YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 39:6-20

ကမ္ဘာဦး 39:6-20 Judson Bible (JBMLE)

သ​ခင်​သည် မိ​မိ၌​ရှိ​သ​မျှ​ကို​ယော​သပ်​လက်​သို့​အပ်၍၊ မိ​မိ​စား​သော​အ​စာ​မှ​တစ်​ပါး အ​ခြား​သော​ဥ​စ္စာ​ရှိ​မှန်း​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ၏။ ယော​သပ်​သည် ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း​လှ​သော​သူ​ဖြစ်၏။ ထို​နောက်​မှ​သ​ခင်၏​မ​ယား​သည် ယော​သပ်​ကို​တပ်​သော​စိတ်​ရှိ၍ ငါ​နှင့်​အ​တူ​အိပ်​ပါ​ဟု​ဆို၏။ ယော​သပ်​က​လည်း၊ ကျွန်​တော်​သ​ခင်​သည် အိမ်​တော်၌​ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ကျွန်​တော်​လက်​သို့​အပ်​ပါ​ပြီ။ ကျွန်​တော်၌ အ​ဘယ်​ဥ​စ္စာ​ရှိ​မှန်း​ကို​မျှ​မ​သိ​မ​မှတ်​ပါ။ ဤ​အိမ်​တွင်​လည်း ကျွန်​တော်​ထက်​သာ၍ ကြီး​သော​သူ​မ​ရှိ​ပါ။ ကိုယ်​မ​ယား​ဖြစ်​သော သ​ခင်​မ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ ကျွန်​တော်​အား​မ​မြစ်​တား​ပါ။ သို့​ဖြစ်​လျှင် အ​ပြစ်​ကြီး​သော​ဤ​အ​မှု​ကို ကျွန်​တော်​ပြု၍ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ပြစ်​မှား​နိုင်​သ​နည်း​ဟု သ​ခင်၏​မ​ယား​ကို​ငြင်း၍ ပြန်​ဆို၏။ ထို​သို့​သ​ခင်​မ​သည် နေ့​တိုင်း​သွေး​ဆောင်​သော်​လည်း၊ ယော​သပ်​သည် သူ၏​စ​ကား​ကို​နား​မ​ထောင်၊ သူ​နှင့်​အ​တူ​အိပ်​ခြင်း၊ နေ​ခြင်း​အ​မှု​ကို​ရှောင်​လေ၏။ တစ်​နေ့​သ၌ ယော​သပ်​သည်​အ​မှု​ဆောင်​ခြင်း​ငှာ အိမ်​ထဲ​သို့​ဝင်၍ အိမ်​သား​ယောက်ျား​တစ်​ယောက်​မျှ မ​ရှိ​သော​အ​ခါ၊ သ​ခင်​မ​က ငါ​နှင့်​အ​တူ​အိပ်​ပါ​ဟု​ဆို​လျက်၊ ယော​သပ်​အ​ဝတ်​ကို​ကိုင်​ဆွဲ​လျှင်၊ ယော​သပ်​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​လေ၏။ ထို​သို့​သ​ခင်​မ​လက်၌ မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​သည်​ကို သ​ခင်​မ​သိ​မြင်​သော​အ​ခါ၊ အိမ်​သား​ယောက်ျား​တို့​ကို​ခေါ်၍၊ သင်​တို့​ကြည့်​ကြ။ ငါ​တို့၌ မ​ရို​မ​သေ​ပြု​စေ​ခြင်း​ငှာ ဤ​ဟေ​ဗြဲ​လူ​ကို သ​ခင်​သွင်း​ထား​ပြီ​တ​ကား။ သူ​သည် ငါ​နှင့်​အ​တူ အိပ်​ခြင်း​ငှာ​ဝင်​လာ၍ ငါ​သည်​ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​ရ၏။ ကျယ်​ကျယ်​အော်​ဟစ်​သံ​ကို​ကြား​လျှင်၊ သူ​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​သည်​ဟု​ဆို​ပြီး​လျှင်၊ သ​ခင်​ရောက်​သည်​တိုင်​အောင် ထို​အ​ဝတ်​ကို​မိ​မိ၌​ထား​လေ၏။ သ​ခင်​ရောက်​သော​အ​ခါ၊ ကိုယ်​တော်​သွင်း​ထား​သော ဟေ​ဗြဲ​ကျွန်​သည် ကျွန်ုပ်​ကို​မ​ရို​မ​သေ​ပြု​ခြင်း​ငှာ​ဝင်​လာ​ပါ၏။ ကျွန်ုပ်​သည် ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​သော​အ​ခါ၊ သူ​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​ပါ​သည်​ဟူ​သော​စ​ကား​ဖြင့် ကြား​ပြော​လေ၏။ ကိုယ်​တော်၏​ကျွန်​သည် ကျွန်ုပ်၌​ဤ​သို့​ပြု​ခဲ့​ပြီ​ဟု မ​ယား​ပြော​သော​စ​ကား​ကို သ​ခင်​ကြား​လျှင်၊ ယော​သပ်​ကို​အ​မျက်​ထွက်၍၊ ခေါ်​ပြီး​မှ၊ ရှင်​ဘု​ရင်​ချုပ်​ထား​သော​သူ​တို့​နေ​ရာ ထောင်​ထဲ​မှာ လှောင်​ထား​သ​ဖြင့်၊ ယော​သပ်​သည် ထောင်​ထဲ​မှာ​နေ​ရ၏။

ကမ္ဘာဦး 39:6-20 Common Language Bible (BCL)

ပေါ​တိ​ဖာ​သည်​မိ​မိ​ပိုင်​သ​မျှ​ပစ္စည်း​အား​လုံး တို့​ကို​ယော​သပ်​လက်​သို့​လွှဲ​အပ်​ထား​၏။ သူ​စား သော​အ​စာ​မှ​လွဲ​၍​မည်​သည့်​အ​ရာ​၌​မျှ​ဝင် ရောက်​စွက်​ဖက်​ခြင်း​မ​ပြု​ချေ။ ယော​သပ်​သည်​ကိုယ်​လုံး​ကိုယ်​ပေါက်​ကောင်း​၍ လူ ချော​လူ​လှ​တစ်​ယောက်​ဖြစ်​ရ​ကား​ကာ​လ​အ​တန် ကြာ​သော​အ​ခါ သူ့​သ​ခင်​မ​သည်​ယော​သပ်​အား စွဲ​လန်း​လာ​သ​ဖြင့်​သူ​နှင့်​အ​တူ​အိပ်​ရန်​ဖြား ယောင်း​လေ​၏။- သို့​ရာ​တွင်​ယော​သပ်​က​ငြင်း​ဆန်​လျက်``သ​ခင်​သည် ကျွန်​တော်​အား​အ​ရာ​ရာ​ကို​မျက်​နှာ​လွှဲ​အပ်​ထား ပါ​သည်။ သ​ခင်​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​ကို​ထိန်း​သိမ်း ရန်​ကျွန်​တော်​အား​တာ​ဝန်​ပေး​အပ်​ထား​ပါ​သည်။- ဤ​အိမ်​တွင်​သ​ခင်​၏​သြ​ဇာ​ညောင်း​ရ​သ​ကဲ့​သို့ ကျွန်​တော်​၏​သြ​ဇာ​လည်း​ညောင်း​ရ​ပါ​သည်။ သ​ခင်​သည်​သ​ခင်​မ​မှ​လွဲ​လျှင်​ကျွန်​တော်​၏ လက်​သို့​မ​အပ်​သော​အ​ရာ​ဟူ​၍​မ​ရှိ​ပါ။ သို့ ဖြစ်​၍​ကျွန်​တော်​သည်​အ​ဘယ်​သို့​လျှင် ဤ​မျှ ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​၍​ဘု​ရား​သ​ခင် ကို​ပြစ်​မှား​နိုင်​ပါ​မည်​နည်း'' ဟု​ပြော​လေ​၏။- သ​ခင်​မ​သည်​ယော​သပ်​အား​နေ့​စဉ်​သွေး​ဆောင် သော်​လည်း​သူ​သည်​အ​မြဲ​ငြင်း​ဆန်​လေ​၏။ တစ်​နေ့​သ​၌​အ​ခြား​သော​အ​စေ​ခံ​တစ်​ယောက် မျှ​အိမ်​ထဲ​၌​မ​ရှိ​ခိုက် ယော​သပ်​သည်​မိ​မိ​အ​လုပ် တာ​ဝန်​ကို​ဆောင်​ရွက်​ရန်​အိမ်​ထဲ​သို့​ဝင်​ရောက် လာ​ရာ၊- သ​ခင်​မ​က​ယော​သပ်​အား``ငါ​နှင့်​အ​တူ​အိပ် ပါ'' ဟု​ဆို​၍​သူ​၏​ဝတ်​ရုံ​ကို​ကိုင်​ဆွဲ​ထား