YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 42:1-8

ကမ္ဘာဦး 42:1-8 Judson Bible (JBMLE)

အဲ​ဂု​တ္တု​ပြည်၌​စ​ပါး​ရှိ​ကြောင်း​ကို ယာ​ကုပ်​ကြား​သိ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု၍​နေ​ကြ​သ​နည်း။ အဲ​ဂု​တ္တု​ပြည်၌ စ​ပါး​ရှိ​ကြောင်း​ကို​ငါ​ကြား​ရ​ပြီ။ ငါ​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ထို​ပြည်​သို့​သွား၍ ငါ​တို့​အ​ဖို့​ကို​ဝယ်​ကြ​လော့​ဟု မိ​မိ​သား​တို့​အား​ဆို​သည်​အ​တိုင်း၊ ယော​သပ်၏​အစ်​ကို​တစ်​ကျိပ်​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ သွား​ကြ၏။ ယော​သပ်၏​ညီ ဗင်္ယာ​မိန်​ကို​ကား အစ်​ကို​တို့​နှင့်​အ​တူ ယာ​ကုပ်​သည်​မ​စေ​မ​လွှတ်။ အ​ကြောင်း​မူ​ကား၊ သူ၌​ဘေး​ရောက်​ကောင်း​ရောက်​လိမ့်​မည်​ဟု စိုး​ရိမ်​သ​တည်း။ ထို​အ​ခါ ခါ​နာန်​ပြည်၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ​သော​သူ​တို့​တွင်၊ ဣ​သ​ရေ​လ​သား​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ လာ​ကြ၏။ ယော​သပ်​သည်​နိုင်​ငံ​အုပ်​ဖြစ်၍ ပြည်​သား​အ​ပေါင်း​တို့​အား ရောင်း​သော​အ​မှု​ကို စီ​ရင်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည်​လာ၍ သူ့​ရှေ့​မှာ ဦး​ညွှတ်​ချ​ကြ၏။ ယော​သပ်​သည် အစ်​ကို​တို့​ကို​မြင်​လျှင်​သိ၏။ သို့​သော်​လည်း မ​သိ​ဟန်​ဆောင်၍ ကြမ်း​တမ်း​စွာ​ပြော​လျက်၊ သင်​တို့​သည် အ​ဘယ်​က​လာ​ကြ​သ​နည်း​ဟု​မေး၏။ သူ​တို့​က​လည်း၊ အ​စာ​ကို​ဝယ်​ခြင်း​ငှာ ခါ​နာန်​ပြည်​က​လာ​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။ ယော​သပ်​သည် အစ်​ကို​တို့​ကို​သိ​သော်​လည်း၊ သူ​တို့​သည် ယော​သပ်​ကို​မ​သိ​ကြ။

ကမ္ဘာဦး 42:1-8 Common Language Bible (BCL)

ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​စ​ပါး​ရှိ ကြောင်း​ကြား​သိ​ရ​သော​အ​ခါ သူ​၏​သား​တို့ အား``သင်​တို့​အ​ဘယ်​ကြောင့်​မှိုင်​တွေ​နေ​ကြ သ​နည်း။- အီ​ဂျစ်​ပြည်​၌​စပါး​ရှိ​ကြောင်း​ငါ​ကြား​ရ​သည်။ ငါ​တို့​အ​စာ​ငတ်​၍​မ​သေ​ကြ​စေ​ရန်​သင်​တို့ ထို​ပြည်​သို့​သွား​၍​စ​ပါး​ဝယ်​ကြ​လော့'' ဟု စေ​ခိုင်း​လေ​၏။- ထို​ကြောင့်​ယော​သပ်​၏​အစ်​ကို​တစ်​ကျိပ်​တို့​သည် စပါး​ဝယ်​ရန်​အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ​သွား​ကြ​၏။- ယာ​ကုပ်​သည်​ယော​သပ်​၏​ညီ​ရင်း​ဗင်္ယာ​မိန်​ကို ကား ဘေး​ရောက်​မည်​စိုး​ရိမ်​သော​ကြောင့်​အစ်​ကို များ​နှင့်​အ​တူ​မ​စေ​လွှတ်​ချေ။ ခါ​နာန်​ပြည်​တစ်​ပြည်​လုံး​တွင်​အစာ​ခေါင်း​ပါး​ခြင်း ကပ်​ဆိုက်​လျက်​ရှိ​သ​ဖြင့် ယာ​ကုပ်​၏​သား​တို့​သည် အ​ခြား​သော​စ​ပါး​ဝယ်​ရန်​သွား​သူ​တို့​နှင့်​အ​တူ အီ​ဂျစ်​ပြည်​သို့​သွား​ကြ​၏။- အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​ဖြစ်​သူ​ယော​သပ်​သည် အ​ပြည် ပြည်​မှ​စ​ပါး​ဝယ်​လာ​သော​သူ​တို့​အား​စပါး​ရောင်း ချ​လျက်​ရှိ​၏။ ယော​သပ်​၏​အစ်​ကို​တို့​သည်​လည်း ရောက်​ရှိ​လာ​ကြ​၍​ယော​သပ်​၏​ရှေ့​မှောက်​တွင် ပျပ်​ဝပ်​ကြ​လေ​၏။- ယော​သပ်​သည်​သူ​၏​အစ်​ကို​တို့​ကို​မြင်​၍​မှတ် မိ​သော်​လည်း အစ်​ကို​တို့​ကို​မ​သိ​ဟန်​ဆောင် လျက်``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​လာ​ကြ​သ​နည်း'' ဟု​ခက်​ထန်​စွာ​မေး​လေ​၏။ သူ​တို့​က``ကျွန်​တော်​တို့​သည်​ရိက္ခာ​ဝယ်​ရန် ခါ​နာန်​ပြည်​မှ​လာ​ပါ​သည်'' ဟု​ဖြေ​ကြ​၏။ ယော​သပ်​က​သူ​၏​အစ်​ကို​တို့​ဖြစ်​မှန်း​သိ သော်​လည်း သူ​တို့​က​ယော​သပ်​ကို​မ​သိ​ကြ။

