YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 36

36
ဧ​သော​၏​အ​ဆက်​အ​နွယ်​များ
(၅ ရာ၊ ၁:၃၄-၃၇)
1ဧ​ဒုံ​အ​မည်​ရှိ​သော ဧ​သော​အ​မျိုး​အ​နွယ်၏ အ​တ္ထု​ပ္ပ​တ္တိ​များ​ဟူ​မူ​ကား၊ 2ဧ​သော​သည် ဟိ​တ္တိ​အ​မျိုး ဧ​လုန်၏​သ​မီး အာ​ဒ​တစ်​ယောက်၊ ဟိ​ဝိ​အ​မျိုး​ဇိ​ဘောင်​သား အာ​န၏​သ​မီး​အ​ဟော​လိ​ဗာ​မ​တစ်​ယောက်၊ ခါ​နာန်​အ​မျိုး​သ​မီး​နှစ်​ယောက်​နှင့်​လည်း​ကောင်း၊#က၊ ၂၆:၃၄။ 3ဣ​ရှ​မေ​လ​သ​မီး​တည်း​ဟူ​သော န​ဗာ​ယုတ်​နှ​မ ဗာ​ရှ​မတ်​တစ်​ယောက်​နှင့်​လည်း​ကောင်း၊ အိမ်​ထောင်​လေ၏။#က၊ ၂၈:၉။ 4ဧ​သော​မ​ယား အာ​ဒ​ဖွား​သော​သား​ကား၊ ဧ​လိ​ဖတ်၊ ဗာ​ရှ​မတ် ဖွား​သော​သား​ရွေ​လ​တည်း။ 5အ​ဟော​လိ​ဗာ​မ​ဖွား​သော​သား​ကား၊ ယု​ရှ၊ ယာ​လံ၊ ကော​ရ​တည်း။ ဤ​သူ​တို့​ကား၊ ခါ​နာန်​ပြည်၌ ဧ​သော​မြင်​သော​သား​တည်း။
6ဧ​သော​သည် မ​ယား​သား​သ​မီး​နှင့်​တ​ကွ၊ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သိုး​နွား​စ​သည်​တို့​နှင့် တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ခါ​နာန်​ပြည်၌​ရ​တတ်​သော ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း​ယူ၍၊ ညီ​ယာ​ကုပ်​ထံ​မှ ပြောင်း​သွား​လေ​၏။ 7အ​ကြောင်း​မူ​ကား၊ ထို​သူ​နှစ်​ပါး​တို့​သည် ဥ​စ္စာ​များ​လွန်း​သော​ကြောင့် တစ်​ရပ်​တည်း​မ​နေ​နိုင်​ကြ။ သူ​တို့​နေ​ရာ​မြေ​သည်၊ သူ​တို့​တိ​ရ​စ္ဆာန်​များ​ကြောင့် မ​ဆံ့​နိုင်​ရာ။ 8သို့​ဖြစ်၍ ဧ​ဒုံ​အ​မည်​ရှိ​သော​ဧ​သော​သည် စိ​ရ​တောင်​ပေါ်​မှာ​နေ​လေ​၏။
9စိ​ရ​တောင်​ပေါ်​မှာ ဧ​ဒုံ​အ​မျိုး​သား​တို့၏​အ​ဘ ဧ​သော၏​သား​စဉ်​မြေး​ဆက်​တို့​ကို ဆို​ပေ​အံ့။ 10ဧ​သော၏​သား​တို့​အ​မည်​ကား၊ မ​ယား​အာ​ဒ​ဖွား​သော​သား​ဧ​လိ​ဖတ်၊ မ​ယား​ဗာ​ရှ​မတ်​ဖွား​သော​သား​ရွေ​လ​တည်း။ 11ဧ​လိ​ဖတ်​သား​ကား၊ တေ​မန်၊ ဩ​မ​ရ၊ ဇေ​ဖော၊ ဂါ​တံ၊ ကေ​နတ်​တည်း။ 12ဧ​သော​သား​ဧ​လိ​ဖတ်၏​မ​ယား​ငယ်၊ တိ​မ​န​ဖွား​သော​သား​ကား၊ အာ​မ​လက်​တည်း။ ဤ​သူ​တို့​သည် ဧ​သော​မ​ယား​အာ​ဒ၏​အ​နွယ်​ဖြစ်​သ​တည်း။ 13ရွေ​လ​သား​ကား၊ နာ​ဟတ်၊ ဇေ​ရ၊ ရှ​မ္မ၊ မိ​ဇ္ဇ​တည်း။ ဤ​သူ​တို့​သည် ဧ​သော​မ​ယား ဗာ​ရှ​မတ်၏​အ​နွယ်​ဖြစ်​သ​တည်း။ 14ဇိ​ဘောင်​သား အာ​န၏​သ​မီး၊ ဧ​သော​မ​ယား​အ​ဟော​လိ​ဗာ​မ​ဖွား​သော​သား​ကား၊ ယု​ရှ၊ ယာ​လံ၊ ကော​ရ​တည်း။
