YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 4:4-7

ကမ္ဘာဦး 4:4-7 Judson Bible (JBMLE)

အာ​ဗေ​လ​သည်​လည်း၊ မိ​မိ​သိုး​စု​တွင် အ​ဦး​ဖွား​သော​သား​အ​ချို့​နှင့်၊ သိုး​ဆီ​ဥ​ကို​ဆောင်​ခဲ့၏။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗေ​လ​နှင့် သူ၏​ပူ​ဇော်​သ​ကာ​ကို​ပ​မာ​ဏ ပြု​တော်​မူ၏။ ကာ​ဣ​န​နှင့် သူ၏​ပူ​ဇော်​သ​ကာ​ကို ပ​မာ​ဏ​ပြု​တော်​မ​မူ။ ထို​ကြောင့် ကာ​ဣ​န​သည်​အ​လွန်​စိတ်​ဆိုး၍ မျက်​နှာ​ပျက်​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​ကြောင့်​စိတ်​ဆိုး​သ​နည်း။ အ​ဘယ်​ကြောင့် မျက်​နှာ​ပျက်​သ​နည်း။ သင်​သည်​ကောင်း​မွန်​စွာ​ပြု​လျှင် အ​ခွင့်​မ​ရ​လော။ ကောင်း​မွန်​စွာ​မ​ပြု​လျှင်၊ အ​ပြစ်​ဖြေ​သော​ယဇ်​ကောင်​သည် တံ​ခါး​နား​မှာ​ဝပ်​လျက်​ရှိ၏။ သူ​သည်​သင်၏​အ​လို​သို့​လိုက်၍၊ သင်​သည်​သူ့​ကို​အုပ်​စိုး​ရ၏​ဟု ကာ​ဣ​န​ကို​မိန့်​တော်​မူ၏။

ကမ္ဘာဦး 4:4-7 Common Language Bible (BCL)

အာ​ဗေ​လ​သည်​လည်း​မိ​မိ​သိုး​အုပ်​မှ အ​ဦး ဆုံး​ပေါက်​သော​သိုး​ကို​ယူ​ဆောင်​ခဲ့​၍​သတ် ပြီး​လျှင် အ​ကောင်း​ဆုံး​သော​အ​ပိုင်း​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အာ​ဗေ​လ​နှင့်​သူ​၏​ပူ​ဇော်​သ​ကာ​ကို နှစ်​သက်​တော်​မူ​၏။- သို့​ရာ​တွင်​ကာ​ဣန​နှင့်​သူ​၏​ပူ​ဇော်​သ​ကာ​ကို မူ​ကား နှစ်​သက်​တော်​မ​မူ။ ထို့​ကြောင့်​ကာ​ဣန သည်​အ​လွန်​ဒေါ​သ​ထွက်​၍​မျက်​မှောင်​ကြုတ် လေ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​ဘယ် ကြောင့်​ဒေါ​သ​ထွက်​၍​မျက်​မှောင်​ကြုတ်​ရ​သ နည်း။- သင်​သည်​မှန်​ကန်​စွာ​ပြု​ခဲ့​လျှင်​မျက်​နှာ​ပြုံး​ရွှင် နိုင်​ရ​မည်။ သို့​ရာ​တွင်​သင်​သည်​မ​ကောင်း​မှု​ကို​ပြု​ခဲ့​သ​ဖြင့် အ​ပြစ်​တ​ရား​သည်​သား​ရဲ​တိ​ရစ္ဆာန်​ကဲ့​သို့ သင့် တံ​ခါး​အ​နီး​တွင်​ချောင်း​မြောင်း​လျက်​ရှိ​၏။ အ​ပြစ်​က​သင့်​ကို​အုပ်​စိုး​လို​သော်​လည်း သင် က​အ​ပြစ်​ကို​နိုင်​ရ​မည်'' ဟု​ကာ​ဣန​အား​မိန့် တော်​မူ​၏။

ကမ္ဘာဦး 4:4-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာဗေလ​သည်​လည်း မိမိ​သိုးအုပ်​ထဲမှ သိုး​သားဦး​များ​နှင့် သိုး​တို့​၏​အဆီ​များ​ကို​ယူဆောင်​လာ​၏​။ ထာဝရဘုရား​သည် အာဗေလ​နှင့် သူ​၏​ပူဇော်သက္ကာ​ကို ပမာဏပြု​တော်မူ​၏​။ ကာဣန​နှင့် သူ​၏​ပူဇော်သက္ကာ​ကို​မူကား ပမာဏပြု​တော်​မ​မူ​။ ထို့ကြောင့် ကာဣန​သည် အလွန်​စိတ်ဆိုး​လျက် မျက်နှာသုန်မှုန်​နေ​လေ​၏​။ ထိုအခါ ထာဝရဘုရား​က ကာဣန​အား “​သင်​သည် အဘယ်ကြောင့်​စိတ်ဆိုး​သနည်း​။ အဘယ်ကြောင့်​မျက်နှာသုန်မှုန်​နေ​သနည်း​။ သင်​သည် ကောင်းမွန်​စွာ​ပြု​လျှင် လက်​မ​ခံ​ဘဲ​နေ​မည်လော​။ ကောင်းမွန်​စွာ​မ​ပြု​လျှင် အပြစ်​သည် တံခါး​နား​မှာ​ဝပ်ချောင်း​လျက်​နေ​၍ သင့်​ကို လွှမ်းမိုး​လို​၏​။ သို့သော် သင်​သည် သူ့​ကို​အနိုင်ယူ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။