ကမ္ဘာဦး 2:5-8
ကမ္ဘာဦး 2:5-8 Judson Bible (JBMLE)
မြေ၌ လယ်ယာပျိုးပင်မပေါက်မီ၊ လယ်ယာ၌စပါးပင်မကြီးပွားမီ၊ အပင်ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် မြေပေါ်၌ မိုးကိုရွာစေတော်မမူသေး။ မြေ၌လုပ်သောလူလည်း မရှိသေးသည်ဖြစ်၍၊ မြေမှအခိုးအငွေ့ထွက်သဖြင့် မြေတစ်ပြင်လုံးကို စိုစေလေ၏။ ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။ ထာဝရအရှင်ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။
ကမ္ဘာဦး 2:5-8 Common Language Bible (BCL)
မြေပေါ်သို့မိုးကိုရွာစေတော်မမူသေးသ ဖြင့်အပင်မပေါက်၊ အညှောက်လည်းမထွက် သေး။ မြေကိုထွန်ယက်မည့်သူလည်းမရှိသေး။- သို့ရာတွင်မြေအောက်မှရေထွက်သဖြင့်မြေ ကိုစိုစေ၏။ ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေဖြင့်လူကိုဖန်ဆင်းပြီးလျှင် လူ၏နှာခေါင်း ထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာ ၏။ ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် အရှေ့ဘက်ရှိဧဒင်အရပ်၌ဥယျာဉ်ကိုတည် ပြီးလျှင် ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ် တွင်နေစေတော်မူ၏။
ကမ္ဘာဦး 2:5-8 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မြေကြီးပေါ်၌ မည်သည့်တောချုံမျှမရှိသေး၊ မည်သည့်တောမြက်ပင်မျှလည်းမပေါက်သေး။ အကြောင်းမူကား ထာဝရအရှင်ဘုရားသခင်သည် မြေကြီးပေါ်၌ မိုးကိုရွာစေတော်မမူသေး။ မြေကိုထွန်ယက်လုပ်ကိုင်သောလူလည်း မရှိသေးချေ။ သို့သော် မြေကြီးမှရေခိုးရေငွေ့ထွက်၍ မြေတစ်ပြင်လုံးကို စိုစွတ်စေ၏။ ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။ ထာဝရအရှင်ဘုရားသခင်သည် အရှေ့ဘက်ရှိဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင် မိမိပုံဖော်ဖန်ဆင်းထားသောလူကို ထိုဥယျာဉ်၌ နေရာချထားတော်မူ၏။