​လျှင် ငါ့​မျက်နှာ​ကို သင်​တို့​မြင်​ရ​မည်​မ​ဟုတ်​’​ဟု အကျွန်ုပ်​တို့​အား​ပြော​ပါ​၏​”​ဟု ဖခင်​အား​ဆို​လေ​၏​။ အစ္စရေး​က​လည်း “​သင်​တို့​သည် သင်​တို့​၌​ညီ​နောက်တစ်ယောက်​ရှိ​သေး​ကြောင်း ထို​သူ​အား​ပြော​ပြီး အဘယ်ကြောင့် ငါ့​ကို​ဒုက္ခရောက်​စေ​သနည်း​”​ဟု ဆို​၏​။ သူ​တို့​က​လည်း “​ထို​သူ​က ‘​သင်​တို့​၏​ဖခင်​အသက်ရှင်​သေး​သလော​။ သင်​တို့​၌​ညီ​ရှိ​သလော​’​ဟု ဆို​လျက် အကျွန်ုပ်​တို့​အကြောင်း​၊ အကျွန်ုပ်​တို့​၏​ဆွေမျိုးသားချင်း​အကြောင်း​ကို စေ့စေ့စပ်စပ်​မေးမြန်း​သောကြောင့် အကျွန်ုပ်​တို့​သည် ထို​စကား​များ​အလိုက် သူ့​ကို​ပြန်ဖြေ​ရ​ပါ​၏​။ ‘​သင်​တို့​ညီ​ကို​ခေါ်ဆောင်​ခဲ့​လော့​’​ဟု သူ​ပြော​လိမ့်မည်​ကို အကျွန်ုပ်​တို့​အမှန် သိ ​နိုင်​ပါ​မည်လော​”​ဟု ပြန်ပြော​ကြ​၏​။ ယုဒ​က​လည်း မိမိ​၏​ဖခင်​အစ္စရေး​အား “​အဖေ​မှစ၍ အကျွန်ုပ်​တို့​နှင့် အကျွန်ုပ်​တို့​၏​ကလေး​တို့​သည် မ​သေ​ဘဲ အသက်ရှင်​မည့်​အကြောင်း သူငယ်​ကို အကျွန်ုပ်​နှင့်အတူ​လွှတ်​ပါ​လော့​။ အကျွန်ုပ်​တို့​သည်​ထ​၍ သွား​ကြ​ပါ​မည်​။ သူ့​အတွက် အကျွန်ုပ်​အာမခံ​ပါ​၏​။ သူ့​ကို အကျွန်ုပ်​တာဝန်ယူ​ပါ​မည်​။ အကယ်၍ အကျွန်ုပ်​သည် သူ့​ကို​အဖေ့​ထံသို့ ပြန်​မ​ခေါ်လာ​၊ အဖေ့​ထံ​ပြန်​မ​အပ်​လျှင် အကျွန်ုပ်​သည် အဖေ့​၏​အပြစ်တင်​ခြင်း​ကို တစ်သက်လုံး​ခံယူ​ပါ​မည်​။ အကျွန်ုပ်​တို့​သည် ဤမျှလောက်​တုံ့ဆိုင်း​မ​နေ​ခဲ့​လျှင် နှစ်ကြိမ်​ပြန်ရောက်​နိုင်​လောက်​ပြီ​”​ဟု ဆို​လေ​၏​။ ထိုအခါ သူ​တို့​၏​ဖခင်​အစ္စရေး​က သူ​တို့​အား “​သို့ဖြစ်လျှင် ဤသို့​ပြု​ကြ​လော့​။ လိမ်းဆေး​အနည်းငယ်​၊ ပျားရည်​အနည်းငယ်​၊ နံ့သာမျိုး​၊ မုရန်စေး​၊ အခွံမာသီး​၊ ဗာဒံသီး စသည့် ဤ​ပြည်​မှ​ထွက်​သော အကောင်းဆုံးအရာ​တို့​ကို သင်​တို့​အိတ်​များ​၌​ထည့်​၍ ထို​သူ​အဖို့​လက်ဆောင်​အဖြစ်​ယူသွား​ကြ​လော့​။ သင်​တို့​လက်​ထဲ၌ ငွေ​နှစ်ဆ​ယူသွား​ကြ​လော့​။ သင်​တို့​၏​အိတ်​ဝ​တွင် ပြန်ထည့်​ပေး​လိုက်​သော​ငွေ​ကို​လည်း ပြန်​ယူသွား​ကြ​လော့​။ မှား​၍​ထည့်ပေး​လိုက်​ခြင်း​ဖြစ်​ကောင်း​ဖြစ်​မည်​။ သင်​တို့​၏​ညီ​ကို​ခေါ်ဆောင်​ပြီး တစ်ဖန် ထို​သူ​ထံသို့ ထ​သွား​ကြ​လော့​။ အနန္တတန်ခိုးရှင်​ဘုရားသခင်​သည် သင်​တို့​ကို သနားစုံမက်​တော်မူ​၍ ထို​သူ​သည် သင်​တို့​၏​ညီအစ်ကို​ရှိမောင်​နှင့်​ဗင်္ယာမိန်​ကို သင်​တို့​နှင့်အတူ​ပြန်လွှတ်​ပေး​ပါစေသော​။ ငါ​သည် သား​များ​ကို​ဆုံးရှုံး​လျှင်​လည်း ဆုံးရှုံး​ရ​ပါ​တော့​မည်​”​ဟု ဆို​လေ​၏​။ ထို့ကြောင့် သူ​တို့​သည် လက်ဆောင်​တို့​ကို​ယူဆောင်​သွား​၍ သူ​တို့​လက်​ထဲ၌ ငွေ​နှစ်ဆ​နှင့်တကွ ဗင်္ယာမိန်​ကို​လည်း ခေါ်ဆောင်​သွား​ကြ​၏​။ သူ​တို့​သည် ထ​၍​အီဂျစ်​ပြည်​သို့​ဆင်းသွား​ကာ ယောသပ်​ရှေ့​၌ အခစားဝင်​ကြ​၏​။ ယောသပ်​သည် သူ​တို့​နှင့်အတူ ဗင်္ယာမိန်​ကို​မြင်​သောအခါ မိမိ​အိမ်ထိန်း​အား “​ဤ​သူ​တို့​ကို အိမ်​သို့​ခေါ်သွား​လော့​။ တိရစ္ဆာန်​ကို​သတ်​၍​ပြင်ဆင်​ချက်ပြုတ်​ထား​လော့​။ ဤ​သူ​တို့​သည် ငါ​နှင့်အတူ နေ့လယ်​စာ စားသောက်​ကြ​လိမ့်မည်​”​ဟု မှာကြား​လေ​၏​။ သို့ဖြစ်၍ အိမ်ထိန်း​သည် ယောသပ်​မှာကြား​သည့်​အတိုင်း ပြု​၏​။ သူ​တို့​ကို​လည်း ယောသပ်​၏​အိမ်​သို့​ခေါ်ဆောင်​သွား​၏​။ သူ​တို့​ကို ယောသပ်​အိမ်​သို့​ခေါ်ဆောင်​သွား​သောကြောင့် သူ​တို့​သည် ကြောက်ရွံ့​လျက် “​ယခင်တစ်ကြိမ်​တွင် ငါ​တို့​အိတ်​ထဲ၌​ပြန်ထည့်​ပေး​လိုက်​သည့်​ငွေ​နှင့်​ပတ်သက်၍ သူ​သည် ငါ​တို့​ကို​ရန်ရှာ​ပြီး ငါ​တို့​ကို​နှိပ်စက်​တော့​မည်​။ ငါ​တို့​နှင့် ငါ​တို့​၏​မြည်း​တို့​ကို​လည်း ဖမ်းဆီး​ပြီး​ကျွန်​ပြု​တော့​မည်”​ဟု ပြောဆို​ကြ​ပြီးလျှင် ယောသပ်​၏​အိမ်ထိန်း​အနား​သို့​သွား​၍ အိမ်​တံခါးဝ​တွင် သူ​နှင့်​စကားပြော​ကြ​၏​။ သူ​တို့​က “​အို အကျွန်ုပ်​တို့​၏​သခင်​၊ စင်စစ် အကျွန်ုပ်​တို့​သည် အစားအစာ​ဝယ်​ရန် ယခင်တစ်ခါ ရောက်လာ​ခဲ့​ပါ​၏​။ အပြန်​တွင် အကျွန်ုပ်​တို့​သည် စခန်းချ​ရာ​နေရာ​သို့​ရောက်​၍ အကျွန်ုပ်​တို့​၏​အိတ်​များ​ကို​ဖွင့်​သောအခါ အသီးသီး​၏​ငွေ​သည် မိမိ​တို့​အိတ်​ဝ​၌​ရှိ​ပါ​၏​။ အကျွန်ုပ်​တို့​၏​ငွေ​သည် အလျှင်းမလျော့​ပါ​။ ထို​ငွေ​ကို အကျွန်ုပ်​တို့ ပြန်ယူဆောင်​လာ​ခဲ့​ပါ​၏​။ အစားအစာ​ဝယ်ယူ​ရန် နောက်ထပ်​ငွေ​ကို​လည်း အကျွန်ုပ်​တို့​ယူဆောင်​လာ​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​၏​အိတ်​များ​ထဲ၌ အကျွန်ုပ်​တို့​၏​ငွေ​ကို မည်သူ​ပြန်ထည့်​ထား​သည်​ကို အကျွန်ုပ်​တို့​မ​သိ​ပါ​”​ဟု သူ့​အား ပြောဆို​ကြ​၏​။ ထိုအခါ အိမ်ထိန်း​က “​စိတ်အေးအေးထား​ပါ​။ မ​ကြောက်​နှင့်​။ သင်​တို့​၏​ဘုရားသခင်​၊ သင်​တို့​အဖ​၏​ဘုရားသခင်​သည် သင်​တို့​၏​အိတ်​များ​ထဲ၌ သင်​တို့​အတွက်​ဘဏ္ဍာ​ကို ထည့်ပေး​တော်မူ​ပြီ​။ သင်​တို့​၏​ငွေ​ကို​ကား ငါ​ရရှိ​ပြီ​”​ဟု ဆို​ပြီးလျှင် ရှိမောင်​ကို သူ​တို့​ထံသို့​ခေါ်ဆောင်​ခဲ့​၏​။ အိမ်ထိန်း​သည် သူ​တို့​ကို​ယောသပ်​အိမ်​ထဲသို့​ခေါ်ဆောင်​သွား​ပြီးမှ ရေ​ပေး​၍ သူ​တို့​သည် ခြေ​ဆေး​ကြ​၏​။ သူ​တို့​၏​မြည်း​များ​ကို​လည်း အစာ​ကျွေး​၏​။ သူ​တို့​သည် ယောသပ်​အိမ်​၌ နေ့လယ်စာ​စား​ရ​မည်​ကို ကြားသိ​ထား​သဖြင့် ယောသပ်​ရောက်​မ​လာ​မီ လက်ဆောင်​ကို​ပြင်ဆင်​ထား​ကြ​၏​။ ယောသပ်​အိမ်​သို့​ပြန်ရောက်​သောအခါ သူ​တို့​သည် မိမိ​တို့​၏​လက်ဆောင်​ကို အိမ်​ထဲသို့​ယူဆောင်​လာ​၍ ယောသပ်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏​။ ထိုအခါ ယောသပ်​သည် သူ​တို့​အား သာကြောင်းမာကြောင်း​နှုတ်ခွန်းဆက်​ပြီးလျှင် “​အသက်ကြီး​ပြီ​ဟု