ထိုအခါ သူအိပ်မက်မက်သည်မှာ မြေကြီးပေါ်တွင်လှေကားတစ်စင်းထောင်ထားလျက်ရှိ၍ ၎င်း၏ထိပ်သည် မိုးကောင်းကင်အထိရောက်၏။ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် ထိုလှေကားပေါ်တွင် တက်လျက်၊ ဆင်းလျက်ရှိကြ၏။ ထာဝရဘုရားသည် သူ့အနားတွင်ရပ်နေ၍ “ငါသည် သင့်ဖခင်အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်နေသောမြေကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေးမည်။ သင်၏သားစဉ်မြေးဆက်သည် မြေမှုန့်ကဲ့သို့များပြား၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်ရပ်သို့ပျံ့နှံ့လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင့်အားဖြင့်လည်းကောင်း၊ သင်၏အမျိုးအနွယ်အားဖြင့်လည်းကောင်း ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။ ကြည့်ရှုလော့။ ငါသည် သင်နှင့်အတူရှိ၏။ သင်သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်၍ ဤပြည်သို့ သင့်ကို ပြန်ခေါ်လာဦးမည်။ အကယ်စင်စစ် သင့်အားငါကတိပေးသည့်အရာ မပြည့်စုံမချင်း ငါသည် သင့်ကိုစွန့်ပစ်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ကမ္ဘာဦးကျမ်း 28 ကိုဖတ်ပါ။
နားထောင်ပါ။ ကမ္ဘာဦးကျမ်း 28
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦးကျမ်း 28:12-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