15ဧ​သော​သား​တို့​တွင် ဗိုလ်​လုပ်​သော​သူ​ဟူ​မူ​ကား၊ သား​ဦး​ဧ​လိ​ဖတ်၏​သား ဗိုလ်​တေ​မန်၊ ဗိုလ်​ဩ​မ​ရ၊ ဗိုလ်​ဇေ​ဖော၊ ဗိုလ်​ကေ​နတ်၊ 16ဗိုလ်​ဂါ​တံ၊ ဗိုလ်​အာ​မ​လက်​တည်း။ ဤ​ဗိုလ်​တို့​သည်​အာ​ဒ၏​အ​နွယ်၊ ဧ​ဒုံ​ပြည်၌ ဧ​လိ​ဖတ်​ရ​သော​သား​ဖြစ်​သ​တည်း။ 17ဧ​သော​သား​ရွေ​လ၏​သား​ကား၊ ဗိုလ်​နာ​ဟတ်၊ ဗိုလ်​ဇေ​ရ၊ ဗိုလ်​ရှ​မ္မ၊ ဗိုလ်​မိ​ဇ္ဇ​တည်း။ ဤ​ဗိုလ်​တို့​သည် ဧ​သော​မ​ယား​ဗာ​ရှ​မတ်၏​အ​နွယ်၊ ဧ​ဒုံ​ပြည်၌ ရွေ​လ​ရ​သော​သား​ဖြစ်​သ​တည်း။ 18ဧ​သော​မ​ယား အ​ဟော​လိ​ဗာ​မ၏​သား​ကား၊ ဗိုလ်​ယု​ရှ၊ ဗိုလ်​ယာ​လံ၊ ဗိုလ်​ကော​ရ​တည်း။ ဤ​ဗိုလ်​တို့​သည် အာ​န၏​သ​မီး၊ ဧ​သော​မ​ယား အ​ဟော​လိ​ဗာ​မ​သား ဖြစ်​သ​တည်း။ 19ဧ​ဒုံ​အ​မည်​ရှိ​သော ဧ​သော၏​သား​မြေး​များ၊ သူ​တို့​တွင် ဗိုလ်​လုပ်​သော​သူ​များ၊ ဤ​သို့​တည်း။
စိ​ရ​၏​အ​ဆက်​အ​နွယ်​များ
(၅ ရာ၊ ၁:၃၈-၄၂)
20ထို​ပြည်၌​နေ​သော​ဟော​ရိ​အ​မျိုး၊ စိ​ရ၏​သား​ကား၊ လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ 21ဒိ​ရှုန်၊ ဧ​ဇာ၊ ဒိ​ရှန်​တည်း။ ဤ​သူ​တို့​သည် ဧ​ဒုံ​ပြည်၌​ဟော​ရိ​အ​မျိုး၊ စိ​ရ၏​သား​တို့​တွင် ဗိုလ်​လုပ်​သော​သူ​ဖြစ်​သ​တည်း။ 22လော​တန်​သား​ကား၊ ဟော​ရိ​နှင့် ဟေ​မံ​တည်း။ လော​တန်​နှ​မ​ကား တိ​မ​န​တည်း။ 23ရှော​ဗ​လ​သား​ကား၊ အာ​လ​ဝန်၊ မ​နာ​ဟတ်၊ ဧ​ဗ​လ၊ ရှေ​ဖော၊ ဩ​နံတည်း။ 24ဇိ​ဘောင်​သား​ကား၊ အာ​ယ​နှင့် အာ​န​တည်း။ ထို​အာ​န​ကား၊ အ​ဘ​ဇိ​ဘောင်၏ မြည်း​တို့​ကို ထိန်း​သော​အ​ခါ၊ တော၌​နွေး​သော​စမ်း​ရေ​တွင်း​တို့​ကို​တွေ့​သော သူ​ပေ​တည်း။ 25အာ​န​သား​ကား၊ ဒိ​ရှုန်​နှင့် သ​မီး​အ​ဟော​လိ​ဗာ​မ​တည်း။ 26ဒိ​ရှုန်​သား​ကား၊ ဟင်္ဒန်၊ ဧ​ရှ​ဗန်၊ ဣ​သ​ရန်၊ ခေ​ရန်​တည်း။ 27ဧ​ဇာ​သား​ကား၊ ဗိ​လ​ဟန်၊ ဇာ​ဝန်၊ အာ​ကန်​တည်း။ 28ဒိ​ရှန်​သား​ကား၊ ဥ​ဇ​နှင့် အာ​ရန်​တည်း။ 29ဟော​ရိ​အ​မျိုး​ဗိုလ်​များ​ကား၊ ဗိုလ်​လော​တန်၊ ဗိုလ်​ရှော​ဗ​လ၊ ဗိုလ်​ဇိ​ဘောင်၊ ဗိုလ်​အာ​န၊ 30ဗိုလ်​ဒိ​ရှုန်၊ ဗိုလ်​ဧ​ဇာ၊ ဗိုလ်​ဒိ​ရှန်​တည်း။ ဤ​သူ​တို့​သည် စိ​ရ​ပြည်၌ ဗိုလ်​လုပ်​သော​သူ​တို့​တွင်၊ ဟော​ရိ​အ​မျိုး​ဗိုလ်​ဖြစ်​သ​တည်း။
