YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 3:7-19

ကမ္ဘာဦး 3:7-19 Judson Bible (JBMLE)

ထို​သူ​နှစ်​ယောက်​တို့​သည် မျက်​စိ​ပွင့်​လင်း၍၊ မိ​မိ​တို့၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို သိ​မြင်​လျှင်၊ မိ​မိ​တို့​ဝတ်​ရန်​ဖို့ သင်္ဘော​သ​ဖန်း​ပင်​အ​ရွက်​တို့​ကို​ချုပ်​စပ်၍ ခါး​စည်း​ကို​လုပ်​ကြ၏။ နေ​ဧ​သော​အ​ချိန်​တွင်၊ ထို​ဥ​ယျာဉ်၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ကြွ​တော်​မူ​သော​အ​သံ​ကို လူ​လင်​မ​ယား​တို့​သည်​ကြား​လျှင်၊ အ​ထံ​တော်​မှ​လွတ်​ခြင်း​ငှာ၊ ဥ​ယျာဉ်​အ​ပင်​တို့​တွင် ပုန်း​ကွယ်​လျက်​နေ​ကြ၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု၊ လူ​ကို​ခေါ်​တော်​မူ၏။ လူ​က​လည်း၊ ဥ​ယျာဉ်၌ ကိုယ်​တော်၏​အ​သံ​ကို ကျွန်​တော်​ကြား​လျှင်၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်၊ ကြောက်၍ ပုန်း​လျက်​နေ​ပါ​သည်​ဟု လျှောက်​လေ၏။ ဘု​ရား​သ​ခင်​က​လည်း၊ သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို သင်​အား​အ​ဘယ်​သူ​ပြော​သ​နည်း။ မ​စား​ရ​ဟု ငါ​ပ​ညတ်​သော အ​ပင်၏​အ​သီး​ကို​စား​ပြီ​လော​ဟု မေး​တော်​မူ၏။ လူ​က​လည်း ကျွန်​တော်၌​အပ်​ပေး​တော်​မူ​သော မိန်း​မ​သည် ထို​အ​ပင်၏​အ​သီး​ကို​ပေး၍ ကျွန်​တော်​စား​မိ​ပါ​သည်​ဟု လျှောက်​လေ၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း​ဟု မိန်း​မ​အား​မေး​တော်​မူ​လျှင်၊ မိန်း​မ​က မြွေ​သည် ကျွန်​တော်​မ​ကို​လှည့်​စား၍၊ ကျွန်​တော်​မ​သည်​စား​မိ​ပါ​ပြီ​ဟု လျှောက်​လေ၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြွေ​ကို​ခေါ်၍ သင်​သည် ဤ​အ​မှု​ကို​ပြု​သော​ကြောင့်၊ သား​ယဉ်​သား​ရဲ​အ​ပေါင်း​တို့​ထက် ကျိန်​ခြင်း​ကို​ခံ​ရ၏။ သင်​သည် ဝမ်း​ဖြင့်​သွား၍ မြေ​မှုန့်​ကို တစ်​သက်​လုံး​စား​ရ​မည်။ သင်​နှင့် မိန်း​မ​ကို​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​နှင့် မိန်း​မ၏​အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ငါ​သည်​ရန်​ငြိုး​ဖွဲ့​စေ​မည်။ သူ​သည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်​သည် သူ၏​ဖ​နောင့်​ကို ကြိတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ မိန်း​မ​ကို​လည်း၊ သင်၌​ကိုယ်​ဝန်​ဆောင်​ခြင်း​ဝေ​ဒ​နာ​ကို ငါ​အ​လွန်​များ​ပြား​စေ​မည်။ ပင်​ပန်း​စွာ​ဝေ​ဒ​နာ​ကို​ခံ၍ သား​ဖွား​ရ​မည်။ ကိုယ်​ခင်​ပွန်း၏​အ​လို​သို့​လိုက်၍၊ သူ၏​အုပ်​စိုး​ခြင်း​ကို​လည်း​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။ ယောက်ျား​ကို​လည်း၊ ထို​အ​ပင်၏​အ​သီး​ကို​မ​စား​ရ​ဟု ငါ​ပ​ညတ်​သော်​လည်း၊ သင်​သည်​မ​ယား၏​စ​ကား​ကို​နား​ထောင်၍ စား​မိ​သော​ကြောင့်၊ မြေ​သည် သင်၏​အ​တွက် ကျိန်​ခြင်း​ကို ခံ​လျက်​ရှိ၏။ မြေ၏​အ​သီး​ကို တစ်​သက်​ပတ်​လုံး ပင်​ပန်း​စွာ စား​ရ​မည်။ ဆူး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း သင်​အ​ဖို့ မြေ​ပေါက်​စေ​မည်။ လယ်၌​ဖြစ်​သော ဟင်း​သီး​ဟင်း​ရွက်​တို့​ကို သင်​စား​ရ​မည်။ သင်​ထွက်​ရာ​မြေ​သို့​မ​ပြန်​မီ​တိုင်​အောင်၊ သင်၏​မျက်​နှာ​မှ​ချွေး​ထွက်​လျက် အ​စာ​ကို​စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​မြေ​မှုန့်​ဖြစ်၍ မြေ​မှုန့်​သို့ ပြန်​ရ​မည်​ဟု မိန့်​တော်​မူ၏။

ကမ္ဘာဦး 3:7-19 Common Language Bible (BCL)

ထို​သို့​စား​ကြ​သည့်​ခ​ဏ​ခြင်း​တွင်​သူ​တို့​သည် အ​သိ​ဉာဏ်​ပွင့်​လာ​၍​အ​ဝတ်​အ​ချည်း​စည်း​ရှိ သည့်​အ​ဖြစ်​ကို​သိ​မြင်​လာ​ကြ​၏။ ထို့​ကြောင့် သူ​တို့​သည် သ​ဖန်း​ရွက်​များ​ကို​သီ​ချုပ်​၍ ကိုယ်​ပေါ်​တွင်​ဝတ်​ဆင်​ထား​ကြ​၏။ ထို​နေ့​ည​နေ​ခင်း​၌​သူ​တို့​သည်​ဥ​ယျာဉ်​ထဲ တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ကြွ​လာ တော်​မူ​သော​အ​သံ​ကို​ကြား​ရ​လျှင် သူ​တို့ အား​မ​တွေ့​မ​မြင်​စေ​ရန်​သစ်​ပင်​များ​အ​ကြား တွင်​ပုန်း​ကွယ်​နေ​ကြ​၏။- သို့​ရာ​တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် က``သင်​အ​ဘယ်​မှာ​ရှိ​သ​နည်း''ဟု​လူ​အား ခေါ်​တော်​မူ​၏။ ထို​အ​ခါ​လူ​ယောကျာ်း​က``ကိုယ်​တော်​ဥ​ယျာဉ်​ထဲ ၌​ကြွ​လာ​တော်​မူ​သော​အ​သံ​ကို​ကြား​ရ​၍ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်​ကြောက် ၍​ပုန်း​နေ​ပါ​သည်'' ဟု​လျှောက်​လေ​၏။ ဘု​ရား​သ​ခင်​က``သင်​တို့​တွင်​အ​ဝတ်​အ​ချည်း စည်း​ရှိ​သည်​ဟု မည်​သူ​က​ပြော​သ​နည်း။ သင်​တို့ အား​မ​စား​ရ​ဟု ငါ​ပညတ်​ထား​သော​အ​ပင်​၏ အ​သီး​ကို​စား​သ​လော'' ဟု​မေး​တော်​မူ​၏။ လူ​က​လည်း``ကျွန်​တော်​အား​ကိုယ်​တော်​ပေး အပ်​တော်​မူ​သော​မိန်း​မ​က အ​သီး​ကို​ပေး သ​ဖြင့်​ကျွန်​တော်​စား​မိ​ပါ​သည်'' ဟူ​၍​ပြန် လည်​လျှောက်​ထား​၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သခင်​က​မိန်း​မ​အား``သင် သည်​အ​ဘယ်​ကြောင့်​ထို​သို့​ပြု​ရ​သ​နည်း'' ဟု မေး​တော်​မူ​လျှင် ``မြွေ​က​ကျွန်​မ​ကို​လှည့်​စား သ​ဖြင့်​စား​မိ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက် လေ​၏။ ထို​အ​ခါ​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က မြွေ​အား``သင်​သည် ဤ​သို့​ပြု​လုပ်​သည့်​အ​တွက် ဒဏ်​ခံ​ရ​မည်။ တိရစ္ဆာန်​အ​ပေါင်း​တို့​တွင်​သင်​သာ လျှင် ဤ​ကျိန်​စာ​သင့်​မည်။ ယ​ခု​မှ​စ​၍​သင် သည်​ဝမ်း​ဗိုက်​ဖြင့်​တွား​သွား​လျက် မြေ​မှုန့်​ကို တစ်​သက်​လုံး​စား​ရ​မည်။- သင်​နှင့်​မိန်း​မ​သည်​တစ်​ဦး​ကို​တစ်​ဦး​မုန်း​လိမ့်​မည်။ သင်​၏​အ​မျိုး​အ​နွယ်​နှင့်​မိန်းမ​၏​အ​မျိုး​အ​နွယ် သည် ရန်​ငြိုး​ဖွဲ့​လိမ့်​မည်။ လူ​သည်​သင်​၏​ဦး​ခေါင်း ကို​ချေ​လိမ့်​မည်။ သင်​သည်​လည်း သူ​၏​ဖ​နောင့်​ကို ပေါက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ မိန်း​မ​အား​လည်း``သင်​သည်​ကိုယ်​ဝန်​ဆောင်​ခြင်း ဖြင့်​ဒုက္ခ​ပို​များ​လာ​မည်။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​မည်။ သို့​သော်​လည်း​သင်​သည် မိ​မိ​ခင်​ပွန်း ကို​စုံ​မက်​နေ​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ​သူ​၏ သြ​ဇာ​ညောင်း​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ယောကျာ်း​အား​လည်း``ထို​အ​ပင်​၏​အ​သီး​ကို မ​စား​ရ​ဟု ငါ​ပ​ညတ်​ထား​သော်​လည်း သင် ၏​မယား​၏​စ​ကား​ကို​နား​ထောင်​၍​စား​လေ ပြီ။ သင်​ထို​သို့​ပြု​ခြင်း​ကြောင့်​မြေ​သည်​ကျိန် စာ​သင့်​ရ​၏။ သင်​သည်​မိ​မိ​ဝမ်း​စာ​အ​တွက် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန် တစ်​သက်​လုံး​ပင်​ပန်း စွာ​လုပ်​ကိုင်​ရ​မည်။- မြေ​မှ​ဆူး​ချုံ​နှင့်​ပေါင်း​ပင်​များ​ပေါက်​လိမ့်​မည်။ သင်​သည်​အ​ရိုင်း​ပေါက်​သော​အ​ပင်​တို့​ကို​စား ရ​မည်။- သင်​သည်​မြေ​မှ​ဖြစ်​လာ​၍​မြေ​သို့​ပြန်​သွား ရ​သည်​တိုင်​အောင် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန်​ချွေး ထွက်​လျက်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​မည်။ သင်​သည် မြေ​မှ​ဖြစ်​လာ​၍ မြေ​သို့​ပြန်​သွား​ရ​မည်'' ဟု မိန့်​တော်​မူ​၏။

ကမ္ဘာဦး 3:7-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ထို​သူ​နှစ်ဦးစလုံး​သည် မျက်စိ​ပွင့်လင်း​၍ မိမိ​တို့​၌ အဝတ်မပါ​အချည်းစည်း​ဖြစ်​သည်​ကို သိသွား​သဖြင့် သူ​တို့​သည် သဖန်း​ရွက်​များ​ကို​သီချုပ်​လျက် မိမိ​တို့​အတွက် ခါးဝတ်တန်ဆာ​ကို ပြုလုပ်​ကြ​၏​။ နေအေး​သော​အချိန်​တွင် ဥယျာဉ်​၌ ထာဝရအရှင်​ဘုရားသခင် ကြွ​တော်မူ​သော​အသံ​ကို လူ​လင်မယား​သည် ကြား​လျှင် ထာဝရအရှင်​ဘုရားသခင် ရှေ့​တော်​မှ​လွတ်​ရန် ဥယျာဉ်​ရှိ​သစ်ပင်​များ​ကြားတွင် ပုန်းကွယ်​လျက်​နေ​ကြ​၏​။ ထာဝရအရှင်​ဘုရားသခင်​က လူ​ကို​ခေါ်​၍ “​သင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု မေး​တော်မူ​၏​။ လူ​က​လည်း “​ဥယျာဉ်​၌ ကိုယ်တော်​၏​အသံ​ကို​ကြား​၍ အကျွန်ုပ်​မှာ အဝတ်မပါ​အချည်းစည်း​ဖြစ်​သောကြောင့် ကြောက်​၍ ပုန်းကွယ်​နေ​ပါ​သည်​”​ဟု လျှောက်​လေ​၏​။ ဘုရားသခင်​က​လည်း “​သင့်​မှာ​အဝတ်မပါ​အချည်းစည်း​ဖြစ်​သည်​ဟု မည်သူ​ပြော​သနည်း​။ မ​စား​ရ​ဟု သင့်​အား ငါ​ပညတ်​ထား​သော​အပင်​မှ​အသီး​ကို သင်​စား​ပြီ​လော​”​ဟု မေး​တော်မူ​၏​။ လူ​က​လည်း “​အကျွန်ုပ်​နှင့်အတူ​နေ​စေရန် ကိုယ်တော်​ပေး​ထား​သော​မိန်းမ​သည် ထို​အပင်​မှ​အသီး​ကို အကျွန်ုပ်​အား​ပေး​၍ အကျွန်ုပ်​စား​မိ​ပါ​သည်​”​ဟု ပြန်လျှောက်​လေ​၏​။ ထာဝရအရှင်​ဘုရားသခင်​က​လည်း မိန်းမ​အား “​သင်​ပြု​သော​ဤ​အမှု​ကား မည်သို့​နည်း​”​ဟု မိန့်​တော်မူ​လျှင် မိန်းမ​က “​မြွေ​သည် အကျွန်ုပ်​ကို​လှည့်စား​၍ အကျွန်ုပ်​စား​မိ​ပါ​သည်​”​ဟု လျှောက်​လေ​၏​။ ထိုအခါ ထာဝရအရှင်​ဘုရားသခင်​က မြွေ​အား “​သင် ဤသို့​ပြု​သောကြောင့် တိရစ္ဆာန်အယဉ်​နှင့် တိရစ္ဆာန်အရိုင်း​အပေါင်း​တို့​ထက် ကျိန်​ခြင်း​ကို​ခံရ​၏​။ သင်​သည် ဝမ်းဗိုက်​ဖြင့်​တွားသွား​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး မြေမှုန့်​ကို​စား​ရ​မည်​။ ငါ​သည် သင်​နှင့်​မိန်းမ​ကို​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကို​လည်းကောင်း ရန်ငြိုး​ဖွဲ့​စေ​မည်​။ သူ​သည် သင်​၏​ခေါင်း​ကို​ကြိတ်​လိမ့်မည်​။ သင်​သည်​လည်း သူ​၏​ဖနောင့်​ကို​ကြိတ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ မိန်းမ​အား​လည်း “​သင်​သန္ဓေတည်​သောအခါ ငါ​သည် သင့်​ကို ပင်ပန်းခက်ခဲမှု အများအပြား​ကြုံတွေ့​စေ​မည်​။ သင်​သည် နာကျင်ခက်ခဲ​စွာ​သားဖွား​ရ​မည်​။ သင်​၏​အလိုဆန္ဒ​သည် သင်​၏​ခင်ပွန်း​အတွက်​ဖြစ်​လိမ့်မည်​။ သူ​သည် သင့်​ကို​အုပ်စိုး​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ထို့နောက် အာဒံ​အား “​သင်​သည် မိမိ​မယား​၏​စကား​ကို​နားထောင်​၍ မ​စား​ရ​ဟု သင့်​အား ငါ​ပညတ်​ထား​သော​အပင်​၏​အသီး​ကို​စား​သောကြောင့် မြေ​သည် သင့်​အတွက် ကျိန်​ခြင်း​ကို​ခံရ​၏​။ သင်​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး မြေ​၏​အသီး​ကို ပင်ပန်းခက်ခဲ​စွာ​လုပ်ကိုင်​စားသောက်​ရ​မည်​။ မြေ​သည် သင့်​အဖို့ ဆူးပင်​နှင့် ဆူးလေပင်​တို့​ကို​ပေါက်​စေ​မည်​။ သင်​သည် လယ်ယာ​မှ​ထွက်​သော​အပင်​ကို စား​ရ​မည်​။ သင့်​ကို မြေ​မှ​ဖြစ်လာ​စေ​သည်​ဖြစ်၍ သင်​သည် မြေ​သို့​မ​ပြန်​မီ​တိုင်အောင် သင်​၏​နဖူး​မှ​ချွေး​နှင့်​ရင်း​၍ အစာ​ကို​စား​ရ​မည်​။ အကြောင်းမူကား သင်​သည် မြေမှုန့်​ဖြစ်​သောကြောင့် မြေမှုန့်​သို့​ပြန်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။