YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 37:12-28

ကမ္ဘာဦး 37:12-28 Judson Bible (JBMLE)

အစ်​ကို​တို့​သည် အ​ဘ​၏​သိုး​ဆိတ်​များ​ကို ရှေ​ခင်​မြို့​မှာ​ထိန်း​ခြင်း​ငှာ​သွား​ကြ၏။ ဣ​သ​ရေ​လ​သည်​ယော​သပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​တို့​သည် သိုး​ဆိတ်​များ​ကို ရှေ​ခင်​မြို့​မှာ ထိန်း​ကြ​သည်​မ​ဟုတ်​လော။ လာ​ပါ။ သင့်​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်​ဟု​ခေါ်​လျှင်၊ ကျွန်ုပ်​ရှိ​ပါ​သည်​ဟု​ဆို​သော်၊ အ​ဘ​က​သွား​ပါ၊ အစ်​ကို​တို့​သည် ချမ်း​သာ​သ​လော၊ သိုး​ဆိတ်​တို့​လည်း ကောင်း​မွန်​စွာ​ရှိ​သ​လော​ဟူ၍ ကြည့်​ရှု​ပြီး​လျှင်၊ ငါ့​အား​သ​တင်း​ကြား​ပြော​ပါ​ဟု မှာ​လိုက်​လျက်၊ ဟေ​ဗြုန်​ချိုင့်​မှ​စေ​လွှတ်​သ​ဖြင့်၊ သူ​သည် ရှေ​ခင်​မြို့​သို့​ရောက်​လေ၏။ တော၌​လှည့်​လည်​စဉ်​တွင်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​နှင့်​တွေ့၍ ထို​သူ​က၊ သင်​သည်​ဘာ​ကို​ရှာ​သ​နည်း​ဟု မေး​လျှင်၊ အစ်​ကို​များ​ကို​ရှာ၏။ အ​ဘယ်​မှာ​ထိန်း​ကြ​သည်​ကို ပြော​ပါ​ဟု​ဆို​သော်၊ ထို​သူ​က၊ ဤ​အ​ရပ်​မှ​ထွက်​သွား​ပြီ။ ဒေါ​သန်​မြို့​သို့​သွား​ကြ​စို့​ဟု သူ​တို့​ပြော​သံ​ကို ကျွန်ုပ်​ကြား​ခဲ့​ပြီ​ဟု​ဆို၏။ ယော​သပ်​သည်​လည်း၊ အစ်​ကို​တို့​ကို​လိုက်​ရှာ၍ ဒေါ​သန်​မြို့​မှာ​တွေ့​လေ၏။ အ​နီး​သို့​မ​ရောက်​မီ အ​ဝေး၌​ရှိ​စဉ်​ပင်၊ အစ်​ကို​တို့​သည်​မြင်​လျှင်၊ သတ်​ခြင်း​ငှာ​တိုင်​ပင်​လျက်၊ ကြည့်​လော့။ အိပ်​မက်​ဆ​ရာ​လာ​ပြီ။ ကိုင်​ကြ။ သူ့​ကို​သတ်၍ တစ်​စုံ​တစ်​ခု​သော​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​စို့။ ဆိုး​သော​သား​ရဲ​တစ်​စုံ​တစ်​ခု​ကိုက်​စား​ပြီ​ဟု ပြော​ကြ​စို့။ ထို​သို့​ပြု​လျှင်၊ သူ၏​အိပ်​မက်​တို့​သည် အ​ဘယ်​သို့​နေ​ရာ​ကျ​မည်​ကို​ကြည့်​ကြ​စို့​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။ ထို​စ​ကား​ကို​ရု​ဗင်​ကြား​လျှင်၊ သူ့​ကို မ​သတ်​ဘဲ​နေ​ကြ​စို့​ဟု​ဆို​လျက်၊ သူ​တို့​လက်​မှ ယော​သပ်​ကို​နုတ်​လေ၏။ တစ်​ဖန်​ရု​ဗင်​က၊ သူ၏​အ​သွေး​ကို​မ​သွန်း​ကြ​နှင့်။ ကိုယ်​လက်​နှင့်​မ​ပြု​ဘဲ၊ တော၌ ဤ​မည်​သော​တွင်း​ထဲ​သို့​ချ​ကြ​စို့​ဟု သူ​တို့​လက်​မှ ယော​သပ်​ကို​နုတ်​ယူ၍၊ အ​ဘ၌ တစ်​ဖန် အပ်​မည်​အ​ကြံ​ရှိ​သည်​နှင့်​ဆို​လေ၏။ ယော​သပ်​သည် အစ်​ကို​တို့​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ဝတ်​သော​အင်္ကျီ၊ အ​ဆင်း​ထူး​ခြား​သော​အင်္ကျီ​ကို​ချွတ်​ပြီး​မှ၊ သူ့​ကို​ကိုင်​ယူ၍​တွင်း​ထဲ​သို့​ချ​ကြ၏။ ထို​တွင်း၌​ရေ​မ​ရှိ၊ သွေ့​ခြောက်​သော​တွင်း ဖြစ်​သ​တည်း။ ထို​နောက်​အ​စာ​စား​ခြင်း​ငှာ​ထိုင်​ကြ​စဉ် မျှော်​ကြည့်၍၊ ဣ​ရှ​မေ​လ​အ​မျိုး​သား​အ​စု​အ​ဝေး​သည် ဂိ​လဒ်​ပြည်​မှ​လာ၍ နံ့​သာ​မျိုး၊ ဗာ​လ​စံ​စေး၊ မု​ရန်​စေး​များ​ကို ကု​လား​အုတ်​ပေါ်၌ တင်​ဆောင်​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ခ​ရီး​သွား​ကြ​သည်​ကို​မြင်​လျှင်၊ ယု​ဒ​က၊ ငါ​တို့​သည် ညီ​ကို​သတ်၍​သေ​ကြောင်း​ကို​ဝှက်​ထား​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ ကိုင်​ကြ။ ကိုယ်​တိုင်​မ​ညှဉ်း​ဆဲ​ဘဲ၊ ဣ​ရှ​မေ​လ​လူ​တို့​အား ရောင်း​လိုက်​ကြ​စို့။ သူ​သည် တို့​ညီ၊ တို့​အ​မျိုး​ဖြစ်၏​ဟု အစ်​ကို​တို့​အား​ဆို​သည်​ရှိ​သော်၊ ညီ​အစ်​ကို​တို့​သည် ဝန်​ခံ​ကြ​၏။ ထို​အ​ခါ၊ မိ​ဒျန်​အ​မျိုး​သား​ကုန်​သည်​တို့​သည် ခ​ရီး​သွား​ကြ​စဉ်​တွင်၊ အစ်​ကို​တို့​သည် ယော​သပ်​ကို​တွင်း​ထဲ​က​ဆွဲ​တင်​ပြီး​လျှင်၊ ငွေ​အ​ကျပ်​နှစ်​ဆယ်​အ​ဖိုး​နှင့် ဣ​ရှ​မေ​လ​လူ​တို့​အား​ရောင်း၍၊ ထို​သူ​တို့​သည် ယော​သပ်​ကို​အဲ​ဂု​တ္တု​ပြည်​သို့ ဆောင်​သွား​ကြ၏။

ကမ္ဘာဦး 37:12-28 Common Language Bible (BCL)

