YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 2:5-8

ကမ္ဘာဦးကျမ်း 2:5-8 MSBU

မြေကြီး​ပေါ်၌ မည်သည့်​တော​ချုံ​မျှ​မ​ရှိ​သေး​၊ မည်သည့်​တော​မြက်ပင်​မျှ​လည်း​မ​ပေါက်​သေး​။ အကြောင်းမူကား ထာဝရအရှင်​ဘုရားသခင်​သည် မြေကြီး​ပေါ်၌ မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး​။ မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​လူ​လည်း မ​ရှိ​သေး​ချေ​။ သို့သော် မြေကြီး​မှ​ရေခိုးရေငွေ့​ထွက်​၍ မြေ​တစ်ပြင်လုံး​ကို စိုစွတ်​စေ​၏​။ ထို့နောက် ထာဝရအရှင်​ဘုရားသခင်​သည် မြေမှုန့်​ဖြင့် လူ​ကို​ပုံဖော်ဖန်ဆင်း​၍ သူ​၏​နှာခေါင်း​ထဲသို့ ဇီဝ​အသက်​ကို မှုတ်သွင်း​တော်မူ​ရာ လူ​သည် သက်ရှိသတ္တဝါ​ဖြစ်လာ​၏​။ ထာဝရအရှင်​ဘုရားသခင်​သည် အရှေ့ဘက်​ရှိ​ဧဒင်​အရပ်​၌ ဥယျာဉ်​ကို​စိုက်ပျိုး​ပြီးလျှင် မိမိ​ပုံဖော်ဖန်ဆင်း​ထား​သော​လူ​ကို ထို​ဥယျာဉ်​၌ နေရာ​ချထား​တော်မူ​၏​။