ကမ္ဘာဦး 36:1-43
ကမ္ဘာဦး 36:1-43 Judson Bible (JBMLE)
ဧဒုံအမည်ရှိသော ဧသောအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊ ဧသောသည် ဟိတ္တိအမျိုး ဧလုန်၏သမီး အာဒတစ်ယောက်၊ ဟိဝိအမျိုးဇိဘောင်သား အာန၏သမီးအဟောလိဗာမတစ်ယောက်၊ ခါနာန်အမျိုးသမီးနှစ်ယောက်နှင့်လည်းကောင်း၊ ဣရှမေလသမီးတည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တစ်ယောက်နှင့်လည်းကောင်း၊ အိမ်ထောင်လေ၏။ ဧသောမယား အာဒဖွားသောသားကား၊ ဧလိဖတ်၊ ဗာရှမတ် ဖွားသောသားရွေလတည်း။ အဟောလိဗာမဖွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။ ဤသူတို့ကား၊ ခါနာန်ပြည်၌ ဧသောမြင်သောသားတည်း။ ဧသောသည် မယားသားသမီးနှင့်တကွ၊ အိမ်သူအိမ်သားအပေါင်းတို့ကိုလည်းကောင်း၊ သိုးနွားစသည်တို့နှင့် တိရစ္ဆာန်ရှိသမျှတို့ကိုလည်းကောင်း၊ ခါနာန်ပြည်၌ရတတ်သော ဥစ္စာရှိသမျှတို့ကိုလည်းကောင်းယူ၍၊ ညီယာကုပ်ထံမှ ပြောင်းသွားလေ၏။ အကြောင်းမူကား၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာများလွန်းသောကြောင့် တစ်ရပ်တည်းမနေနိုင်ကြ။ သူတို့နေရာမြေသည်၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ။ သို့ဖြစ်၍ ဧဒုံအမည်ရှိသောဧသောသည် စိရတောင်ပေါ်မှာနေလေ၏။ စိရတောင်ပေါ်မှာ ဧဒုံအမျိုးသားတို့၏အဘ ဧသော၏သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။ ဧသော၏သားတို့အမည်ကား၊ မယားအာဒဖွားသောသားဧလိဖတ်၊ မယားဗာရှမတ်ဖွားသောသားရွေလတည်း။ ဧလိဖတ်သားကား၊ တေမန်၊ ဩမရ၊ ဇေဖော၊ ဂါတံ၊ ကေနတ်တည်း။ ဧသောသားဧလိဖတ်၏မယားငယ်၊ တိမနဖွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယားအာဒ၏အနွယ်ဖြစ်သတည်း။ ရွေလသားကား၊ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။ ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွယ်ဖြစ်သတည်း။ ဇိဘောင်သား အာန၏သမီး၊ ဧသောမယားအဟောလိဗာမဖွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။ ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူကား၊ သားဦးဧလိဖတ်၏သား ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖော၊ ဗိုလ်ကေနတ်၊ ဗိုလ်ဂါတံ၊ ဗိုလ်အာမလက်တည်း။ ဤဗိုလ်တို့သည်အာဒ၏အနွယ်၊ ဧဒုံပြည်၌ ဧလိဖတ်ရသောသားဖြစ်သတည်း။ ဧသောသားရွေလ၏သားကား၊ ဗိုလ်နာဟတ်၊ ဗိုလ်ဇေရ၊ ဗိုလ်ရှမ္မ၊ ဗိုလ်မိဇ္ဇတည်း။ ဤဗိုလ်တို့သည် ဧသောမယားဗာရှမတ်၏အနွယ်၊ ဧဒုံပြည်၌ ရွေလရသောသားဖြစ်သတည်း။ ဧသောမယား အဟောလိဗာမ၏သားကား၊ ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရတည်း။ ဤဗိုလ်တို့သည် အာန၏သမီး၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း။ ဧဒုံအမည်ရှိသော ဧသော၏သားမြေးများ၊ သူတို့တွင် ဗိုလ်လုပ်သောသူများ၊ ဤသို့တည်း။ ထိုပြည်၌နေသောဟောရိအမျိုး၊ စိရ၏သားကား၊ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။ ဤသူတို့သည် ဧဒုံပြည်၌ဟောရိအမျိုး၊ စိရ၏သားတို့တွင် ဗိုလ်လုပ်သောသူဖြစ်သတည်း။ လောတန်သားကား၊ ဟောရိနှင့် ဟေမံတည်း။ လောတန်နှမကား တိမနတည်း။ ရှောဗလသားကား၊ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖော၊ ဩနံတည်း။ ဇိဘောင်သားကား၊ အာယနှင့် အာနတည်း။ ထိုအာနကား၊ အဘဇိဘောင်၏ မြည်းတို့ကို ထိန်းသောအခါ၊ တော၌နွေးသောစမ်းရေတွင်းတို့ကိုတွေ့သော သူပေတည်း။ အာနသားကား၊ ဒိရှုန်နှင့် သမီးအဟောလိဗာမတည်း။ ဒိရှုန်သားကား၊ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တည်း။ ဧဇာသားကား၊ ဗိလဟန်၊ ဇာဝန်၊ အာကန်တည်း။ ဒိရှန်သားကား၊ ဥဇနှင့် အာရန်တည်း။ ဟောရိအမျိုးဗိုလ်များကား၊ ဗိုလ်လောတန်၊ ဗိုလ်ရှောဗလ၊ ဗိုလ်ဇိဘောင်၊ ဗိုလ်အာန၊ ဗိုလ်ဒိရှုန်၊ ဗိုလ်ဧဇာ၊ ဗိုလ်ဒိရှန်တည်း။ ဤသူတို့သည် စိရပြည်၌ ဗိုလ်လုပ်သောသူတို့တွင်၊ ဟောရိအမျိုးဗိုလ်ဖြစ်သတည်း။ ဣသရေလအမျိုး၌ အစိုးရသောမင်းကြီးမရှိမီ၊ ဧဒုံပြည်၌အစိုးရသောမင်းကြီးဟူမူကား၊ ဗောရသားဗေလာသည် ဧဒုံပြည်၌မင်းပြု၏။ မြို့တော်ကား၊ ဒိန္နာဗာမြို့တည်း။ ဗေလာမင်းသေ၍ သူ၏အရာ၌ ဗောဇရအရပ်သား၊ ဇေရ၏သားယောဗပ်သည် မင်းပြုလေ၏။ ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိအရပ်သားဟုရှံသည် မင်းပြုလေ၏။ ဟုရှံမင်းသေ၍၊ မောဘလွင်ပြင်၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သား ဟာဒဒ်သည်၊ ဟုရှံအရာ၌မင်းပြုလေ၏။ မြို့တော်ကား၊ အာဝိတ်မြို့တည်း။ ဟာဒဒ်မင်းသေ၍၊ သူ၏အရာ၌ မာသရက်အရပ်သား စာမလသည် မင်းပြုလေ၏။ စာမလမင်းသေ၍၊ သူ၏အရာ၌ မြစ်နားမှာနေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြုလေ၏။ ရှောလမင်းသေ၍သူ၏အရာ၌၊ အာခဗော်သား ဗာလဟာနန်သည် မင်းပြုလေ၏။ အာခဗော်သားဗာလဟာနန်မင်းသေ၍ သူ၏အရာ၌ ဟာဒါသည်မင်းပြုလေ၏။ မြို့တော်ကား၊ ပေါမြို့တည်း။ မြောက်သားတော်ကား၊ မေဇဟပ်သမီး မာတရက်၏သမီးမဟေတဗေလတည်း။ ဧသောမှဆင်းသက်၍ မိမိအမျိုးအနွယ်၊ နေရာအရပ်၊ ခံရသောဘွဲ့နာမအလိုက်၊ ဗိုလ်လုပ်သောသူဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ်ယေသက်၊ ဗိုလ်အဟောလိဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ်ပိနုန်၊ ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇာ၊ ဗိုလ်မာဂဒျေလ၊ ဗိုလ်ဣရံတည်း။ ဤသူတို့သည်မိမိနေရာအရပ်၊ မိမိပိုင်သောပြည်၌၊ ဧဒုံဗိုလ်များဖြစ်သတည်း။ ဧသောသည် ဧဒုံအမျိုးသားတို့၏အဘဖြစ်သတည်း။
ကမ္ဘာဦး 36:1-43 Common Language Bible (BCL)
ဧဒုံဟူ၍လည်းနာမည်တွင်သောဧသော ၏အဆက်အနွယ်တို့ကိုဖော်ပြပေအံ့။- ဧသောသည်ခါနာန်ပြည်အမျိုးသမီးများ နှင့်အိမ်ထောင်ကျသည်။ သူ၏မယားများမှာ ဟိတ္တိအမျိုးသားဧလုန်၏သမီးအာဒ၊ ဟိဝိ အမျိုးသားဇိဘောင်၏သားဖြစ်သူအာန၏ သမီးအဟောလိဗာမ၊ ဣရှမေလ၏သမီး တည်းဟူသော၊- နဗာယုတ်၏နှမဖြစ်သူဗာရှမတ်ဖြစ် သတည်း။- အာဒသည်သားဧလိဖတ်ကိုလည်းကောင်း၊ ဗာရှမတ်သည်သားရွေလကိုလည်းကောင်း၊- အဟောလိဗာမသည်သားယုရှ၊ ယာလံနှင့် ကောရတို့ကိုလည်းကောင်းဖွားမြင်လေသည်။ ဤသားတို့သည်ခါနာန်ပြည်တွင်ဖွားမြင် သောဧသော၏သားများဖြစ်ကြသည်။ ဧသောသည်သူ၏မယားများ၊ သားသမီး များ၊ အိမ်သူအိမ်သားများနှင့်တကွသိုး၊ ဆိတ်စသောတိရစ္ဆာန်များ၊ ခါနာန်ပြည်တွင် စုဆောင်းမိသမျှသောပစ္စည်းဥစ္စာများကို ယူဆောင်လျက်ညီယာကုပ်ထံမှအခြား ပြည်သို့ထွက်ခွာသွားလေသည်။- သူနှင့်ယာကုပ်တို့တွင်သိုး၊ ဆိတ်စသော တိရစ္ဆာန်အလွန်များပြားလာသဖြင့် စားနပ် ရိက္ခာမလောက်မငဖြစ်၍တစ်ရပ်တည်း၌ အတူမနေနိုင်ကြချေ။- သို့ဖြစ်၍ဧသောသည်ဧဒုံတောင်တန်းဒေသ သို့ပြောင်းရွှေ့နေထိုင်လေသည်။ ဧဒုံတောင်တန်းဒေသတွင်နေထိုင်သော ဧဒုံ အမျိုးသားတို့၏ဖခင်ဧသော၏ အဆက် အနွယ်တို့ကိုဖော်ပြပေအံ့။- ဧသော၏မယားအာဒနှင့်ရသောသားမှာ ဧလိဖတ်ဖြစ်၏။ ဧလိဖတ်တွင်တေမန်၊ သြမရ၊ ဇေဖော၊ ဂါတံ၊ ကေနတ်ဟူ၍သားငါးယောက် ရှိ၏။ ဧလိဖတ်တွင်မယားငယ်တိမနနှင့်အာ မလက်နာမည်ရှိသောသားတစ်ယောက်ရသေး၏။ ဧသော၏မယားဗာရှမတ်နှင့်ရသောသား မှာရွေလဖြစ်၏။ ရွေလတွင်နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇဟူ၍သားလေးယောက်ရှိ၏။ ဇိဘောင်၏သားအာန၏သမီးဖြစ်သောဧသော ၏မယား အဟောလိဗာမတွင်ယုရှ၊ ယာလံ၊ ကောရဟူ၍သားသုံးယောက်ရှိ၏။ ဧသောမှဆင်းသက်သောအနွယ်တို့ကိုဖော်ပြ ပေအံ့။ ဧသော၏သားဦးဧလိဖတ်သည်အနွယ် များဖြစ်ကြသောတေမန်၊ သြမရ၊ ဇေဖော၊ ကေနတ်၊- ကောရ၊ ဂါတံ၊ အာမလက်တို့၏ဘိုးဘေးဖြစ် ၏။ ဤသူတို့သည်ဧသော၏မယားအာဒ၏ အဆက်အနွယ်များဖြစ်ကြ၏။ ဧသော၏သားရွေလသည်အနွယ်အကြီးအကဲ ဖြစ်ကြသော နာဟတ်၊ ဇေရ၊ ရှမ္မနှင့်မိဇ္ဇတို့၏ဘိုးဘေး ဖြစ်၏။ ဤသူတို့သည်ဧသော၏မယားဗာရှမတ် ၏အဆက်အနွယ်များဖြစ်ကြ၏။ ဧသော၏မယားအာန၏သမီးဖြစ်သူ အဟော လိဗာမမှဆင်းသက်သောအနွယ်သည်ကား ယုရှ၊ ယာလံနှင့်ကောရတို့ဖြစ်ကြသည်။- ဤအနွယ်အားလုံးတို့သည်ဧသောမှဆင်းသက် လာကြ၏။ ဧဒုံအရပ်တွင်မူလနေထိုင်သူတို့သည်ဟောရိ အမျိုးသားစိရ၏သားတို့မှဆင်းသက်လာ သောအဆက်အနွယ်များဖြစ်ကြသည်။ ထိုသား တို့မှာလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့ဖြစ်ကြသည်။ လောတန်သည်ဟောရိနှင့်ဟေမံမိသားစုတို့ ၏ဘိုးဘေးဖြစ်သည်။ (လောတန်၏နှမမှာတိမန ဖြစ်သည်။) ရှောဗလသည်အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖောနှင့်သြနံမိသားစုတို့၏ဘိုးဘေးဖြစ် သည်။ ဇိဘောင်တွင်အာယနှင့်အာနဟူ၍သားနှစ် ယောက်ရှိ၏။ (အာနသည်ဖခင်ဇိဘောင်၏မြည်း များကိုကျောင်းနေစဉ်တောကန္တာရထဲ၌ရေ ပူစမ်းများကိုရှာတွေ့သူဖြစ်သည်။-) အာနတွင်သားဒိရှုန်နှင့်သမီးအဟောလိ ဗာမတို့ရှိ၏။ ဒိရှုန်သည်ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်နှင့်ခေရန် မိသားစုတို့၏ဘိုးဘေးဖြစ်သည်။ ဧဇာသည်ဗိလဟန်၊ ဇာဝန်နှင့်အာကန်မိသား စုတို့၏ဘိုးဘေးဖြစ်သည်။ ဒိရှန်သည်ဥဇနှင့်အာရန်မိသားစုတို့၏ ဘိုးဘေးဖြစ်သည်။ ဧဒုံပြည်ရှိဟောရိအမျိုးသားတို့၏အနွယ် များသည်ကားလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့ဖြစ်သတည်း။ ဣသရေလအမျိုးသားတို့တွင်ဘုရင်များ မပေါ်မရှိမီဧဒုံပြည်ကိုအုပ်စိုးသောမင်း ဆက်တို့ကိုဖော်ပြပေအံ့။ ဗောရ၏သားဗေလာသည်ဒိန္နာဗာမြို့တော်၌ အုပ်စိုး၏။ ဗေလာဘုရင်အနိစ္စရောက်သောအခါဗောဇရ မြို့သား ဇေရ၏သားယောဗပ်မင်းပြု၏။ ယောဗပ်အနိစ္စရောက်သောအခါတေမနိ မြို့သား ဟုရှံမင်းပြု၏။ ဟုရှံအနိစ္စရောက်သောအခါမောဘပြည်တွင် မိဒျန်အမျိုးသားတို့ကို စစ်တိုက်၍အောင်မြင်ခဲ့သူဗေဒဒ်၏သားဟာဒဒ် မင်းပြု၏။ ထိုမင်း၏မြို့တော်မှာအာဝိတ်မြို့ဖြစ်၏။ ဟာဒဒ်အနိစ္စရောက်သောအခါမာသရက် မြို့သား စာမလမင်းပြု၏။ စာမလအနိစ္စရောက်သောအခါမြစ်ကမ်းမြို့ ဖြစ်သော ရဟောဘုတ်မြို့သားရှောလမင်းပြု၏။ ရှောလအနိစ္စရောက်သောအခါအာခဗော် ၏သား ဗာလဟာနန်မင်းပြု၏။ ဗာလဟာနန်အနိစ္စရောက်သောအခါဟာဒါ မင်းပြု၏။ ထိုမင်း၏မြို့တော်မှာပေါမြို့ဖြစ်သည်။ (သူ၏ဇနီးမှာမာတရက်၏သမီး၊မေဇဟပ်၏ မြေးမဟေတဗေလဖြစ်၏။) ဧသောမှဆင်းသက်သောဧဒုံအနွယ်များမှာ တိမနာ၊ အာလဝ၊ ယေသက်၊ အဟောလိဗာမ၊ ဧလာ၊ ပိနုန်၊ ကေနတ်၊ တေမန်၊ မိဗဇာ၊ မာဂ ဒျေလနှင့်ဣရံတို့ဖြစ်ကြသည်။ ဤဧဒုံ အနွယ်တို့သည်သူတို့၏နာမည်ဖြင့်ခေါ် တွင်သောဒေသအသီးသီးတို့တွင်နေ ထိုင်ကြလေသည်။
ကမ္ဘာဦး 36:1-43 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဧဒုံ ခေါ် ဧသော၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ ဧသောသည် ခါနာန်အမျိုးသမီးတို့နှင့်အိမ်ထောင်ပြု၏။ ထိုသူတို့မှာ ဟိတ္တိလူမျိုးဧလုန်၏သမီးအာဒနှင့် ဟိဝိလူမျိုးဇိဘောင်၏မြေး၊ အာန၏သမီးအဟောလိဗာမ တို့ဖြစ်ကြ၏။ ထို့ပြင် နဗာယုတ်၏နှမ ဣရှမေလ၏သမီးဗာရှမတ်နှင့် အိမ်ထောင်ပြု၏။ အာဒသည် ဧသောအတွက် ဧလိဖတ်ကိုမွေးဖွား၍ ဗာရှမတ်သည် ရွေလကိုမွေးဖွား၏။ အဟောလိဗာမသည် ယုရှ၊ ယာလံနှင့်ကောရ တို့ကိုမွေးဖွား၏။ ဤသူတို့ကား ခါနာန်ပြည်၌မွေးဖွားသော ဧသော၏သားများဖြစ်ကြ၏။ ဧသောသည် သူ၏မယားများ၊ သားသမီးများနှင့် အိမ်သူအိမ်သားအပေါင်းတို့ကိုလည်းကောင်း၊ သူ၏သိုးနွားမှစ၍ တိရစ္ဆာန်ရှိသမျှတို့ကိုလည်းကောင်း၊ ခါနာန်ပြည်၌ သူစုဆောင်းရရှိသောဥစ္စာရှိသမျှတို့ကိုလည်းကောင်း ယူ၍ သူ၏ညီယာကုပ်နှင့်ဝေးရာပြည်သို့ ထွက်သွားလေ၏။ အကြောင်းမူကား သူတို့၏ဥစ္စာများလွန်း၍ သူတို့သည် အတူမနေထိုင်နိုင်ပေ။ သူတို့၏တိရစ္ဆာန်များအတွက်လည်း သူတို့တည်းခိုနေထိုင်သောပြည်၌ စားကျက်မြေမလုံလောက်ပေ။ သို့ဖြစ်၍ ဧသောသည် စိရပြည်တောင်ပေါ်ဒေသ၌ နေထိုင်လေ၏။ ဧသောသည် ဧဒုံဖြစ်၏။ စိရပြည်တောင်ပေါ်ဒေသ၌နေထိုင်သောဧဒုံလူမျိုး၏ဘိုးဘေးဖြစ်သည့် ဧသော၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။ ဧသော၏မယားအာဒမွေးသောသားမှာ ဧလိဖတ်၊ ဧသော၏မယားဗာရှမတ်မွေးသောသားမှာ ရွေလ ဖြစ်၏။ ဤသည်ကား ဧသော၏သားများဖြစ်ကြ၏။ ဧလိဖတ်၏သားများမှာ တေမန်၊ ဩမရ၊ ဇေဖော၊ ဂါတံ၊ ကေနတ် တို့ဖြစ်ကြ၏။ ဧသော၏သား ဧလိဖတ်၏မယားငယ်တိမနသည်လည်း ဧလိဖတ်အတွက် အာမလက်ကိုမွေးဖွား၏။ ဤသူတို့ကား ဧသော၏မယား အာဒ၏သားမြေးများဖြစ်ကြ၏။ ရွေလ၏သားများမှာ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇ တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧသော၏မယား ဗာရှမတ်၏သားမြေးများဖြစ်ကြ၏။ ဇိဘောင်၏မြေး အာနသမီး ဧသော၏မယားအဟောလိဗာမသည် ဧသောအတွက် ယုရှ၊ ယာလံ၊ ကောရ တို့ကိုမွေးဖွား၏။ ဤသူတို့သည် အဟောလိဗာမ၏သားများဖြစ်ကြ၏။ ဧသော၏သားမြေးတို့တွင် အမျိုးအနွယ်သူကြီးများမှာ ဧသော၏သားဦး ဧလိဖတ်၏သား သူကြီးတေမန်၊ သူကြီးဩမရ၊ သူကြီးဇေဖော၊ သူကြီးကေနတ်၊ သူကြီးကောရ၊ သူကြီးဂါတံ၊ သူကြီးအာမလက်တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧဒုံပြည်၌ ဧလိဖတ်မှဆင်းသက်လာသော အမျိုးအနွယ်သူကြီးများ၊ အာဒ၏သားမြေးများ ဖြစ်ကြ၏။ ဧသော၏သားဖြစ်သောရွေလ၏သားများမှာ သူကြီးနာဟတ်၊ သူကြီးဇေရ၊ သူကြီးရှမ္မ၊ သူကြီးမိဇ္ဇ တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧဒုံပြည်၌ ရွေလမှဆင်းသက်သောအမျိုးအနွယ်သူကြီးများ၊ ဧသော၏မယားဗာရှမတ်၏သားမြေးများဖြစ်ကြ၏။ ဧသော၏မယားအဟောလိဗာမ၏သားများမှာ သူကြီးယုရှ၊ သူကြီးယာလံ၊ သူကြီးကောရ တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧသော၏မယား အာန၏သမီးအဟောလိဗာမမှဆင်းသက်သောအမျိုးအနွယ်သူကြီးများဖြစ်ကြ၏။ ဤသူတို့ကား ဧဒုံ ခေါ် ဧသော၏သားမြေးများ၊ အမျိုးအနွယ်သူကြီးများဖြစ်ကြ၏။ ဧဒုံပြည်၌ မူလနေထိုင်သူဟောရိလူမျိုးစိရ၏သားတို့မှာ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာ၊ ဒိရှန် တို့ဖြစ်ကြ၏။ ဤသူတို့သည် ဧဒုံပြည်ရှိ စိရ၏သားများတည်းဟူသော ဟောရိလူမျိုး၏အမျိုးအနွယ်သူကြီးများဖြစ်ကြ၏။ လောတန်၏သားများမှာ ဟောရိ၊ ဟေမံတို့ဖြစ်ကြ၏။ လောတန်၏နှမမှာ တိမနဖြစ်၏။ ရှောဗလ၏သားများမှာ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖော၊ ဩနံ တို့ဖြစ်ကြ၏။ ဇိဘောင်၏သားများမှာ အာယ၊ အာန တို့ဖြစ်ကြ၏။ အာနသည် မိမိဖခင်ဇိဘောင်၏မြည်းများကို ထိန်းကျောင်းစဉ် တောကန္တာရ၌ ရေပူစမ်းတို့ကိုတွေ့ရှိသောသူဖြစ်၏။ အာန၏သားမှာ ဒိရှုန် ဖြစ်၏။ အာန၏သမီးမှာ အဟောလိဗာမဖြစ်၏။ ဒိရှုန်၏သားများမှာ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန် တို့ဖြစ်ကြ၏။ ဧဇာ၏သားများမှာ ဗိလဟန်၊ ဇာဝန်၊ အာကန်တို့ဖြစ်ကြ၏။ ဒိရှန်၏သားများမှာ ဥဇ၊ အာရန် တို့ဖြစ်ကြ၏။ ဟောရိလူမျိုး၏အမျိုးအနွယ်သူကြီးများမှာ သူကြီးလောတန်၊ သူကြီးရှောဗလ၊ သူကြီးဇိဘောင်၊ သူကြီးအာန၊ သူကြီးဒိရှုန်၊ သူကြီးဧဇာ၊ သူကြီးဒိရှန် တို့ဖြစ်ကြ၏။ ဤသူတို့ကား စိရပြည်၌ အမျိုးအနွယ်အလိုက်သူကြီးဖြစ်ကြသော ဟောရိလူမျိုးတို့၏အမျိုးအနွယ်သူကြီးများဖြစ်ကြ၏။ အစ္စရေးအမျိုးသားတို့ကိုစိုးစံသောဘုရင်မရှိမီ ဧဒုံပြည်ကိုစိုးစံသောဘုရင်များမှာ ဤသူတို့တည်း။ ဗောရသားဗေလသည် ဧဒုံပြည်ကိုစိုးစံ၏။ သူ၏မြို့တော်အမည်မှာ ဒိန္နာဗာ ဖြစ်၏။ ဗေလမင်းကြီးအနိစ္စရောက်သောအခါ ဗောဇရမြို့မှ ဇေရ၏သား ယောဗပ်သည် သူ့နေရာ၌စိုးစံလေ၏။ ယောဗပ်မင်းကြီးအနိစ္စရောက်သောအခါ တေမန်အမျိုးသားတို့၏ပြည်မှ ဟုရှံသည် သူ့နေရာ၌စိုးစံလေ၏။ ဟုရှံမင်းကြီးအနိစ္စရောက်သောအခါ မောဘလွင်ပြင်၌ မိဒျန်လူမျိုးတို့ကိုနှိမ်နင်းနိုင်ခဲ့သော ဗေဒဒ်၏သားဟာဒဒ်သည် သူ့နေရာ၌စိုးစံ၍ မြို့တော်မှာ အာဝိတ် ဖြစ်၏။ ဟာဒဒ်မင်းကြီးအနိစ္စရောက်သောအခါ မာသရက်အရပ်သားစာမလသည် သူ့နေရာ၌စိုးစံလေ၏။ စာမလမင်းကြီးအနိစ္စရောက်သောအခါ ယူဖရေးတီးမြစ်နား၌ရှိသော ရဟောဘုတ်အရပ်သားရှောလသည် သူ့နေရာ၌စိုးစံလေ၏။ ရှောလမင်းကြီးအနိစ္စရောက်သောအခါ အာခဗော်၏သား ဗာလဟာနန်သည် သူ့နေရာ၌စိုးစံလေ၏။ အာခဗော်၏သား ဗာလဟာနန်မင်းကြီးအနိစ္စရောက်သောအခါ ဟာဒါသည် သူ့နေရာ၌စိုးစံ၍ မြို့တော်မှာ ပေါမြို့ ဖြစ်၏။ သူ၏မိဖုရားအမည်မှာ မဟေတဗေလဖြစ်ပြီး သူသည် မေဇဟပ်၏မြေး မာတရက်၏သမီးဖြစ်၏။ ဧသောအမျိုးအနွယ်သူကြီးတို့၏အမည်များကို သူတို့မျိုးနွယ်စုအလိုက်၊ သူတို့နေရပ်အလိုက်၊ သူတို့အမည်အလိုက် ဖော်ပြသော် သူကြီးတိမန၊ သူကြီးအာလဝ၊ သူကြီးယေသက်၊ သူကြီးအဟောလိဗာမ၊ သူကြီးဧလာ၊ သူကြီးပိနုန်၊ သူကြီးကေနတ်၊ သူကြီးတေမန်၊ သူကြီးမိဗဇာ၊ သူကြီးမာဂဒေလ၊ သူကြီးဣရံ တို့ဖြစ်ကြ၏။ ဤသူတို့သည် မိမိတို့ပိုင်ဆိုင်ရာပြည်၊ မိမိတို့နေရပ်အလိုက် ဧဒုံသူကြီးများဖြစ်ကြ၏။ ဧသောသည် ဧဒုံလူမျိုးတို့၏ဘိုးဘေးဖြစ်၏။