တစ်​နေ့​သ​၌​ယော​သပ်​၏​အစ်​ကို​တို့​သည်​ရှေ​ခင် မြို့​အ​နီး​တွင်​ဖ​ခင်​၏​သိုး​ဆိတ်​များ​ကို​ကျောင်း နေ​ကြ​စဉ်၊- ယာ​ကုပ်​က​ယော​သပ်​အား``သင်​၏​အစ်​ကို​တို့ သိုး​ဆိတ်​ကျောင်း​ရာ​ရှေ​ခင်​မြို့​သို့​သွား​ပါ လော့'' ဟု​ဆို​၏။ ထို​အ​ခါ​ယော​သပ်​က``ဟုတ်​ကဲ့၊ ကျွန်​တော် သွား​ပါ​မည်'' ဟု​ဖြေ​ကြား​၏။ သူ​၏​ဖ​ခင်​က``အစ်​ကို​များ​နှင့်​သိုး​ဆိတ်​များ ဘေး​ကင်း​လုံ​ခြုံ​စွာ​ရှိ​သည်​မ​ရှိ​သည်​ကို သင် သွား​၍​စုံ​စမ်း​ပြီး​လျှင်​ငါ့​အား​ပြန်​ပြော​ပါ လော့'' ဟု​စေ​ခိုင်း​လေ​၏။ ထို​နောက်​ယော​သပ် သည်​ဖ​ခင်​လမ်း​ညွှန်​သည့်​အ​တိုင်း ဟေ​ဗြုန် ချိုင့်​ဝှမ်း​လမ်း​မှ​သွား​၍​ရှေ​ခင်​မြို့​သို့​ရောက် ရှိ​လာ​၏။ သူ​သည်​မြို့​ပြင်​၌​လှည့်​လည်​ရှာ​ဖွေ​နေ​စဉ် လူ တစ်​ယောက်​က​သူ့​ကို​မြင်​၍``သင်​ဘာ​ကို​ရှာ နေ​သ​နည်း'' ဟု​မေး​၏။ ``သိုး​ဆိတ်​များ​ကို​ထိန်း​ကျောင်း​နေ​သော​အစ် ကို​များ​ကို​ရှာ​နေ​ပါ​သည်။ သူ​တို့​အ​ဘယ်​မှာ ရှိ​သည်​ကို​ပြော​နိုင်​ပါ​သ​လော'' ဟု​ဆို​၏။ ထို​သူ​က``သူ​တို့​ဤ​အ​ရပ်​မှ​ထွက်​ခွာ​သွား ကြ​ပြီ။ ဒေါ​သန်​မြို့​ဘက်​သို့​သွား​ကြ​မည် ဟု​ပြော​သံ​ကြား​လိုက်​ရ​သည်'' ဟု​ဖြေ​၏။ ထို့ ကြောင့်​ယော​သပ်​သည်​အစ်​ကို​များ​နောက်​သို့ လိုက်​သွား​ရာ​သူ​တို့​ကို​ဒေါ​သန်​မြို့​၌​တွေ့ လေ​၏။ ယော​သပ်​အ​ဝေး​၌​ရှိ​စဉ်​ပင်​အစ်​ကို​တို့​သည် သူ့​ကို​မြင်​လျှင် သူ့​အား​သတ်​ပစ်​ရန်​တိုင်​ပင် ကြ​၏။- သူ​တို့​က``အိပ်​မက်​ဆ​ရာ​လာ​နေ​ပြီ။- လာ​ကြ၊ သူ့​ကို​သတ်​၍​တွင်း​တစ်​တွင်း​ထဲ​သို့ သူ့​အ​လောင်း​ကို​ပစ်​လိုက်​ကြ​စို့။ သူ့​ကို​သား​ရဲ တိ​ရစ္ဆာန်​တစ်​ကောင်​က​ကိုက်​သတ်​ပြီ​ဟု​ဖ​ခင် အား​ပြော​ကြ​မည်။ ထို​အ​ခါ​ကျ​မှ​သူ​၏ အိပ်​မက်​အ​တိုင်း​တ​ကယ်​ဖြစ်​မ​ဖြစ်​ကို​သိ ရ​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ ရု​ဗင်​သည်​သူ​တို့​၏​အ​ကြံ​ကို​ကြား​ရ​လျှင် ယော​သပ်​ကို​ကယ်​ရန်​ကြိုး​စား​လေ​၏။ သူ​က``သူ့ ကို​မ​သတ်​ပစ်​ကြ​နှင့်။- သူ့​ကို​ဤ​တော​ကန္တာ​ရ​တွင်​ရှိ​သော​တွင်း​ထဲ​သို့ ပစ်​ချ​ကြ​စို့။ သူ့​အား​အ​နာ​တ​ရ​မ​ဖြစ်​စေ ကြ​နှင့်'' ဟု​ဆို​လေ​၏။ ထို​ကဲ့​သို့​အ​ကြံ​ပေး​ရ ခြင်း​မှာ​သူ​သည်​ယော​သပ်​အား​ညီ​အစ်​ကို​တို့ လက်​မှ​ကယ်​၍​ဖ​ခင်​ထံ​သို့​ပြန်​အပ်​ရန်​အ​ကြံ ရှိ​ခြင်း​ကြောင့်​ဖြစ်​သည်။- အစ်​ကို​များ​ထံ​သို့​ယော​သပ်​ရောက်​လာ​သော အ​ခါ သူ​တို့​က​သူ​၏​လက်​ရှည်​ဝတ်​ရုံ​ကို ချွတ်​ပစ်​ကြ​၏။- ထို​နောက်​သူ့​အား​ချုပ်​ကိုင်​၍​ရေ​ခန်း​ခြောက် သော​တွင်း​ထဲ​သို့​ချ​လိုက်​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ထိုင်​၍​အ​စာ​စား​နေ​စဉ် ဂိ​လဒ်​ပြည်​မှ အီ​ဂျစ်​ပြည်​သို့​သွား​မည့်​ဣ​ရှ မေ​လ​အ​မျိုး​သား​တစ်​စု​ကို​မြင်​ရ​ကြ​၏။ သူ​တို့​၏​ကု​လား​အုတ်​များ​ပေါ်​တွင်​နံ့​သာ​မျိုး၊ ဗာ​လ​စံ​စေး​နှင့်​မု​ရန်​စေး​များ​ကို​တင်​ဆောင် လာ​ကြ​၏။- ယု​ဒ​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ငါ​တို့​၏ ညီ​ကို​သတ်​၍​အ​ဖြစ်​မှန်​ကို​ထိမ်​ဝှက်​ထား ခြင်း​ဖြင့် ငါ​တို့​၌​မည်​သို့​အ​ကျိုး​ကျေး​ဇူး ရှိ​နိုင်​ပါ​မည်​နည်း။- ငါ​တို့​သည်​သူ့​အား​အ​နာ​တ​ရ​ဖြစ်​စေ​မည့် အ​စား​ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​ထံ​၌​သူ့ ကို​ရောင်း​လိုက်​ကြ​ပါ​စို့။ သူ​သည်​ငါ​တို့​၏​ညီ၊ ငါ​တို့​၏​သွေး​သား​ပင်​ဖြစ်​သည်​မ​ဟုတ်​လော'' ဟု​ဆို​လေ​၏။ သူ​၏​ညီ​အစ်​ကို​တို့​က​လည်း သ​ဘော​တူ​ကြ​၏။- ထို​အ​တော​အ​တွင်း​မိ​ဒျန်​အ​မျိုး​သား​ကုန် သည်​အ​ချို့​တို့​ဖြတ်​သန်း​ရောက်​ရှိ​လာ​၏။ သူ တို့​သည်​ယော​သပ်​အား​တွင်း​ထဲ​မှ​ဆွဲ​တင်​၍ ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​ထံ​၌​ငွေ​သား ကျပ်​နှစ်​ဆယ်​ဖြင့်​ရောင်း​လိုက်​ကြ​သည်။ ထို ကုန်​သည်​တို့​က​ယော​သပ်​အား​အီ​ဂျစ်​သို့ ခေါ်​ဆောင်​သွား​လေ​သည်။

