YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 35:1-29

ကမ္ဘာဦး 35:1-29 Judson Bible (JBMLE)

ထို​နောက် ဘု​ရား​သ​ခင်​က၊ သင်​ထ၍​ဗေ​သ​လ​အ​ရပ်​သို့​သွား​နေ​လော့။ သင်​သည် အစ်​ကို​ဧ​သော​ထံ​မှ​ပြေး​သော​အ​ခါ၊ သင့်​အား​ထင်​ရှား​သော ဘု​ရား​သ​ခင်​အ​ဖို့၊ ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​တည်​လော့​ဟု၊ ယာ​ကုပ်​အား​မိန့်​တော်​မူ၏။ ထို​အ​ခါ​ယာ​ကုပ်​သည်​အိမ်​သူ​အိမ်​သား​များ​နှင့်၊ မိ​မိ၌​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ သင်​တို့​တွင်​ပါ​သော၊ တစ်​ပါး​အ​မျိုး​သား​တို့၏​ဘု​ရား​တို့​ကို ပယ်​ပစ်​ကြ​လော့။ အ​ဝတ်​ကို​လဲ၍ သန့်​ရှင်း​ခြင်း​ရှိ​စေ​ကြ​လော့။ ယ​ခု​ထ၍ ဗေ​သ​လ​အ​ရပ်​သို့​သွား​ကြ​စို့။ ငါ​သည်​ဆင်း​ရဲ​ခံ​ရ​သော​ကာ​လ ငါ့​ကို​ထူး၍၊ ငါ​သွား​သော​လမ်း၌​ကြွ​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖို့ ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​ငါ​တည်​မည်​ဟု ဆို​လေ၏။ သူ​တို့​သည်​လည်း၊ မိ​မိ​တို့၌​ပါ​သော​တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​အ​ပေါင်း​တို့​နှင့်၊ နား၌​ပန်​သော​နား​ပန်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို၊ ယာ​ကုပ်​အား​ပေး၍၊ ယာ​ကုပ်​လည်း၊ ရှေ​ခင်​မြို့​နား​တွင်​ရှိ​သော သ​ပိတ်​ပင်​အောက်၌ မြှုပ်​ထား​လေ၏။ သူ​တို့​ပြောင်း​သွား​ကြ​သော​အ​ခါ၊ ပတ်​ဝန်း​ကျင်​မြို့​သား​တို့​သည်၊ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယာ​ကုပ်​သား​တို့​ကို မ​လိုက်​ဝံ့​ဘဲ​နေ​ကြ၏။ ယာ​ကုပ်​သည် မိ​မိ၌​ပါ​သော​သူ​အ​ပေါင်း​နှင့်​တ​ကွ၊ ခါ​နာန်​ပြည် လု​ဇ​မြို့​တည်း​ဟူ​သော၊ ဗေ​သ​လ​အ​ရပ်​သို့​ရောက်​ကြ​သော်၊ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ထို​အ​ရပ်​ကို ဗေ​သ​လ​အ​မည်​ဖြင့် တစ်​ဖန်​သ​မုတ်​ပြန်​လေ၏။ အ​ကြောင်း​မူ​ကား၊ အစ်​ကို​ထံ​မှ​ပြေး​သော​အ​ခါ၊ ထို​အ​ရပ်၌ ဘု​ရား​သ​ခင်​ထင်​ရှား​တော်​မူ​သ​တည်း။ ရေ​ဗ​က္က၏​အ​ထိန်း​ဒေ​ဗော​ရ​သေ၍၊ ဗေ​သ​လ​အ​ရပ်၌ သ​ပိတ်​ပင်​အောက်​တွင် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လေ၏။ ထို​အ​ပင်​ကို အာ​လု​မ္ဘာ​ကုတ်​ဟူ၍​တွင်​သ​တည်း။ ယာ​ကုပ်​သည် ပါ​ဒ​နာ​ရံ​အ​ရပ်​မှ ပြန်​လာ​သော​နောက်၊ တစ်​ဖန်​ဘု​ရား​သ​ခင်​ထင်​ရှား၍ ကောင်း​ကြီး​ပေး​တော်​မူ​ပြီး​လျှင်၊ သင်​သည် ယ​ခု​ယာ​ကုပ်​အ​မည်​ရှိ၏။ နောင်၌ သင်၏​အ​မည်​ကို ယာ​ကုပ်​ဟူ၍​မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်​ဟု မိန့်​တော်​မူ​လျက် ဣ​သ​ရေ​လ​အ​မည်​ဖြင့် သ​မုတ်​တော်​မူ၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ ငါ​သည်​အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင် ဖြစ်၏။ တိုး​ပွား​များ​ပြား​လော့။ လူ​တစ်​မျိုး​မ​က၊ အ​မျိုး​မျိုး​တို့​သည် သင်၌​ဖြစ်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည် သင်၏​အ​မျိုး​အ​နွယ်၌ ဖြစ်​ကြ​လိမ့်​မည်။ အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်​အား ငါ​ပေး​သော​မြေ​ကို သင်​နှင့်​သင်၏​အ​မျိုး​အ​နွယ်​အား ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​ယာ​ကုပ်​နှင့်​နှုတ်​ဆက်၍ မိန့်​မြွက်​တော်​မူ​ရာ​အ​ရပ်​မှ၊ ဘု​ရား​သ​ခင်​တက်​ကြွ​တော်​မူ၏။ ဘု​ရား​သ​ခင်​နှုတ်​ဆက်၍ မိန့်​မြွက်​တော်​မူ​ရာ​အ​ရပ်၌၊ ယာ​ကုပ်​သည် ကျောက်​တိုင်​ကို​စိုက်၍၊ ကျောက်​ဖျာ​ပေါ်၌​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ဆီ​ကို​လည်း​ကောင်း​လောင်း​လေ၏။ ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သော ထို​အ​ရပ်​ကို​လည်း၊ ဗေ​သ​လ​ဟူ၍ တစ်​ဖန်​သ​မုတ်​ပြန်​လေ၏။ ထို​နောက်​တစ်​ဖန် ဗေ​သ​လ​အ​ရပ်​မှ ခ​ရီး​သွား​ပြန်၍၊ ဧ​ဖ​ရတ်​မြို့​နှင့်​နီး​သော​အ​ခါ၊ ရာ​ခေ​လ​သည် သား​ဖွား​အံ့​သော​အ​ချိန်​ရောက်၍၊ ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို ခံ​ရ၏။ ထို​သို့​ပြင်း​စွာ​ခံ​နေ​ရ​စဉ်​တွင်၊ ဝမ်း​ဆွဲ​က၊ မ​စိုး​ရိမ်​နှင့်၊ သား​ယောက်ျား​ကို ရ​ပြီ​ဟု​ဆို​လေ၏။ ရာ​ခေ​လ​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ၍၊ နာမ်​ဝိ​ညာဉ်​ထွက်​စဉ်​အ​ခါ၊ ထို​သား​ကို ဗေ​နော​နိ​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ဘ​မူ​ကား ဗင်္ယာ​မိန်​အ​မည်​ဖြင့်​မှည့်​သ​တည်း။ ရာ​ခေ​လ​သေ၍၊ ဗက်​လင်​အ​မည်​ရှိ​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​သော​လမ်း​ခ​ရီး​တွင်၊ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ ယာ​ကုပ်​လည်း သင်္ချိုင်း​အ​ပေါ်​မှာ မှတ်​တိုင်​ကို​စိုက်​လေ၏။ ထို​မှတ်​တိုင်​ကား၊ ယ​နေ့​တိုင်​အောင် ရာ​ခေ​လ၏​သင်္ချိုင်း​မှတ်​တိုင်​ဖြစ်​သ​တည်း။ ဣ​သ​ရေ​လ​သည် တစ်​ဖန်​ခ​ရီး​သွား​ပြန်၍၊ ဧ​ဒါ​လင့်​စင်​ကို​လွန်​ပြီး​မှ တဲ​ကို​ဆောက်​လေ၏။ ထို​အ​ရပ်၌​နေ​သော​အ​ခါ၊ ရု​ဗင်​သည်​သွား၍ အ​ဘ၏​မ​ယား​ငယ်၊ ဗိ​လ​ဟာ​နှင့်​အိပ်​လေ၏။ ထို​သ​တင်း​ကို ဣ​သ​ရေ​လ​ကြား၏။ ယာ​ကုပ်​သား​တစ်​ကျိပ်​နှစ်​ပါး​ရှိ၏။ လေ​အာ​တွင်​မြင်​သော​သား​ကား၊ ယာ​ကုပ်၏​သား​ဦး ရု​ဗင်၊ အ​စ​ရှိ​သော​ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်​တည်း။ ရာ​ခေ​လ​သား​ကား၊ ယော​သပ်​နှင့် ဗင်္ယာ​မိန်​တည်း။ ရာ​ခေ​လ၏​ကျွန်​မ ဗိ​လ​ဟာ​သား​ကား၊ ဒန်​နှင့် နဿ​လိ​တည်း။ လေ​အာ၏​ကျွန်​မ ဇိ​လ​ပ​သား​ကား၊ ဂဒ်​နှင့် အာ​ရှာ​တည်း။ ဤ​သူ​တို့​ကား၊ ပါ​ဒ​နာ​ရံ​ပြည်၌​ဖွား​မြင်​သော ယာ​ကုပ်၏​သား​များ​တည်း။ ထို​နောက်​ယာ​ကုပ်​သည် အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်​တည်း​ခို​ရာ၊ မံ​ရေ​အ​ရပ်၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော​ကိ​ရ​ယ​သာ​ဘ​မြို့၌​နေ​သော၊ အ​ဘ​ဣ​ဇာက်​ထံ​သို့ ရောက်​လေ၏။ ဣ​ဇာက်​အ​သက်​သည် အ​နှစ်​တစ်​ရာ​ရှစ်​ဆယ်​ပြည့်​စုံ​သည်​ရှိ​သော်၊ အ​သက်​ကြီး​ရင့်​ရာ၊ ကာ​လ​ပြည့်​စုံ​ရာ၌​အ​သက်​ချုပ်၍ အ​နိ​စ္စ​ဖြစ်​သ​ဖြင့်၊ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​လေ၏။ သား​ဧ​သော​နှင့်​ယာ​ကုပ်​တို့​သည် သင်္ဂြိုဟ်​ကြ၏။

ကမ္ဘာဦး 35:1-29 Common Language Bible (BCL)

ဘု​ရား​သ​ခင်​က​ယာ​ကုပ်​အား``ဗေ​သ​လ​အ​ရပ် သို့​ယ​ခု​သွား​၍​နေ​ထိုင်​လော့။ သင်​၏​အစ်​ကို ဧ​သော​ရန်​ကို​ကြောက်​၍​ထွက်​ပြေး​နေ​ရ​စဉ်​က သင်​ဖူး​တွေ့​ရ​သော​ငါ​ဘု​ရား​အ​တွက်​ပူ​ဇော် ရာ​ယဇ်​ပလ္လင်​ကို​တည်​လော့'' ဟု​မိန့်​တော်​မူ ၏။ ယာ​ကုပ်​သည်​မိ​မိ​၏​မိ​သား​စု​နှင့်​မိ​မိ​ထံ​တွင် နေ​ထိုင်​သူ​အ​ပေါင်း​တို့​အား``သင်​တို့​၌​ရှိ​သော အ​ခြား​ဘု​ရား​များ​ကို​ပစ်​ပယ်​ကြ​လော့။ ကိုယ် ကို​သန့်​စင်​စေ​၍​အ​ဝတ်​ကို​လဲ​လှယ်​ဝတ်​ဆင် ကြ​လော့။- ငါ​တို့​သည်​ဤ​အ​ရပ်​မှ​ဗေ​သ​လ​အ​ရပ်​သို့ သွား​ကြ​မည်။ ငါ​ဒုက္ခ​ရောက်​စဉ်​က​ငါ့​ကို​ကယ်​မ ၍​ငါ​သွား​လေ​ရာ​ရာ​ခ​ရီး​လမ်း​တွင် ငါ​နှင့် အ​တူ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​ပူ ဇော်​ရန်​ထို​အ​ရပ်​၌​ယဇ်​ပလ္လင်​တည်​မည်'' ဟု ဆို​လေ​၏။- ထို့​ကြောင့်​သူ​တို့​တွင်​ရှိ​သ​မျှ​သော​အ​ခြား ဘု​ရား​များ​ကို​လည်း​ကောင်း၊ သူ​တို့​တွင်​ဆင် ယင်​ထား​သော​နား​ကပ်​များ​ကို​လည်း​ကောင်း ယာ​ကုပ်​ထံ​ပေး​အပ်​ကြ​၏။ ယာ​ကုပ်​သည်​ထို ပစ္စည်း​များ​ကို​ရှေ​ခင်​မြို့​အ​နီး​ဝက်​သစ်​ချ ပင်​ရင်း​၌​မြှုပ်​ထား​လေ​၏။ ထို​နောက်​သူ​တို့​စ​ခန်း​သိမ်း​၍​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​ရှိ​မြို့​သား​တို့ သည်​အ​လွန်​ကြောက်​ရွံ့​ကြ​သ​ဖြင့် သူ​တို့​ကို လိုက်​လံ​၍​မ​တိုက်​ခိုက်​ဝံ့​ကြ​ချေ။- ယာ​ကုပ်​သည်​မိ​မိ​၏​လူ​စု​နှင့်​အ​တူ ခါ​နာန် ပြည်​ရှိ​ဗေ​သ​လ​မြို့​ဟု​ခေါ်​တွင်​သော​လုဇ မြို့​သို့​ရောက်​ရှိ​လာ​လေ​၏။- ထို​အ​ရပ်​တွင်​ယဇ်​ပလ္လင်​ကို​တည်​၍​သူ​၏​အစ်​ကို ထံ​မှ​ထွက်​ပြေး​နေ​ရ​စဉ်​က ဘု​ရား​သ​ခင်​ကို ထို​အ​ရပ်​၌​ဖူး​တွေ့​ခဲ့​ရ​သော​ကြောင့်​ဗေ​သ​လ ဟု​ခေါ်​တွင်​စေ​၏။- ရေ​ဗက္က​၏​အ​ထိန်း​ဒေ​ဗော​ရ​ကွယ်​လွန်​၍ ဗေ​သ​လ တောင်​ဘက်​ရှိ​ဝက်​သစ်​ချ​ပင်​အောက်​၌​အ​လောင်း ကို​မြှုပ်​လေ​သည်။ ထို​ကြောင့်​ထို​အ​ပင်​ကို``မျက်​ရည် ယို​ဝက်​သစ်​ချ​ပင်'' ဟု​နာ​မည်​မှည့်​လေ​၏။ ယာ​ကုပ်​သည်​ပါ​ဒ​နာ​ရံ​ပြည်​မှ​ပြန်​လည် ရောက်​ရှိ​သော​အ​ခါ ဘု​ရား​သ​ခင်​ကို​ရူ​ပါ​ရုံ တွင်​တစ်​ဖန်​မြင်​ရ​လေ​၏။ ဘု​ရား​သ​ခင်​သည် သူ့​အား​ကောင်း​ချီး​ပေး​လျက်၊- ``သင်​၏​နာ​မည်​သည်​ယာ​ကုပ်​ဖြစ်​၏။ သို့​ရာ​တွင် ယ​ခု​မှ​စ​၍​သင်​၏​နာမည်​ကို​ဣ​သ​ရေ​လ​ဟူ​၍ ခေါ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​ယာ​ကုပ်​အား​ဣ​သ​ရေ​လ​နာ​မည် ဖြင့်​သ​မုတ်​တော်​မူ​၏။- တစ်​ဖန်​ဘု​ရား​သ​ခင်​က​သူ့​အား``ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​၏။ သား သ​မီး​များ​စွာ​မွေး​ဖွား​လော့။ လူ​အ​မျိုး​မျိုး တို့​သည်​သင်​မှ​ဆင်း​သက်​ကြ​လိမ့်​မည်။ သင် ၏​အ​မျိုး​အ​နွယ်​မှ​ဘု​ရင်​များ​ပေါ်​ထွန်း လိမ့်​မည်။- ငါ​သည်​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​အား​ပေး