YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာ​ဦး 3:7-19

ကမ္ဘာ​ဦး 3:7-19 BCL

ထို​သို့​စား​ကြ​သည့်​ခ​ဏ​ခြင်း​တွင်​သူ​တို့​သည် အ​သိ​ဉာဏ်​ပွင့်​လာ​၍​အ​ဝတ်​အ​ချည်း​စည်း​ရှိ သည့်​အ​ဖြစ်​ကို​သိ​မြင်​လာ​ကြ​၏။ ထို့​ကြောင့် သူ​တို့​သည် သ​ဖန်း​ရွက်​များ​ကို​သီ​ချုပ်​၍ ကိုယ်​ပေါ်​တွင်​ဝတ်​ဆင်​ထား​ကြ​၏။ ထို​နေ့​ည​နေ​ခင်း​၌​သူ​တို့​သည်​ဥ​ယျာဉ်​ထဲ တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ကြွ​လာ တော်​မူ​သော​အ​သံ​ကို​ကြား​ရ​လျှင် သူ​တို့ အား​မ​တွေ့​မ​မြင်​စေ​ရန်​သစ်​ပင်​များ​အ​ကြား တွင်​ပုန်း​ကွယ်​နေ​ကြ​၏။- သို့​ရာ​တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် က``သင်​အ​ဘယ်​မှာ​ရှိ​သ​နည်း''ဟု​လူ​အား ခေါ်​တော်​မူ​၏။ ထို​အ​ခါ​လူ​ယောကျာ်း​က``ကိုယ်​တော်​ဥ​ယျာဉ်​ထဲ ၌​ကြွ​လာ​တော်​မူ​သော​အ​သံ​ကို​ကြား​ရ​၍ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်​ကြောက် ၍​ပုန်း​နေ​ပါ​သည်'' ဟု​လျှောက်​လေ​၏။ ဘု​ရား​သ​ခင်​က``သင်​တို့​တွင်​အ​ဝတ်​အ​ချည်း စည်း​ရှိ​သည်​ဟု မည်​သူ​က​ပြော​သ​နည်း။ သင်​တို့ အား​မ​စား​ရ​ဟု ငါ​ပညတ်​ထား​သော​အ​ပင်​၏ အ​သီး​ကို​စား​သ​လော'' ဟု​မေး​တော်​မူ​၏။ လူ​က​လည်း``ကျွန်​တော်​အား​ကိုယ်​တော်​ပေး အပ်​တော်​မူ​သော​မိန်း​မ​က အ​သီး​ကို​ပေး သ​ဖြင့်​ကျွန်​တော်​စား​မိ​ပါ​သည်'' ဟူ​၍​ပြန် လည်​လျှောက်​ထား​၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သခင်​က​မိန်း​မ​အား``သင် သည်​အ​ဘယ်​ကြောင့်​ထို​သို့​ပြု​ရ​သ​နည်း'' ဟု မေး​တော်​မူ​လျှင် ``မြွေ​က​ကျွန်​မ​ကို​လှည့်​စား သ​ဖြင့်​စား​မိ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက် လေ​၏။ ထို​အ​ခါ​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က မြွေ​အား``သင်​သည် ဤ​သို့​ပြု​လုပ်​သည့်​အ​တွက် ဒဏ်​ခံ​ရ​မည်။ တိရစ္ဆာန်​အ​ပေါင်း​တို့​တွင်​သင်​သာ လျှင် ဤ​ကျိန်​စာ​သင့်​မည်။ ယ​ခု​မှ​စ​၍​သင် သည်​ဝမ်း​ဗိုက်​ဖြင့်​တွား​သွား​လျက် မြေ​မှုန့်​ကို တစ်​သက်​လုံး​စား​ရ​မည်။- သင်​နှင့်​မိန်း​မ​သည်​တစ်​ဦး​ကို​တစ်​ဦး​မုန်း​လိမ့်​မည်။ သင်​၏​အ​မျိုး​အ​နွယ်​နှင့်​မိန်းမ​၏​အ​မျိုး​အ​နွယ် သည် ရန်​ငြိုး​ဖွဲ့​လိမ့်​မည်။ လူ​သည်​သင်​၏​ဦး​ခေါင်း ကို​ချေ​လိမ့်​မည်။ သင်​သည်​လည်း သူ​၏​ဖ​နောင့်​ကို ပေါက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ မိန်း​မ​အား​လည်း``သင်​သည်​ကိုယ်​ဝန်​ဆောင်​ခြင်း ဖြင့်​ဒုက္ခ​ပို​များ​လာ​မည်။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​မည်။ သို့​သော်​လည်း​သင်​သည် မိ​မိ​ခင်​ပွန်း ကို​စုံ​မက်​နေ​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ​သူ​၏ သြ​ဇာ​ညောင်း​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ယောကျာ်း​အား​လည်း``ထို​အ​ပင်​၏​အ​သီး​ကို မ​စား​ရ​ဟု ငါ​ပ​ညတ်​ထား​သော်​လည်း သင် ၏​မယား​၏​စ​ကား​ကို​နား​ထောင်​၍​စား​လေ ပြီ။ သင်​ထို​သို့​ပြု​ခြင်း​ကြောင့်​မြေ​သည်​ကျိန် စာ​သင့်​ရ​၏။ သင်​သည်​မိ​မိ​ဝမ်း​စာ​အ​တွက် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန် တစ်​သက်​လုံး​ပင်​ပန်း စွာ​လုပ်​ကိုင်​ရ​မည်။- မြေ​မှ​ဆူး​ချုံ​နှင့်​ပေါင်း​ပင်​များ​ပေါက်​လိမ့်​မည်။ သင်​သည်​အ​ရိုင်း​ပေါက်​သော​အ​ပင်​တို့​ကို​စား ရ​မည်။- သင်​သည်​မြေ​မှ​ဖြစ်​လာ​၍​မြေ​သို့​ပြန်​သွား ရ​သည်​တိုင်​အောင် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန်​ချွေး ထွက်​လျက်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​မည်။ သင်​သည် မြေ​မှ​ဖြစ်​လာ​၍ မြေ​သို့​ပြန်​သွား​ရ​မည်'' ဟု မိန့်​တော်​မူ​၏။