ကမ္ဘာဦး 42:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အီဂျစ်​ပြည်​တွင် စားနပ်ရိက္ခာ​ရှိ​ကြောင်း ယာကုပ်​ကြားသိ​ရ​၏​။ ထိုအခါ ယာကုပ်​က သူ​၏​သား​တို့​အား “​သင်​တို့​သည် တစ်ဦး​ကို​တစ်ဦး အဘယ်ကြောင့်​ကြည့်​၍​သာ​နေ​ကြ​သနည်း​”​ဟု ဆို​၏​။ တစ်ဖန် ယာကုပ်​က “​အီဂျစ်​ပြည်​၌​စားနပ်ရိက္ခာ​ရှိ​ကြောင်း ငါ​ကြား​ရ​ပြီ​။ ငါ​တို့​သည်​မ​သေ​ဘဲ အသက်ရှင်​မည့်​အကြောင်း ထို​ပြည်​သို့​ဆင်းသွား​၍ အစားအစာ​ကို ဝယ်ယူ​ကြ​လော့​”​ဟု ဆို​၏​။ ထိုအခါ ယောသပ်​၏​အစ်ကို​ဆယ်​ယောက်​တို့​သည် ဂျုံစပါး​ဝယ်ယူ​ရန် အီဂျစ်​ပြည်​သို့​ဆင်းသွား​ကြ​၏​။ ယောသပ်​၏​ညီ​ဗင်္ယာမိန်​ကို​ကား “​ဗင်္ယာမိန်​အပေါ် အန္တရာယ်​ကျရောက်​ကောင်း​ကျရောက်​လိမ့်မည်​”​ဟု စိုးရိမ်​သဖြင့် ယာကုပ်​သည် သူ့​ကို အစ်ကို​တို့​နှင့်အတူ​မ​လွှတ်​ပေ​။ ခါနာန်​ပြည်​၌​လည်း ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​သဖြင့် အစ္စရေး​၏​သား​တို့​သည် အခြားသူ​များ​နှင့်အတူ အစားအစာ​ဝယ်ယူ​ရန် သွား​ကြ​၏​။ ထို​အချိန်​၌ ယောသပ်​သည် တိုင်းပြည်​ကို​အုပ်စိုး​သော​ဘုရင်ခံ​ဖြစ်​ပြီး ပြည်သူပြည်သား​အပေါင်း​တို့​အား အစားအစာ​ရောင်းချ​ပေး​သော​သူ​ဖြစ်​၏​။ ယောသပ်​၏​အစ်ကို​တို့​သည်​ရောက်လာ​၍ သူ့​ရှေ့​၌ မြေ​မှာ​ပျပ်ဝပ်​ကြ​၏​။ ယောသပ်​သည် မိမိ​၏​အစ်ကို​တို့​ကို​မြင်​သောအခါ သူ​တို့​ကို မှတ်မိ​သော်လည်း မသိဟန်ဆောင်​လျက် ကြမ်းတမ်း​စွာ​ပြောဆို​၏​။ ယောသပ်​က သူ​တို့​အား “​သင်​တို့ အဘယ်​က​လာ​ကြ​သနည်း​”​ဟု မေး​လျှင် သူ​တို့​က “​အစားအစာ​ဝယ်ယူ​ရန် ခါနာန်​ပြည်​မှ​လာ​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​၏​။ ယောသပ်​သည် အစ်ကို​တို့​ကို​မှတ်မိ​သော်လည်း သူ​တို့​က ယောသပ်​ကို​မ​မှတ်မိ​ကြ​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။