ကမ္ဘာဦး 37:12-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ယောသပ်​၏​အစ်ကို​တို့​သည် ရှေခင်​မြို့​အနီး​တွင် ဖခင်​၏​သိုးဆိတ်​တို့​ကို ထိန်းကျောင်း​ရန်​ထွက်ခွာ​သွား​ကြ​၏​။ အစ္စရေး​က ယောသပ်​အား “​သင်​၏​အစ်ကို​တို့​သည် ရှေခင်​မြို့​အနီး​၌ သိုးဆိတ်​တို့​ကို​ထိန်းကျောင်း​နေ​သည်​မ​ဟုတ်​လော​။ လာ​ပါ​။ သင့်​ကို သူ​တို့​ထံသို့ ငါ​စေလွှတ်​မည်​”​ဟု ဆို​လျှင် သူ​က “​ဟုတ်ကဲ့​ပါ​”​ဟု ဆို​၏​။ ဖခင်​က​လည်း “​ယခု သွား​၍ သင့်​အစ်ကို​တို့​၏​အခြေအနေ​၊ သိုးဆိတ်​တို့​၏​အခြေအနေ​ကို ကြည့်ရှု​ပြီးလျှင် ငါ့​ကို​ပြန်လာ​ပြောပြ​လော့​”​ဟု ဆို​ပြီး သူ့​ကို​ဟေဗြုန်​ချိုင့်ဝှမ်း​မှ​စေလွှတ်​လိုက်​၏​။ ယောသပ်​သည် ရှေခင်​မြို့​သို့​ရောက်​ပြီး ကွင်းပြင်​၌ လှည့်လည်​နေ​စဉ် လူ​တစ်​ယောက်​က သူ့​ကို​တွေ့​၍ “​ဘာ​ကို​ရှာ​နေ​သနည်း​”​ဟု သူ့​အား​မေး​လေ​၏​။ သူ​က​လည်း “​အကျွန်ုပ်​၏​အစ်ကို​တို့​ကို ရှာ​နေ​ပါ​သည်​။ သူ​တို့​သည် သိုးဆိတ်​တို့​ကို အဘယ်မှာ​ထိန်းကျောင်း​နေ​သည်​ကို အကျွန်ုပ်​အား​ပြောပြ​ပါ​”​ဟု ဆို​လျှင် ထို​လူ​က “​သူ​တို့​သည် ဤ​နေရာ​မှ​ထွက်သွား​ကြ​ပြီ​။ ‘​ဒေါသန်​အရပ်​သို့ ငါ​တို့​သွား​ကြ​စို့​’​ဟု သူ​တို့​ပြောဆို​နေ​ကြ​သည်​ကို ငါ​ကြား​သည်​”​ဟု ဆို​၏​။ ထို့ကြောင့် ယောသပ်​သည် မိမိ​အစ်ကို​တို့​နောက်သို့​လိုက်သွား​ရာ ဒေါသန်​အရပ်​၌ သူ​တို့​ကို​တွေ့​လေ​၏​။ ယောသပ်​သည် အစ်ကို​တို့​ထံသို့​မ​ရောက်​မီ အစ်ကို​တို့​သည် သူ့​ကို အဝေး​မှ​လှမ်းမြင်​၍ သူ့​ကို​သတ်​ရန်​တိုင်ပင်​လျက် “​ကြည့်​ပါ​။ အိပ်မက်​ဆရာ​လာ​နေ​ပြီ​။ လာ​ကြ​။ သူ့​ကို​သတ်​ပြီး တွင်း​တစ်ခုခု​ထဲသို့​ပစ်ချ​လိုက်​ကြ​စို့​။ ‘​သားရဲတိရစ္ဆာန်​သည် သူ့​ကို​ကိုက်စား​ပြီ​’​ဟု ငါ​တို့​ပြော​ကြ​မည်​။ ထိုအခါ သူ​၏​အိပ်မက်​မည်သို့​ဖြစ်လာ​မည်​ကို