YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 4:1-9

ကမ္ဘာဦး 4:1-9 Judson Bible (JBMLE)

ထို​နောက်၊ လူ​အာ​ဒံ​သည် မ​ယား​ဧ​ဝ​နှင့်​ဆက်​ဆံ​သ​ဖြင့်၊ ဧ​ဝ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​၍၊ ကာ​ဣ​န​ကို​ဖွား​မြင်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​၏​လူ​ကို​ငါ​ရ​ပြီ​ဟု ဆို​လေ​၏။ တစ်​ဖန် သူ့​ညီ​အာ​ဗေ​လ​ကို ဖွား​မြင်​လေ၏။ အာ​ဗေ​လ​ကား သိုး​ထိန်း​ဖြစ်၏။ ကာ​ဣ​န​ကား လယ်​လုပ်​သော​သူ​ဖြစ်​၏။ အ​ချိန်​စေ့​သော​အ​ခါ၊ ကာ​ဣ​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​ပူ​ဇော်​သ​ကာ​ဖို့၊ မြေ​အ​သီး​ကို​ဆောင်​ခဲ့​၏။ အာ​ဗေ​လ​သည်​လည်း၊ မိ​မိ​သိုး​စု​တွင် အ​ဦး​ဖွား​သော​သား​အ​ချို့​နှင့်၊ သိုး​ဆီ​ဥ​ကို​ဆောင်​ခဲ့၏။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗေ​လ​နှင့် သူ၏​ပူ​ဇော်​သ​ကာ​ကို​ပ​မာ​ဏ ပြု​တော်​မူ၏။ ကာ​ဣ​န​နှင့် သူ၏​ပူ​ဇော်​သ​ကာ​ကို ပ​မာ​ဏ​ပြု​တော်​မ​မူ။ ထို​ကြောင့် ကာ​ဣ​န​သည်​အ​လွန်​စိတ်​ဆိုး၍ မျက်​နှာ​ပျက်​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​ကြောင့်​စိတ်​ဆိုး​သ​နည်း။ အ​ဘယ်​ကြောင့် မျက်​နှာ​ပျက်​သ​နည်း။ သင်​သည်​ကောင်း​မွန်​စွာ​ပြု​လျှင် အ​ခွင့်​မ​ရ​လော။ ကောင်း​မွန်​စွာ​မ​ပြု​လျှင်၊ အ​ပြစ်​ဖြေ​သော​ယဇ်​ကောင်​သည် တံ​ခါး​နား​မှာ​ဝပ်​လျက်​ရှိ၏။ သူ​သည်​သင်၏​အ​လို​သို့​လိုက်၍၊ သင်​သည်​သူ့​ကို​အုပ်​စိုး​ရ၏​ဟု ကာ​ဣ​န​ကို​မိန့်​တော်​မူ၏။ ကာ​ဣ​န​က​လည်း လယ်​သို့​သွား​ကြ​ကုန်​အံ့​ဟု ညီ​အာ​ဗေ​လ​ကို​ခေါ်​၍၊ လယ်​သို့​ရောက်​သော​အ​ခါ၊ ညီ​အာ​ဗေ​လ​ကို​ရန်​ဘက်​ပြု၍​သတ်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း သင့်​ညီ​အာ​ဗေ​လ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ကာ​ဣ​န​ကို​မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ညီ​ကို​စောင့်​ရ​သော​သူ​ဖြစ်​ပါ​သ​လော​ဟု လျှောက်​ဆို၏။

ကမ္ဘာဦး 4:1-9 Common Language Bible (BCL)