လေ​၏။ ယော​သပ်​သည်​လည်း​ဝတ်​ရုံ​ကို​သ​ခင်​မ ၏​လက်​ထဲ​၌​စွန့်​ပစ်​ထား​ခဲ့​၍​အိမ်​အ​ပြင်​သို့ ကိုယ်​လွတ်​ထွက်​ပြေး​လေ​သည်။- သ​ခင်​မ​သည်​မိ​မိ​၏​လက်​ထဲ​၌​ဝတ်ရုံ​ကို​ထား ခဲ့​၍ အိမ်​ပြင်​သို့​ယော​သပ်​ထွက်​ပြေး​သည်​ကို မြင်​သော​အ​ခါ၊- အ​စေ​ခံ​တို့​ကို​အော်​ခေါ်​လျက်``ဤ​မှာ​ကြည့် စမ်း​ပါ။ သင်​တို့​၏​သခင်​က​ခေါ်​ထား​သော​ဤ ဟေ​ဗြဲ​အ​မျိုး​သား​က​ငါ​တို့​ကို​စော်​ကား ပါ​ပြီ။ သူ​သည်​ငါ့​အ​ခန်း​ထဲ​သို့​ဝင်​၍​ငါ နှင့်​အ​တူ​အိပ်​ရန်​ကြံ​သ​ဖြင့်​ငါ​အ​သံ ကုန်​ဟစ်​အော်​လိုက်​ရ​ပါ​သည်။- သူ​သည်​ငါ​ဟစ်​အော်​သံ​ကြောင့်​သူ​၏​ဝတ်​ရုံ​ကို ငါ့​လက်​ထဲ​မှာ​စွန့်​ပစ်​ခဲ့​ပြီး​လျှင်​ထွက်​ပြေး ပါ​သည်'' ဟု​ပြော​လေ​၏။ ပေါ​တိ​ဖာ​အိမ်​သို့​ပြန်​ရောက်​သည့်​တိုင်​အောင် သူ သည်​ယော​သပ်​၏​ဝတ်​ရုံ​ကို​သိမ်း​ထား​ပြီး​လျှင်၊- ပေါ​တိ​ဖာ​အိမ်​သို့​ပြန်​လာ​သော​အ​ခါ``ကိုယ်​တော် ဤ​အိမ်​သို့​ခေါ်​လာ​သော​ဟေ​ဗြဲ​အ​မျိုး​သား ကျွန်​သည် ကျွန်​မ​အ​ခန်း​ထဲ​သို့​ဝင်​၍​ကျွန်​မ ကို​စော်​ကား​ရန်​ကြံ​ပါ​သည်။- ကျွန်​မ​က​အော်​ဟစ်​သော​အ​ခါ​သူ​သည်​ဝတ်​ရုံ ကို ကျွန်​မ​လက်​ထဲ​မှာ​ထား​ခဲ့​ပြီး​ထွက်​ပြေး​ပါ သည်'' ဟု​တိုင်​ကြား​လေ​၏။ ပေါ​တိ​ဖာ​သည်​အ​လွန်​အ​မျက်​ထွက်​၍၊- ယော​သပ်​ကို​ဖမ်း​ဆီး​လျက်​ဘု​ရင်​၏​အ​မျက်​သင့် သူ​များ​ထား​ရာ​ထောင်​ထဲ​တွင်​အ​ကျဉ်း​ချ​ထား လေ​၏။ ယော​သပ်​သည်​ထောင်​ထဲ​မှာ​နေ​ရ​သော်​လည်း၊

ကမ္ဘာဦး 39:6-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် သခင်​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ယောသပ်​လက်​သို့​အပ်​၍ မိမိ​စား​သော​အစားအစာ​မှတစ်ပါး မိမိ​ပိုင်​သော​မည်သည့်​အရာ​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ​၏​။ ယောသပ်​သည် အဆင်းသဏ္ဌာန်​လှ​၍ ရုပ်ရည်​ချောမော​သော​သူ​ဖြစ်​၏​။ နောက်ပိုင်းတွင် သခင်​၏​မယား​သည် ယောသပ်​ကို​နှစ်သက်တပ်မက်​၍ “​ငါ​နှင့်​အိပ်​ပါ​”​ဟု ဆို​လျှင် ယောသပ်​သည် ငြင်းဆန်​၍ သူ့​သခင်​၏​မယား​အား “​အကျွန်ုပ်​၏​သခင်​သည် အိမ်​၌​ရှိ​သော​အရာ​တို့​ကို​မ​သိ​မ​မှတ်​ပါ​။ သူ​၌​ရှိသမျှ​သော​အရာ​တို့​ကို အကျွန်ုပ်​လက်​သို့​အပ်​ပါ​ပြီ​။ ဤ​အိမ်​၌ အကျွန်ုပ်​ထက်​ကြီးမြတ်​သော​သူ​မ​ရှိ​ပါ​။ သခင်မ​သည် အကျွန်ုပ်​သခင်​၏​မယား​ဖြစ်​သောကြောင့် အကျွန်ုပ်​၏​သခင်​သည် သခင်မ​မှတစ်ပါး မည်သည့်​အရာ​ကို​မျှ​အကျွန်ုပ်​အား မ​ဟန့်တား​ပါ​။ သို့ဖြစ်၍ အကျွန်ုပ်​သည် ဤမျှလောက်​ကြီးမား​သော​မကောင်းမှု​ကို​ပြု​၍ ဘုရားသခင်​ကို ပြစ်မှား​ရ​ပါ​မည်လော​”​ဟု ဆို​လေ​၏​။ ထို​သခင်မ​သည် ယောသပ်​အား သူ​နှင့်အတူ​အိပ်​ရန်​၊ သူ​နှင့်အတူ​နေ​ရန် နေ့စဉ်နေ့တိုင်း ပြောဆို​နေ​သော်လည်း ယောသပ်​သည် သူ့​ကို​နား​မ​ထောင်​ပေ​။ တစ်နေ့တွင် ယောသပ်​သည် အလုပ်​လုပ်​ရန်​အိမ်​ထဲသို့​ဝင်သွား​ရာ အိမ်​ထဲ၌ အိမ်သား​ယောက်ျား​တစ်ယောက်မျှ​မ​ရှိ​ချေ​။ ထိုအခါ သခင်မ​သည် ယောသပ်​၏​အဝတ်​ကို​ဖမ်းဆွဲ​၍ “​ငါ​နှင့်​အိပ်​ပါ​”​ဟု ဆို​လေ​၏​။ သို့သော် ယောသပ်​သည် မိမိ​အဝတ်​ကို သခင်မ​လက်​ထဲ၌​စွန့်ထား​ခဲ့​၍ အပြင်ဘက်​သို့​ပြေး​ထွက်သွား​လေ​၏​။ ထိုသို့ ယောသပ်​သည် သူ့​အဝတ်​ကို သခင်မ​လက်​ထဲ၌​စွန့်ထား​ခဲ့​၍ အပြင်ဘက်​သို့​ထွက်ပြေး​သွား​သည်​ကို သခင်မ​ကြည့်​ပြီး မိမိ​၏​အိမ်သား​ယောက်ျား​တို့​ကို​ခေါ်​၍ သူ​တို့​အား “​ကြည့်​ကြ​ပါ​။ သခင်​ခေါ်လာ​သော ဟေဗြဲ​အမျိုးသား​သည် ငါ​တို့​ကို စော်ကား​ပါ​ပြီ​တကား​။ ငါ​နှင့်​အိပ်​ဖို့ ငါ့​ထံသို့​ဝင်လာ​သဖြင့် ငါ​သည် အသံကုန်​အော်ဟစ်​ရ​ပါ​၏​။ ထိုသို့ ငါ​အသံကုန်​အော်ဟစ်​သည်​ကို သူ​ကြား​သောအခါ သူ့​အဝတ်​ကို ငါ့​လက်​၌​စွန့်ထား​ခဲ့​၍ အပြင်​သို့​ပြေး​ထွက်သွား​လေ​၏​”​ဟု ဆို​ပြီးလျှင် သခင်​အိမ်​သို့​ပြန်ရောက်​သည့်​တိုင်အောင် ယောသပ်​၏​အဝတ်​ကို မိမိ​အနား​တွင် သိမ်းထား​လေ​၏​။ ထို​စကား​အတိုင်း​ပင် သခင်​အား “​အကျွန်ုပ်​တို့​ထံသို့ သခင်​ခေါ်လာ​ခဲ့​သော ဤ​ဟေဗြဲ​ကျွန်​သည် ကျွန်မ​ထံသို့​ဝင်လာ​၍ ကျွန်မ​ကို စော်ကား​ပါ​ပြီ​။ ကျွန်မ​သည် အသံကုန်​အော်ဟစ်​သောကြောင့် သူ​သည် ကျွန်မ​အနား​တွင် သူ့​အဝတ်​ကို​စွန့်ထား​ခဲ့​၍ အပြင်​သို့​ထွက်ပြေး​သွား​၏​”​ဟု ပြောပြ​လေ​၏​။ “​သခင်​၏​ကျွန်​သည် ကျွန်မ​၌ ဤသို့သော​အမှု​ကို​ပြု​ခဲ့​ပါ​၏​”​ဟု မိမိ​မယား​ပြော​သော​စကား​ကို သခင်​ကြား​သောအခါ အမျက်ထွက်​လေ​၏​။ ထိုအခါ ယောသပ်​၏​သခင်​သည် ယောသပ်​ကို​ခေါ်ဆောင်​သွား​၍ ရှင်ဘုရင်​အကျဉ်းချ​ထား​သော​သူ​များ​ကို ချုပ်နှောင်​ထား​သည့်​နေရာ​ဖြစ်​သော အကျဉ်းထောင်​ထဲ၌ ထည့်​ထား​လေ​၏​။ သို့ဖြစ်၍ ယောသပ်​သည် အကျဉ်းထောင်​ထဲ၌​နေ​ရ​၏​။