သော​ပြည်​ကို​သင့်​အား​လည်း​ကောင်း၊ သင်​၏ အ​ဆက်​အ​နွယ်​တို့​အား​လည်း​ကောင်း​ငါ ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။- ထို့​နောက်​ဘု​ရား​သ​ခင်​သည်​သူ့​ထံ​မှ​ကြွ သွား​တော်​မူ​၏။- ယာ​ကုပ်​သည်​ဘု​ရား​သ​ခင်​က​သူ့​အား​မိန့်​ကြား တော်​မူ​သော​အ​ရပ်​တွင်​မှတ်​တိုင်​ကို​စိုက်​ထူ​၍ ၎င်း​အ​ပေါ်​တွင်​စ​ပျစ်​ရည်​နှင့်​ဆီ​လောင်း​လျက် ဆက်​ကပ်​လေ​၏။- သူ​သည်​ထို​အ​ရပ်​ကို​ဗေ​သ​လ​ဟု​နာ​မည်​မှည့် ခေါ်​လေ​သည်။ ယာ​ကုပ်​နှင့်​သူ​၏​မိ​သား​စု​တို့​သည်​ဗေ​သ​လ အ​ရပ်​မှ​ခ​ရီး​ထွက်​ခဲ့​ကြ​ရာ ဧ​ဖ​ရတ်​မြို့​သို့ မ​ရောက်​မီ​ခ​ရီး​အ​တန်​ကွာ​နေ​ရာ​သို့​ရောက် သော်​ရာ​ခေ​လ​သည်​မီး​ဖွား​ရန်​အ​ချိန်​စေ့​၍ ဝေ​ဒ​နာ​ပြင်း​ပြ​စွာ​ခံ​ရ​လေ​၏။- သူ​သည်​သား​ကို​ဖွား​ချိန်​၌​ဝေ​ဒ​နာ​အ​ပြင်း ဆုံး​ခံ​ရ​၏။ ထို​အ​ခါ​ဝမ်း​ဆွဲ​က​သူ့​ကို``ရာ​ခေ​လ၊ မ​စိုး​ရိမ်​နှင့်။ သား​တစ်​ယောက်​ထပ်​၍​ရ​ပြီ'' ဟု ပြော​လေ​၏။- သို့​ရာ​တွင်​သူ​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် ထို​သား​ကို​ဗေ​နော​နိ​ဟူ​၍​နာ​မည်​မှည့်​လေ သည်။ ဖ​ခင်​က​မူ​ထို​သား​ကို​ဗင်္ယာ​မိန်​ဟု​နာ မည်​မှည့်​လေ​၏။ ရာ​ခေ​လ​ကွယ်​လွန်​သော်​ဗက်​လင်​မြို့​ဟု​ခေါ် တွင်​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​ရာ​လမ်း​အ​နီး တွင်​သူ့​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​လေ​၏။- ယာ​ကုပ်​သည်​သင်္ချိုင်း​ပေါ်​တွင်​မှတ်​တိုင်​ကို​စိုက် ထူ​ခဲ့​ရာ ယ​နေ့​ထက်​တိုင်​ထို​မှတ်​တိုင်​ကို​ရာ ခေ​လ​၏​သင်္ချိုင်း​မှတ်​တိုင်​ဟု​ခေါ်​တွင်​လေ​သည်။- ထို​နောက်​ယာ​ကုပ်​သည်​ခ​ရီး​ဆက်​ခဲ့​၍​ဧ​ဒါ လင့်​စင်​အ​လွန်​၌​စ​ခန်း​ချ​လေ​သည်။ ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင်​စဉ်​ရု​ဗင် သည် ဖ​ခင်​၏​မ​ယား​ငယ်​ဗိ​လ​ဟာ​နှင့်​ဖောက် ပြန်​မှား​ယွင်း​လေ​၏။ ယာ​ကုပ်​သည်​ထို​အ​ကြောင်း ကို​ကြား​သိ​လေ​သည်။ ယာ​ကုပ်​တွင်​သား​တစ်​ဆယ့်​နှစ်​ယောက်​ရှိ​၏။- လေ​အာ​မှ​ဖွား​မြင်​သော​သား​များ​မှာ​ရု​ဗင် (ယာ​ကုပ်​၏​သား​ဦး) ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ​နှင့်​ဇာ​ဗု​လုန်​တို့​ဖြစ်​သည်။ ရာ​ခေ​လ​၏​သား​များ​မှာ​ယော​သပ်​နှင့် ဗင်္ယာ​မိန်​တို့​ဖြစ်​သည်။- ရာ​ခေ​လ​၏​ကျွန်​မ​ဗိ​လ​ဟာ​၏​သား​များ မှာ​ဒန်​နှင့်​န​ဿ​လိ​တို့​ဖြစ်​သည်။- လေ​အာ​၏​ကျွန်​မ​ဇိ​လ​ပ​၏​သား​များ​မှာ ဂဒ်​နှင့်​အာ​ရှာ​တို့​ဖြစ်​သည်။ ဤ​သား​တို့​သည် မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​၌ ဖွား​မြင်​ခဲ့​ကြ​သည်။ ယာ​ကုပ်​သည်​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​နေ​ထိုင် ခဲ့​သော​ဟေ​ဗြုန်​မြို့​အ​နီး​မံ​ရေ​အ​ရပ်​ရှိ​သူ ၏​ဖ​ခင်​ဣ​ဇာက်​ထံ​သို့​ရောက်​ရှိ​လာ​လေ​၏။- ဣ​ဇာက်​သည်​အ​သက်​တစ်​ရာ့​ရှစ်​ဆယ်​ထိ​အ​သက် ရှင်​၏။ သူ​သည်​အ​ရွယ်​ကြီး​ရင့်​၍​နေ့​ရက်​နှစ် ပေါင်း​များ​စွာ​ပြည့်​ပြီ​ဖြစ်​သော​ကြောင့် နောက် ဆုံး​ထွက်​သက်​ကို​ရှူ​၍​ကွယ်​လွန်​လေ​သည်။ သူ​သည်​မိ​မိ​လူ​မျိုး​စု​နှင့်​စု​ဝေး​ခွင့်​ရ​၏။- သူ​၏​သား​များ​ဖြစ်​ကြ​သော​ဧ​သော​နှင့် ယာ​ကုပ်​တို့​က​သူ့​အား​သင်္ဂြိုဟ်​ကြ​၏။

ကမ္ဘာဦး 35:1-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ဘုရားသခင်​က ယာကုပ်​အား “​ထ​လော့​။ ဗေသလ​အရပ်​သို့​သွား​၍ ထို​အရပ်​၌ နေထိုင်​လော့​။ သင်​၏​အစ်ကို​ဧသော​ထံ​မှ သင်​ထွက်ပြေး​စဉ်က သင့်​အား ကိုယ်ထင်ရှားပြ​သော​ဘုရားသခင်​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ယာကုပ်​သည် မိမိ​၏​အိမ်သူအိမ်သား​တို့​မှစ၍ မိမိ​နှင့်အတူ​ရှိ​သော​သူ​အပေါင်း​တို့​အား “​သင်​တို့​၌​ရှိ​သော​တိုင်းတစ်ပါးသား​၏​ဘုရား​များ​ကို ဖယ်ရှား​ကြ​လော့​။ သင်တို့ကိုယ်သင်တို့ စင်ကြယ်​စေ​၍ သင်​တို့​၏​အဝတ်အစား​များ​ကို လဲ​ကြ​လော့​။ ထ​၍​ဗေသလ​အရပ်​သို့​သွား​ကြ​စို့​။ ငါ​ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ထူး​တော်မူ​၍ ငါ​သွား​သော​လမ်းခရီး​၌ ငါ​နှင့်အတူ​ရှိ​တော်မူ​သော ဘုရားသခင်​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို ငါ​တည်​မည်​”​ဟု ဆို​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​လက်​ထဲ၌​ရှိ​သော တိုင်းတစ်ပါးသား​တို့​၏​ဘုရား​ရှိသမျှ​ကို​လည်းကောင်း​၊ မိမိ​တို့​နား​၌​ပန်​ထား​သော နားကွင်း​များ​ကို​လည်းကောင်း ယာကုပ်​အား​ပေး​ကြ​၏​။ ယာကုပ်​သည်​လည်း ၎င်း​တို့​ကို ရှေခင်​မြို့​အနီး​ရှိ သပိတ်ပင်​အောက်​၌​မြှုပ်​လေ​၏​။ ထို့နောက် သူ​တို့​သည် ခရီးပြု​ကြ​၏​။ ဘုရားသခင်​ကို​ကြောက်ရွံ့ထိတ်လန့်​ခြင်း​သည် သူ​တို့​ပတ်လည်​၌​ရှိ​သော​မြို့​များ​အပေါ်​သို့ ကျရောက်​သဖြင့် ထို​မြို့သား​တို့​သည် ယာကုပ်​၏​သား​တို့​ကို မ​လိုက်​ဝံ့​ကြ​ချေ​။ ယာကုပ်​သည် သူ​နှင့်အတူ​ရှိ​သော​လူ​အပေါင်း​တို့​နှင့်တကွ ခါနာန်​ပြည်​ရှိ လုဇ​မြို့​တည်းဟူသော ဗေသလ​အရပ်​သို့​ရောက်လာ​၏​။ သူ​သည် ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​၍ ထို​အရပ်​ကို ဧလ​ဗေသလ ဟု​ခေါ်​၏​။ အကြောင်းမူကား သူ​သည် မိမိ​အစ်ကို​ထံ​မှ​ထွက်ပြေး​စဉ်က ထို​အရပ်​၌ ဘုရားသခင်​ထင်ရှား​တော်မူ​၏​။ ထို့နောက် ရေဗက္ကာ​၏​အထိန်း ဒေဗောရ​သည် သေဆုံး​၍ ဗေသလ​အရပ်​အနိမ့်ပိုင်း​၊ ဝက်သစ်ချပင်​အောက်​၌ သူ့​ကို​သင်္ဂြိုဟ်​လေ​၏​။ ထို့ကြောင့် ထို​အပင်​၏​အမည်​ကို အာလုမ္ဘာကုတ် ဟု​ခေါ်​၏​။ ယာကုပ်​သည် ပါဒန်အာရံ​ပြည်​မှ​ပြန်လာ​ပြီးနောက် ဘုရားသခင်​သည် သူ့​အား တစ်ဖန်​ကိုယ်ထင်ရှားပြ​၍ ကောင်းချီးပေး​တော်မူ​၏​။ ဘုရားသခင်​က “​သင်​၏​အမည်​သည် ယာကုပ် ဖြစ်​၏​။ သို့သော် သင့်​ကို ယာကုပ် ဟု​ခေါ်​တော့​မည်​မ​ဟုတ်​။ ယခု​မှစ၍ သင်​၏​အမည်​သည် အစ္စရေး ဖြစ်​ရ​မည်​”​ဟု သူ့​အား​မိန့်​တော်မူ​လျက် သူ​၏​အမည်​ကို အစ္စရေး ဟု​မှည့်ခေါ်​တော်မူ​၏​။ တစ်ဖန် ဘုရားသခင်​က “​ငါ​သည် အနန္တတန်ခိုးရှင်​ဘုရားသခင်​ဖြစ်​၏​။ တိုးပွား​များပြား​လော့​။ သင့်​ထံမှ လူမျိုး​တစ်​မျိုး​သာမက လူမျိုးပေါင်း​များစွာ ဆင်းသက်​လာ​ကြ​လိမ့်မည်​။ သင်​၏​အမျိုးအနွယ်​ထဲမှ ရှင်ဘုရင်​များ​လည်း ပေါ်ထွန်း​လိမ့်မည်​။ အာဗြဟံ​နှင့်​ဣဇက်​အား ငါ​ပေး​သော​ပြည်​ကို သင့်​အား ငါ​ပေး​မည်​။ ထို​ပြည်​ကို နောင်လာမည့် သင်​၏​သားစဉ်မြေးဆက်​အား​လည်း ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။ ထို့နောက် ဘုရားသခင်​သည် သူ​နှင့်​မိန့်မြွက်​တော်မူ​သော​ထို​အရပ်​မှ ကြွသွား​တော်မူ​၏​။ ယာကုပ်​သည် မိမိ​အား​ဘုရားသခင်​မိန့်မြွက်​တော်မူ​သော​အရပ်​၌ ကျောက်တိုင်​တစ်​တိုင်​ကို စိုက်ထူ​လေ​၏​။ သူ​သည် ၎င်း​အပေါ်​၌ သွန်းလောင်းရာပူဇော်သက္ကာ​ကို​သွန်းလောင်း​၍ ဆီ​ကို​လည်း​လောင်း​၏​။ ယာကုပ်​သည် မိမိ​အား​ဘုရားသခင်​မိန့်မြွက်​တော်မူ​သော​အရပ်​၏​အမည်​ကို