ထို​နောက်​အာ​ဒံ​သည်​မ​ယား​နှင့်​ဆက်​ဆံ​သ​ဖြင့် ဧ​ဝ​သည်​ပ​ဋိ​သန္ဓေ​စွဲ​၍​သား​ယောကျာ်း​ကို​ဖွား မြင်​လေ​၏။ ``ထာ​ဝ​ရ​ဘု​ရား​မ​စ​တော်​မူ​ခြင်း အား​ဖြင့်​သား​ကို​ရ​ပြီ'' ဟု​ဧ​ဝ​ပြော​ဆို​လျက် ထို​သား​ကို​ကာ​ဣ​န​ဟု​နာ​မည်​မှည့်​လေ​၏။- ထို​နောက်​သူ​၏​ညီ​အာ​ဗေ​လ​ကို​ဖွား​မြင်​၏။ အာ​ဗေ​လ​သည်​သိုး​ထိန်း​ဖြစ်​၍ ကာ​ဣန​ကား လယ်​သ​မား​ဖြစ်​၏။- အ​ချိန်​အ​တန်​ကြာ​သော​အ​ခါ​ကာ​ဣ​န သည် အ​သီး​အ​နှံ​များ​ကို​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​၏။- အာ​ဗေ​လ​သည်​လည်း​မိ​မိ​သိုး​အုပ်​မှ အ​ဦး ဆုံး​ပေါက်​သော​သိုး​ကို​ယူ​ဆောင်​ခဲ့​၍​သတ် ပြီး​လျှင် အ​ကောင်း​ဆုံး​သော​အ​ပိုင်း​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အာ​ဗေ​လ​နှင့်​သူ​၏​ပူ​ဇော်​သ​ကာ​ကို နှစ်​သက်​တော်​မူ​၏။- သို့​ရာ​တွင်​ကာ​ဣန​နှင့်​သူ​၏​ပူ​ဇော်​သ​ကာ​ကို မူ​ကား နှစ်​သက်​တော်​မ​မူ။ ထို့​ကြောင့်​ကာ​ဣန သည်​အ​လွန်​ဒေါ​သ​ထွက်​၍​မျက်​မှောင်​ကြုတ် လေ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​ဘယ် ကြောင့်​ဒေါ​သ​ထွက်​၍​မျက်​မှောင်​ကြုတ်​ရ​သ နည်း။- သင်​သည်​မှန်​ကန်​စွာ​ပြု​ခဲ့​လျှင်​မျက်​နှာ​ပြုံး​ရွှင် နိုင်​ရ​မည်။ သို့​ရာ​တွင်​သင်​သည်​မ​ကောင်း​မှု​ကို​ပြု​ခဲ့​သ​ဖြင့် အ​ပြစ်​တ​ရား​သည်​သား​ရဲ​တိ​ရစ္ဆာန်​ကဲ့​သို့ သင့် တံ​ခါး​အ​နီး​တွင်​ချောင်း​မြောင်း​လျက်​ရှိ​၏။ အ​ပြစ်​က​သင့်​ကို​အုပ်​စိုး​လို​သော်​လည်း သင် က​အ​ပြစ်​ကို​နိုင်​ရ​မည်'' ဟု​ကာ​ဣန​အား​မိန့် တော်​မူ​၏။ ကာ​ဣ​န​သည်​ညီ​အာ​ဗေ​လ​အား``လမ်း​လျှောက် ထွက်​ကြ​မည်'' ဟု​ခေါ်​၍​လယ်​ထဲ​သို့​ရောက်​ရှိ ကြ​လျှင် ညီ​အာ​ဗေ​လ​ကို​ရန်​ဘက်​ပြု​ကာ သတ်​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင့်​ညီ​အာ​ဗေ​လ​အ​ဘယ် မှာ​ရှိ​သ​နည်း'' ဟု​ကာ​ဣ​န​အား​မေး​တော် မူ​၏။ ကာ​ဣ​န​က``အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ညီ​ကို​ထိန်း​ရ​သော​သူ​ဖြစ်​ပါ​သ​လော'' ဟု ပြန်​၍​လျှောက်​၏။

ကမ္ဘာဦး 4:1-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် လူ​သည် မိမိ​မယား​ဧဝ​နှင့်​ဆက်ဆံ​သဖြင့် ဧဝ​သည် ကိုယ်ဝန်ဆောင်​၍ ကာဣန​ကို​မွေးဖွား​ပြီးလျှင် “​ငါ​သည် ထာဝရဘုရား​ထံ​တော်​မှ သား​တစ်ဦး​ကို​ရရှိ​ပြီ​”​ဟု ဆို​လေ​၏​။ တစ်ဖန် သူ့​ညီ​အာဗေလ​ကို​မွေးဖွား​လေ​၏​။ အာဗေလ​သည် သိုးထိန်း​ဖြစ်​၏​။ ကာဣန​မူကား မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​သူ​ဖြစ်​၏​။ အချိန်စေ့​သောအခါ​၊ ကာဣန​သည် မြေ​မှ​ရ​သော​အသီးအနှံ​ကို ပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​ထံ​ယူဆောင်​လာ​၏​။ အာဗေလ​သည်​လည်း မိမိ​သိုးအုပ်​ထဲမှ သိုး​သားဦး​များ​နှင့် သိုး​တို့​၏​အဆီ​များ​ကို​ယူဆောင်​လာ​၏​။ ထာဝရဘုရား​သည် အာဗေလ​နှင့် သူ​၏​ပူဇော်သက္ကာ​ကို ပမာဏပြု​တော်မူ​၏​။ ကာဣန​နှင့် သူ​၏​ပူဇော်သက္ကာ​ကို​မူကား ပမာဏပြု​တော်​မ​မူ​။ ထို့ကြောင့် ကာဣန​သည် အလွန်​စိတ်ဆိုး​လျက် မျက်နှာသုန်မှုန်​နေ​လေ​၏​။ ထိုအခါ ထာဝရဘုရား​က ကာဣန​အား “​သင်​သည် အဘယ်ကြောင့်​စိတ်ဆိုး​သနည်း​။ အဘယ်ကြောင့်​မျက်နှာသုန်မှုန်​နေ​သနည်း​။ သင်​သည် ကောင်းမွန်​စွာ​ပြု​လျှင် လက်​မ​ခံ​ဘဲ​နေ​မည်လော​။ ကောင်းမွန်​စွာ​မ​ပြု​လျှင် အပြစ်​သည် တံခါး​နား​မှာ​ဝပ်ချောင်း​လျက်​နေ​၍ သင့်​ကို လွှမ်းမိုး​လို​၏​။ သို့သော် သင်​သည် သူ့​ကို​အနိုင်ယူ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ကာဣန​က မိမိ​ညီ​အာဗေလ​အား “​လယ်​ထဲ​သွား​ကြ​စို့​”​ဟု ဆို​လေ​၏​။ လယ်​၌ သူ​တို့​ရှိ​ကြ​စဉ် ကာဣန​သည် မိမိ​ညီ​အာဗေလ​ကို​ရန်ပြု​၍ သူ့​ကို​သတ်​လေ​၏​။ ထို့နောက် ထာဝရဘုရား​က ကာဣန​အား “​သင့်​ညီ​အာဗေလ​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု မေး​တော်မူ​လျှင် ကာဣန​က “​အကျွန်ုပ်​မ​သိ​ပါ​။ အကျွန်ုပ်​သည် ညီ​ကို​စောင့်ရှောက်​သူ​ဖြစ်​ပါ​သလော​”​ဟု ပြန်လျှောက်​လေ​၏​။