သင်​တို့​ပြော​သည့် သင်​တို့​၏​ဖခင်​သည် ကျန်းမာ​ပါ​၏​လော​။ အသက်ရှင်​သေး​၏​လော​”​ဟု မေး​လေ​၏​။ သူ​တို့​က​လည်း “​သခင့်​အစေအပါး​အကျွန်ုပ်​တို့​၏​ဖခင်​သည် ကျန်းမာ​ပါ​၏​။ အသက်ရှင်​ပါ​သေး​၏​”​ဟု ပြန်လျှောက်​ပြီးလျှင် ဦးညွှတ်​ပျပ်ဝပ်​ကြ​၏​။ ယောသပ်​သည် လှမ်းကြည့်​၍ မိမိ​မိခင်​၏​သား​၊ မိမိ​၏​ညီ ဗင်္ယာမိန်​ကို​မြင်​သောအခါ “​ဤ​သူ​သည် သင်​တို့​ပြော​သည့် သင်​တို့​၏​ညီ​အငယ်ဆုံး​လော​”​ဟု ဆို​ပြီး “​ငါ့​သား​၊ ဘုရားသခင် သင့်​ကို​သနား​တော်မူ​ပါစေသော​”​ဟု ဆို​လေ​၏​။ ယောသပ်​သည် မိမိ​ညီ​ကို အလွန်​ကရုဏာသက်​သောကြောင့် အလျင်အမြန်​ထွက်သွား​၍ ငိုကြွေး​ရန်​နေရာ​ရှာ​ပြီး အတွင်းခန်း​ထဲသို့​ဝင်​၍ ငိုကြွေး​လေ​၏​။ ထို့နောက် သူ​သည် မျက်နှာ​သစ်​၍ အပြင်​သို့​ထွက်လာ​ပြီးလျှင် စိတ်​ကို​ထိန်း​လျက် “​အစားအစာ​ပြင်ဆင်​လော့​”​ဟု အမိန့်ပေး​၏​။ ထိုအခါ ယောသပ်​အတွက်​တစ်​ပွဲ​၊ ယောသပ်​၏​ညီအစ်ကို​တို့​အတွက်​တစ်​ပွဲ​၊ ယောသပ်​နှင့်အတူ​စား​သော​အီဂျစ်​လူမျိုး​တို့​အတွက်​တစ်​ပွဲ သီးသန့်စီ​ပြင်ဆင်​ကြ​၏​။ အကြောင်းမှာ အီဂျစ်​လူမျိုး​တို့​သည် ဟေဗြဲ​လူမျိုး​တို့​နှင့်အတူ အစားအစာ​မ​စား​ရ​။ အတူတူ​စား​ခြင်း​သည် အီဂျစ်​လူမျိုး​တို့​အတွက် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။ ယောသပ်​ရှေ့​၌ ယောသပ်​၏​ညီအစ်ကို​တို့​ကို အကြီးဆုံး​မှ​အငယ်ဆုံး​တိုင်အောင် အသက်အရွယ်​အလိုက် နေရာချ​ထား​၏​။ သူ​တို့​သည် အချင်းချင်း​တစ်ယောက်​ကို​တစ်ယောက်​ကြည့်​လျက် အံ့အားသင့်​နေ​ကြ​၏​။ ယောသပ်​သည် မိမိ​စားပွဲ​မှ​အစားအစာ​များ​ကို ညီအစ်ကို​တို့​ထံသို့​ပေးလိုက်​၏​။ ဗင်္ယာမိန်​ရ​သော​အစားအစာ​သည် အစ်ကို​အသီးသီး​တို့​ထက် ငါး​ဆ​များ​၏​။ သူ​တို့​သည် ယောသပ်​နှင့်အတူ စားသောက်​ပျော်ပါး​ကြ​၏​။