ကမ္ဘာဦး 15:1-19
ကမ္ဘာဦး 15:1-19 Judson Bible (JBMLE)
ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည်အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊ အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲသွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကိုပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။ တစ်ဖန်အာဗြံက အကျွန်ုပ်အားအမျိုးအနွယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏ အိမ်၌ဖွားသောသူသည် အကျွန်ုပ်၏အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။ တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံမဖြစ်ရ။ သင်၏ကိုယ်ထဲကထွက်သောသူသည် သင်၏အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊ အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုးကောင်းကင်ကိုမျှော်ကြည့်လော့။ ကြယ်များကိုရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ အာဗြံသည် ထာဝရဘုရားကိုယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ တစ်ဖန်၊ ငါသည် ဤပြည်ကိုသင်အမွေခံစရာဖို့၊ သင်အားပေးလိုသောငှာ၊ ခါလဒဲပြည်သားတို့နေသောဥရမြို့မှ သင့်ကိုထုတ်ဆောင်သော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူလျှင်၊ အရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်အမွေခံရမည်ကို အဘယ်သို့သိရပါအံ့နည်းဟု မေးလျှောက်လေ၏။ ထာဝရဘုရားကလည်း၊ သုံးနှစ်အသက်ရှိသောနွားမတစ်ကောင်၊ သုံးနှစ်အသက်ရှိသောဆိတ်မတစ်ကောင်၊ သုံးနှစ်အသက်ရှိသောသိုးထီးတစ်ကောင်၊ ချိုးတစ်ကောင်၊ ခိုသငယ်တစ်ကောင်တို့ကိုငါဖို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း၊ ထိုတိရစ္ဆာန်အပေါင်းတို့ကိုယူ၍၊ တစ်ကောင်တစ်ကောင်ကို ထက်ဝက်စီခွဲပြီးလျှင်၊ ခွဲသောအသားတို့ကို တစ်ဖက်တစ်ချက်၌ထားလေ၏။ ငှက်ကောင်တို့ကိုမခွဲ။ ငှက်ရဲတို့သည် အသေကောင်တို့အပေါ်သို့ ဆင်းလာသောအခါ၊ အာဗြံသည်နှင်လေ၏။ နေဝင်သောအခါ၊ အာဗြံသည် ကြီးသောအိပ်ခြင်းဖြင့် အိပ်ပျော်လျက်၊ ထူသောမှောင်မိုက်နှင့်တွေ့၍၊ ထိတ်လန့်ခြင်းသို့ ရောက်လေ၏။ ထာဝရဘုရားကလည်း၊ သင်၏အမျိုးအနွယ်သည်၊ သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတစ်ပါးတို့၌ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။ သူတို့ကိုစေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။ သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ပြန်လာကြလိမ့်မည်။ အာမောရိအမျိုးသားတို့၏ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။ တစ်ဖန် နေဝင်၍မိုက်သောအခါ၊ ခွဲထားသောအသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်းသောမီးခွက်သည် ထင်ရှားစွာလျှောက်သွားလေ၏။ ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တုမြစ်မှစ၍ မြစ်ကြီးတည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင်၊ ဤပြည်ကိုလည်းကောင်း၊ ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊
ကမ္ဘာဦး 15:1-19 Common Language Bible (BCL)
ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်အာဗြံက``အရှင်ထာဝရဘုရား အကျွန်ုပ်တွင်သားမထွန်းကားသဖြင့် ကိုယ် တော်၏ဆုကိုအဘယ်သို့ခံစားရပါမည်နည်း။ ဒမာသက်မြို့သားဧလျာဇာသည်သာလျှင် အကျွန်ုပ်၏အမွေခံဖြစ်ပါ၏။- ကိုယ်တော်သည်အကျွန်ုပ်အားသားမထွန်းကား စေသဖြင့် ကျွန်တစ်ဦးကအကျွန်ုပ်၏အမွေ ကိုခံယူရပါမည်'' ဟုလျှောက်ဆိုလေ၏။ ထိုအခါထာဝရဘုရားက``ဤကျွန်သည် သင်၏အမွေခံမဖြစ်ရ။ သင်၏သားအရင်း သည်သင်၏အမွေခံဖြစ်မည်'' ဟုမိန့်တော် မူပြီးလျှင်၊- အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။ အာဗြံသည်ထာဝရဘုရားကိုယုံကြည်ကိုးစား သည်ဖြစ်၍ ထာဝရဘုရားကသူ့အားနှစ်သက် လက်ခံတော်မူ၏။ ထိုနောက်ဘုရားသခင်က``ငါသည်သင့်အား ဤ ပြည်ကိုအပိုင်စားပေးရန်သင့်ကိုဗာဗုလုန် ပြည်၊ ဥရမြို့မှခေါ်ဆောင်ခဲ့သောထာဝရ ဘုရားဖြစ်သည်'' ဟုမိန့်တော်မူ၏။ ထိုအခါအာဗြံက``အရှင်ထာဝရဘုရား၊ ဤ ပြည်ကိုအကျွန်ုပ်ပိုင်ရမည်ဖြစ်ကြောင်း မည်သို့ သိနိုင်ပါမည်နည်း'' ဟုမေးလျှောက်လေ၏။ ကိုယ်တော်က``သုံးနှစ်သားအရွယ်စီရှိသောနွားမ တစ်ကောင်၊ ဆိတ်မတစ်ကောင်၊ သိုးထီးတစ်ကောင် နှင့်တကွ ချိုးတစ်ကောင်၊ ခိုတစ်ကောင်ကိုငါ့ထံ သို့ယူခဲ့လော့'' ဟုမိန့်တော်မူ၏။- အာဗြံသည်ထာဝရဘုရားထံတော်သို့ထို တိရစ္ဆာန်များကိုယူခဲ့ပြီးလျှင် ၎င်းတို့ကိုထက် ဝက်စီခြမ်း၍တစ်ဘက်တစ်ခြမ်းစီနှစ်တန်းဆိုင် လျက်ချထား၏။ ငှက်များကိုမူကားမခြမ်း ဘဲထားသည်။- လင်းတများသည်သားကောင်များပေါ်သို့ဆင်း သက်လာကြသောအခါ အာဗြံသည်မောင်းနှင် လေ၏။ နေဝင်ချိန်၌အာဗြံသည် အိပ်မောကျနေစဉ် ကြောက်ရွံ့ထိတ်လန့်လာလေသည်။- ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။- သို့သော်လည်းသူတို့အားကျွန်စေစားသော နိုင်ငံသားတို့ကိုငါဒဏ်စီရင်မည်။ ထိုပြည် မှထွက်ခွာရသောအခါသူတို့သည်ပစ္စည်း ဥစ္စာများစွာပါလျက်ထွက်သွားလိမ့်မည်။- သင်သည်သင်၏ဘိုးဘေးတို့ထံငြိမ်ဝပ်စွာသွား ရမည်ဖြစ်၍၊ အသက်အရွယ်ကြီးရင့်သောအခါ သင်္ဂြိုဟ်ခြင်းကိုခံရမည်။- သင်၏အမျိုးအနွယ်တို့သည်အမျိုးလေးဆက် တိုင်အောင်နေပြီးမှ ဤပြည်သို့ပြန်လာကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်အာမောရိအမျိုး သားတို့သည် ဆိုးသွမ်း၍ဒဏ်သင့်သည့်အခါ ရောက်မှသူတို့အား ဤပြည်မှငါနှင်ထုတ် မည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော်မူ၏။ နေဝင်၍မှောင်ကျလာသောအခါမီးခိုးထွက် သောမီးလင်းဖိုနှင့်မီးလျှံတောက်သောမီးတိုင် သည် ရုတ်တရက်ပေါ်လာပြီးလျှင်အသားခြမ်း များအကြားဖြတ်သွား၏။- ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊- ``ကေနိအမျိုးသား၊ ကေနဇိအမျိုးသား၊ ကာဒမောနိအမျိုးသား၊