ဧ​ဒုံ​ဘု​ရင်​များ
(၅ ရာ၊ ၁:၄၃-၅၄)
31ဣ​သ​ရေ​လ​အ​မျိုး၌ အ​စိုး​ရ​သော​မင်း​ကြီး​မ​ရှိ​မီ၊ ဧ​ဒုံ​ပြည်၌​အ​စိုး​ရ​သော​မင်း​ကြီး​ဟူ​မူ​ကား၊ 32ဗော​ရ​သား​ဗေ​လာ​သည် ဧ​ဒုံ​ပြည်၌​မင်း​ပြု၏။ မြို့​တော်​ကား၊ ဒိ​န္နာ​ဗာ​မြို့​တည်း။ 33ဗေ​လာ​မင်း​သေ၍ သူ၏​အ​ရာ၌ ဗော​ဇ​ရ​အ​ရပ်​သား၊ ဇေ​ရ၏​သား​ယော​ဗပ်​သည် မင်း​ပြု​လေ၏။ 34ယော​ဗပ်​မင်း​သေ၍၊ သူ၏​အ​ရာ၌ တေ​မ​နိ​အ​ရပ်​သား​ဟု​ရှံ​သည် မင်း​ပြု​လေ၏။ 35ဟု​ရှံ​မင်း​သေ၍၊ မော​ဘ​လွင်​ပြင်၌ မိ​ဒျန်​လူ​တို့​ကို လုပ်​ကြံ​သော​သူ၊ ဗေ​ဒဒ်​သား ဟာ​ဒဒ်​သည်၊ ဟု​ရှံ​အ​ရာ၌​မင်း​ပြု​လေ၏။ မြို့​တော်​ကား၊ အာ​ဝိတ်​မြို့​တည်း။ 36ဟာ​ဒဒ်​မင်း​သေ၍၊ သူ၏​အ​ရာ၌ မာ​သ​ရက်​အ​ရပ်​သား စာ​မ​လ​သည် မင်း​ပြု​လေ၏။ 37စာ​မ​လ​မင်း​သေ၍၊ သူ၏​အ​ရာ၌ မြစ်​နား​မှာ​နေ​သော ရ​ဟော​ဘုတ်​အ​ရပ်​သား ရှော​လ​သည် မင်း​ပြု​လေ၏။ 38ရှော​လ​မင်း​သေ၍​သူ၏​အ​ရာ၌၊ အာ​ခ​ဗော်​သား ဗာ​လ​ဟာ​နန်​သည် မင်း​ပြု​လေ၏။ 39အာ​ခ​ဗော်​သား​ဗာ​လ​ဟာ​နန်​မင်း​သေ၍ သူ၏​အ​ရာ၌ ဟာ​ဒါ​သည်​မင်း​ပြု​လေ၏။ မြို့​တော်​ကား၊ ပေါ​မြို့​တည်း။ မြောက်​သား​တော်​ကား၊ မေ​ဇ​ဟပ်​သ​မီး မာ​တ​ရက်၏​သ​မီး​မ​ဟေ​တ​ဗေ​လ​တည်း။
40ဧ​သော​မှ​ဆင်း​သက်၍ မိ​မိ​အ​မျိုး​အ​နွယ်၊ နေ​ရာ​အ​ရပ်၊ ခံ​ရ​သော​ဘွဲ့​နာ​မ​အ​လိုက်၊ ဗိုလ်​လုပ်​သော​သူ​ဟူ​မူ​ကား၊ ဗိုလ်​တိ​မ​နာ၊ ဗိုလ်​အာ​လ​ဝ၊ ဗိုလ်​ယေ​သက်၊ 41ဗိုလ်​အ​ဟော​လိ​ဗာ​မ၊ ဗိုလ်​ဧ​လာ၊ ဗိုလ်​ပိ​နုန်၊ 42ဗိုလ်​ကေ​နတ်၊ ဗိုလ်​တေ​မန်၊ ဗိုလ်​မိ​ဗ​ဇာ၊ 43ဗိုလ်​မာ​ဂ​ဒျေ​လ၊ ဗိုလ်​ဣ​ရံ​တည်း။ ဤ​သူ​တို့​သည်​မိ​မိ​နေ​ရာ​အ​ရပ်၊ မိ​မိ​ပိုင်​သော​ပြည်၌၊ ဧ​ဒုံ​ဗိုလ်​များ​ဖြစ်​သ​တည်း။ ဧ​သော​သည် ဧ​ဒုံ​အ​မျိုး​သား​တို့၏​အ​ဘ​ဖြစ်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 36: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။