ငါ​တို့​ကြည့်​ကြ​မည်​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။ ရုဗင်​သည်​ကြား​လျှင် “​သူ့​ကို​မ​သတ်​ဘဲ​နေ​ကြ​စို့​”​ဟု ဆို​လျက် ယောသပ်​ကို သူ​တို့​လက်​ထဲမှ​ကယ်နုတ်​၏​။ တစ်ဖန် ရုဗင်​က “​သွေး​မ​သွန်း​ကြ​နှင့်​။ တောကန္တာရ​ရှိ ဤ​တွင်း​ထဲသို့ သူ့​ကို​ပစ်ချ​ကြ​စို့​။ သူ့​ကို ကိုယ်ထိလက်ရောက်​မ​ပြု​မိ​စေ​နှင့်​”​ဟု ဆို​၏​။ ဤသို့​ဆို​ခြင်း​မှာ ယောသပ်​ကို သူ​တို့​လက်​မှ​ကယ်နုတ်​၍ ဖခင်​ထံသို့​ပြန်ပို့​ရန်​အတွက်​ဖြစ်​၏​။ ယောသပ်​သည် အစ်ကို​တို့​ထံသို့​ရောက်လာ​သောအခါ သူ​တို့​သည် ယောသပ်​ဝတ်ဆင်​ထား​သော​ရောင်စုံ​သင်တိုင်း​ကို ချွတ်​ပြီးလျှင် သူ့​ကို​ခေါ်သွား​၍ တွင်း​ထဲသို့​ပစ်ချ​လိုက်​ကြ​၏​။ ထို​တွင်း​သည် ရေ​မ​ရှိ​သော​တွင်းလွတ်​ဖြစ်​၏​။ ထို့နောက် သူ​တို့​သည် အစားအစာ​စားသောက်​ရန် ထိုင်​လိုက်​ကြ​စဉ် ဣရှမေလ​လူမျိုး ခရီးသွား​လူတစ်စု​သည် နံ့သာမျိုး​များ​၊ လိမ်းဆေး​များ​နှင့် မုရန်စေး​များ​ကို ကုလားအုတ်​များ​ပေါ်​တင်ဆောင်​လျက် ဂိလဒ်​ပြည်​ဘက်​မှ အီဂျစ်​ပြည်​သို့​ဆင်း​သွား​နေ​သည်​ကို လှမ်းမြင်​ရ​၏​။ ယုဒ​က မိမိ​ညီအစ်ကို​တို့​အား “​ငါ​တို့​သည် ညီ​ကို​သတ်​ပြီး သတ်​ကြောင်း​ကို​ဖုံးကွယ်​ထား​လျှင် မည်သည့်​အကျိုးရှိ​မည်နည်း​။ လာ​ကြ​။ သူ့​ကို ဣရှမေလ​လူမျိုး​တို့​ထံ ရောင်းလိုက်​ကြ​စို့​။ သူ​သည် ငါ​တို့​၏​ညီ​၊ ငါ​တို့​၏​သွေးသား​ဖြစ်​သောကြောင့် သူ့​ကို ကိုယ်ထိလက်ရောက်​မ​ပြု​မိ​စေ​နှင့်​”​ဟု ဆို​၏​။ ညီအစ်ကို​တို့​သည်​လည်း သူ့​ကို​နာခံ​ကြ​၏​။ မိဒျန်​လူမျိုး​ကုန်သည်​တို့​ဖြတ်လာ​ကြ​သောအခါ အစ်ကို​တို့​သည် ယောသပ်​ကို တွင်း​ထဲမှ​ဆွဲ​ထုတ်​၍ ငွေ​ရှယ်ကယ်​နှစ်ဆယ်​ဖြင့် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​ထံ​ရောင်း​လိုက်​၏​။ ထို​သူ​တို့​သည်​လည်း ယောသပ်​ကို အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ကြ​၏​။