ကမ္ဘာဦး 15:1-19 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။ အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။ တစ်ဖန် အာဗြံက “ကိုယ်တော်သည် အကျွန်ုပ်အား မျိုးဆက်ကိုပေးတော်မမူသဖြင့် အကျွန်ုပ်၏ကျွန်သပေါက်သည် အကျွန်ုပ်၏အမွေခံဖြစ်ရပါလိမ့်မည်”ဟု လျှောက်လေ၏။ ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံထံသို့ရောက်လာ၍ “ထိုသူသည် သင်၏အမွေခံမဖြစ်ရ။ သင့်ကိုယ်မှပေါက်ဖွားသောသူသာလျှင် သင်၏အမွေခံဖြစ်ရမည်”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် သူ့ကို အပြင်သို့ခေါ်ဆောင်သွားပြီးလျှင် “မိုးကောင်းကင်ကိုမော့ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့”ဟု မိန့်တော်မူ၏။ တစ်ဖန် ကိုယ်တော်က “သင်၏သားစဉ်မြေးဆက်သည် ထိုသို့ဖြစ်လိမ့်မည်”ဟု သူ့အားမိန့်တော်မူ၏။ အာဗြံသည် ထာဝရဘုရားကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။ တစ်ဖန် ကိုယ်တော်က “ငါသည် သင့်အား ဤပြည်ကိုပေး၍ပိုင်ဆိုင်စေရန် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့မှ သင့်ကိုထုတ်ဆောင်ခဲ့သောထာဝရဘုရားဖြစ်၏”ဟု အာဗြံအား မိန့်တော်မူ၏။ အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်ပိုင်ဆိုင်ရမည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု မေးလျှောက်လေ၏။ ကိုယ်တော်ကလည်း “သုံးနှစ်သားနွားမတမ်းတစ်ကောင်၊ သုံးနှစ်သားဆိတ်မတစ်ကောင်၊ သုံးနှစ်သားသိုးထီးတစ်ကောင်၊ ချိုးငှက်တစ်ကောင်နှင့် ခိုငယ်တစ်ကောင်တို့ကို ငါ့ထံသို့ ယူခဲ့လော့”ဟု မိန့်တော်မူ၏။ ထိုအခါ အာဗြံသည် ထာဝရဘုရားထံတော်သို့ ထိုတိရစ္ဆာန်အပေါင်းတို့ကိုယူခဲ့၍ ၎င်းတို့ကို ထက်ဝက်စီခြမ်းပြီးလျှင် တစ်ဖက်တစ်ချက်၌ ယှဉ်ထားလေ၏။ ငှက်တို့ကိုမူကား မခြမ်းဘဲထားလေ၏။ အသားစားငှက်တို့သည် ထိုအသေကောင်တို့အပေါ်သို့ ဆင်းလာသောအခါ အာဗြံသည် ၎င်းတို့ကို မောင်းထုတ်လေ၏။ နေဝင်သောအခါ အာဗြံသည် အိပ်မောကျ၍ ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအမှောင်ထုကြီးသည် သူ့အပေါ်သို့ကျရောက်လေ၏။ ထိုအခါ ထာဝရဘုရားက အာဗြံအား “သင်၏သားမြေးစဉ်ဆက်တို့သည် မိမိတို့မပိုင်သောပြည်၌ ဧည့်သည်ဖြစ်ရ၍ ထိုပြည်၌ ကျွန်ခံရကြမည်ဖြစ်ကြောင်းနှင့် ထိုပြည်သားတို့သည် သူတို့ကို အနှစ်လေးရာပတ်လုံး နှိပ်စက်ကြမည်ဖြစ်ကြောင်း အမှန်သိမှတ်လော့။ သို့သော် သူတို့ကို ကျွန်ပြုမည့်လူမျိုးကို ငါစစ်ကြောစီရင်မည်။ ထို့နောက်မှ သူတို့သည် များစွာသောဥစ္စာနှင့်တကွ ထွက်လာကြလိမ့်မည်။ သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။ နေဝင်၍ မှောင်လာသောအခါ မီးခိုးထွက်နေသောမီးဖိုနှင့် မီးတောက်နေသောမီးတိုင်သည် ထိုပိုင်းထားသောအသေကောင်တို့အလယ်၌ ဖြတ်သွား၏။ ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။ ထိုပြည်မှာ ကေနိလူမျိုး၊ ကေနဇိလူမျိုး၊ ကာဒမောနိလူမျိုး၊