YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 28:12-15

ကမ္ဘာဦး 28:12-15 Judson Bible (JBMLE)

မြင်​ရ​သော​အိပ်​မက်​ဟူ​မူ​ကား၊ မြေ​ကြီး​ပေါ်၌ လှေ​ကား​ထောင်​လျက် အ​ဖျား​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​မီ၏။ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​တို့​သည်၊ ထို​လှေ​ကား​ဖြင့် ဆင်း​လျက်​တက်​လျက်​ရှိ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် လှေ​ကား​ထက်၌ ရပ်​တော်​မူ​လျက်၊ ငါ​သည် သင်၏​အ​ဘ အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​အိပ်​သော​မြေ​ကို သင်​နှင့် သင်၏ အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်။ သင်​၏​အ​မျိုး​အ​နွယ်​သည် မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ​အ​ရပ်​တို့​သို့​နှံ့​ပြား​ကြ​လိမ့်​မည်။ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ သင်​သွား​လေ​ရာ​ရာ​၌ ငါ​စောင့်​မ​မည်။ ဤ​ပြည်​သို့​တစ်​ဖန် ဆောင်​ခဲ့​ဦး​မည်။ က​တိ​ထား​သည်​အ​တိုင်း​မ​ပြည့်​စုံ​မီ၊ သင့်​ကို​ငါ​မ​စွန့်​ဟု မိန့်​တော်​မူ​၏။

ကမ္ဘာဦး 28:12-15 Common Language Bible (BCL)

ထို​သို့​အိပ်​နေ​စဉ်​အိပ်​မက်​ထဲ​၌​မြေ​ပြင်​မှ​မိုး ကောင်း​ကင်​သို့​တိုင်​အောင်​ထောင်​လျက်​ရှိ​သော လှေ​ကား​ပေါ်​တွင် ကောင်း​ကင်​တ​မန်​များ​တက် လျက်​ဆင်း​လျက်​ရှိ​သည်​ကို​မြင်​ရ​၏။- ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အ​နီး​တွင် ရပ်​နေ​သည်​ကို​မြင်​ရ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​တို့​၏​ဘု​ရား​တည်း​ဟူ သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​ယ​ခု​နား​နေ ရာ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်။- သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ သူ​တို့​၏​နယ်​မြေ​သည်​အ​ရပ် လေး​မျက်​နှာ​သို့​ကျယ်​ပြန့်​လိမ့်​မည်။ ငါ​သည် သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။- ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင်​သွား​ရာ အ​ရပ်​၌​သင့်​ကို​စောင့်​ရှောက်​မည်။ သင့်​ကို​ဤ ပြည်​သို့​တစ်​ဖန်​ပို့​ဆောင်​ဦး​မည်။ ငါ​သည်​သင့် အား​ထား​သော​ကတိ​အ​တိုင်း​အ​ကောင်​အ​ထည် မ​ပေါ်​မီ​သင့်​ကို​စွန့်​ပစ်​၍​မ​ထား'' ဟု​မိန့်​တော် မူ​၏။

ကမ္ဘာဦး 28:12-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ သူ​အိပ်မက်မက်​သည်​မှာ မြေကြီး​ပေါ်တွင်​လှေကား​တစ်​စင်း​ထောင်​ထား​လျက်​ရှိ​၍ ၎င်း​၏​ထိပ်​သည် မိုးကောင်းကင်​အထိ​ရောက်​၏​။ ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​သည် ထို​လှေကား​ပေါ်တွင် တက်​လျက်​၊ ဆင်း​လျက်​ရှိ​ကြ​၏​။ ထာဝရဘုရား​သည် သူ့​အနား​တွင်​ရပ်​နေ​၍ “​ငါ​သည် သင့်​ဖခင်​အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​ဖြစ်​၏​။ သင်​အိပ်​နေ​သော​မြေ​ကို သင်​နှင့်​သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​မည်​။ သင်​၏​သားစဉ်မြေးဆက်​သည် မြေမှုန့်​ကဲ့သို့​များပြား​၍ အရှေ့​၊ အနောက်​၊ တောင်​၊ မြောက် အရပ်ရပ်​သို့​ပျံ့နှံ့​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့်​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​အားဖြင့်​လည်းကောင်း ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။ ကြည့်ရှု​လော့​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ သင်​သွား​လေရာရာ​၌ သင့်​ကို​စောင့်ရှောက်​၍ ဤ​ပြည်​သို့ သင့်​ကို ပြန်ခေါ်လာ​ဦး​မည်​။ အကယ်စင်စစ် သင့်​အား​ငါ​ကတိပေး​သည့်​အရာ မ​ပြည့်စုံ​မ​ချင်း ငါ​သည် သင့်​ကို​စွန့်ပစ်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။