ဗေသလ ဟု​ခေါ်​၏​။ ထို့နောက် သူ​တို့​သည် ဗေသလ​အရပ်​မှ​ခရီးပြု​၏​။ ဧဖရတ်​မြို့​သို့​ရောက်​ရန် အတန်ငယ်​ဝေး​သေး​သော​နေရာ​တွင် ရာခေလ​သည် သားဖွား​မည့်​အချိန်​ရောက်​၍ သားဖွားရ​ခက်​နေ​၏​။ ထိုသို့ သူ​သည် သားဖွားရ​ခက်​နေစဉ် ဝမ်းဆွဲ​က “​မ​စိုးရိမ်​နှင့်​။ သင်​သည် သား​နောက်တစ်ယောက်​ရ​ပြီ​”​ဟု သူ့​အား​ဆို​လျှင် ရာခေလ သေဆုံး​လေ​၏​။ သို့သော် အသက်ထွက်​အံ့ဆဲဆဲ​တွင် သား​၏​အမည်​ကို ဗေနောနိ ဟု​မှည့်ခေါ်​၏​။ ဖခင်​မူကား ထို​သား​ကို ဗင်္ယာမိန် ဟု​မှည့်ခေါ်​၏​။ ရာခေလ​သည် သေဆုံး​၍ ဗက်လင် ခေါ် ဧဖရတ်​မြို့​သို့​သွား​ရာ​လမ်း​၌ သူ့​ကို​သင်္ဂြိုဟ်​လေ​၏​။ ယာကုပ်​သည် ရာခေလ​၏​သင်္ချိုင်း​၌ မှတ်တိုင်​ကို​စိုက်ထူ​လေ​၏​။ ၎င်း​သည် ယနေ့​တိုင်အောင် ရာခေလ​၏​သင်္ချိုင်း​မှတ်တိုင်​ဖြစ်​၏​။ ထို့နောက် အစ္စရေး​သည် ခရီးပြု​၍ ဧဒါ​မျှော်စင်​အလွန်​တွင် တဲ​ကို​ဆောက်​လေ​၏​။ အစ္စရေး​သည် ထို​ပြည်​၌​နေထိုင်​စဉ် ရုဗင်​သည်​သွား​၍ မိမိ​ဖခင်​၏​မယားငယ်​ဗိလဟာ​နှင့်​အိပ်​လေ​၏​။ အစ္စရေး​သည် ထို​အကြောင်း​ကို ကြား​၏​။ ယာကုပ်​၌ သား​တစ်ဆယ့်​နှစ်​ယောက်​ရှိ​၏​။ လေအာ​၏​သား​များ​မှာ ရုဗင်​(​ယာကုပ်​၏​သားဦး​)​၊ ရှိမောင်​၊ လေဝိ​၊ ယုဒ​၊ ဣသခါ​၊ ဇာဗုလုန် တို့​ဖြစ်​ကြ​၏​။ ရာခေလ​၏​သား​များ​မှာ ယောသပ်​၊ ဗင်္ယာမိန် တို့​ဖြစ်​ကြ​၏​။ ရာခေလ​၏​ကျွန်မ​ဗိလဟာ​၏​သား​များ​မှာ ဒန်​၊ နဿလိ တို့​ဖြစ်​ကြ​၏​။ လေအာ​၏​ကျွန်မ​ဇိလပ​၏​သား​များ​မှာ ဂဒ်​၊ အာရှာ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား ပါဒန်အာရံ​ပြည်​၌​မွေးဖွား​သော ယာကုပ်​၏​သား​များ​ဖြစ်​ကြ​၏​။ ထို့နောက် ယာကုပ်​သည် မံရေ​မြို့​တည်းဟူသော ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​ရှိ မိမိ​ဖခင်​ဣဇက်​ထံသို့​သွား​၏​။ ထို​မြို့​သည် အာဗြဟံ​နှင့်​ဣဇက်​တို့​တည်းခိုနေထိုင်​သော​မြို့​ဖြစ်​၏​။ ဣဇက်​သည်​နှစ်​ပေါင်း တစ်ရာ့​ရှစ်ဆယ်​အသက်ရှင်​ခဲ့​၏​။ ဣဇက်​သည် အသက်ကြီး​၍​သက်တမ်းစေ့​သဖြင့် နောက်ဆုံး​ထွက်သက်ထွက်​၍​သေဆုံး​ပြီး မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။ သူ​၏​သား​ဧသော​နှင့်​ယာကုပ်​တို့​သည် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။