အာဗေလသည်လည်း မိမိသိုးအုပ်ထဲမှ သိုးသားဦးများနှင့် သိုးတို့၏အဆီများကိုယူဆောင်လာ၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏပြုတော်မူ၏။ ကာဣနနှင့် သူ၏ပူဇော်သက္ကာကိုမူကား ပမာဏပြုတော်မမူ။ ထို့ကြောင့် ကာဣနသည် အလွန်စိတ်ဆိုးလျက် မျက်နှာသုန်မှုန်နေလေ၏။ ထိုအခါ ထာဝရဘုရားက ကာဣနအား “သင်သည် အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့်မျက်နှာသုန်မှုန်နေသနည်း။ သင်သည် ကောင်းမွန်စွာပြုလျှင် လက်မခံဘဲနေမည်လော။ ကောင်းမွန်စွာမပြုလျှင် အပြစ်သည် တံခါးနားမှာဝပ်ချောင်းလျက်နေ၍ သင့်ကို လွှမ်းမိုးလို၏။ သို့သော် သင်သည် သူ့ကိုအနိုင်ယူရမည်”ဟု မိန့်တော်မူ၏။
ကမ္ဘာဦးကျမ်း 4 ကိုဖတ်ပါ။
နားထောင်ပါ။ ကမ္ဘာဦးကျမ်း 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦးကျမ်း 4:4-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