YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 12:1-8

ကမ္ဘာဦး 12:1-8 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း အာ​ဗြံ​ကို​ခေါ်​တော်​မူ၍၊ သင်၏​ပြည်​နှင့်​တ​ကွ အ​မျိုး​သား​ချင်း​ပေါက်​ဖော်​များ​ထဲ​က ထွက်​ပြီး​လျှင်၊ ငါ​ပြ​လ​တ္တံ့​သော​ပြည်​သို့ သွား​လော့။ ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​ကို ငါ​ကောင်း​ချီး​ပေး​မည်။ သင့်​ကို ကျိန်​ဆဲ​သော​သူ​ကို ငါ​ကျိန်​ဆဲ​မည်။ သင်​အား​ဖြင့်​လည်း လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အာ​ဗြံ​ထွက်​သွား၍ လော​တ​လည်း​လိုက်​လေ၏။ အာ​ဗြံ​သည် ခါ​ရန်​မြို့​မှ​ထွက်​သွား​သော​အ​ခါ အ​သက်​ခု​နစ်​ဆယ်​ငါး​နှစ်​ရှိ၏။ အာ​ဗြံ​သည် မ​ယား​စာ​ရဲ၊ အစ်​ကို​သား​လော​တ​နှင့်၊ ဥ​စ္စာ​ရ​တတ်​သ​မျှ​ကို​လည်း​ကောင်း၊ ခါ​ရန်​မြို့၌​ရ​သော လူ​တို့​ကို​လည်း​ကောင်း၊ ယူ​ပြီး​လျှင် ခါ​နာန်​ပြည်​သို့​ရောက်​ခြင်း​ငှာ၊ ထွက်​သွား၍၊ ထို​ပြည်​သို့ ရောက်​ကြ၏။ အာ​ဗြံ​သည် ထို​ပြည်​ကို​လျှောက်​သွား၍ ရှိ​ခင်​အ​ရပ်၊ မော​ရေ​သ​ပိတ်​ပင်​သို့​ရောက်​လေ၏။ ထို​အ​ခါ၊ ခါ​နာန်​အ​မျိုး​သား​တို့​သည် ထို​ပြည်၌​ရှိ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား၍၊ ဤ​ပြည်​ကို သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​ထင်​ရှား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ ထို​အ​ရပ်၌၊ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။ ထို​အ​ရပ်​မှ​သွား​ပြန်၍၊ ဗေ​သ​လ​မြို့​အ​ရှေ့၌​ရှိ​သော​တောင်​သို့ ပြောင်း​သ​ဖြင့်၊ ဗေ​သ​လ​မြို့​အ​ရှေ့၊ အာ​ဣ​မြို့​အ​နောက်​စပ်​ကြား​မှာ တဲ​ကို​ဆောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု၏။

ကမ္ဘာဦး 12:1-8 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က​အာ​ဗြံ​အား``သင်​၏​တိုင်း ပြည်၊ သင်​၏​ဆွေ​မျိုး​သား​ချင်း​နှင့်​သင်​၏​ဖ​ခင် အိမ်​ကို​စွန့်​ခွာ​၍ ငါ​ညွှန်​ပြ​မည့်​ပြည်​သို့​သွား လော့။- ငါ​သည်​သင်​၏​သား​မြေး​တို့​ကို​များ​ပြား​စေ မည်။ သူ​တို့​အား​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ သည်​သင့်​ကို​ကောင်း​ချီး​ပေး​၍​သင်​၏​နာ​မ ကို​ကြီး​မြတ်​စေ​သ​ဖြင့် လူ​တို့​သည်​သင့်​အား ဖြင့်​ကောင်း​ချီး​ခံ​စား​ရ​ကြ​မည်။ သင့်​ကို​ကောင်း​ချီး​ပေး​သူ​တို့​အား​ငါ​ကောင်း ချီး​ပေး​မည်။ သင့်​ကို​ကျိန်​ဆဲ​သူ​တို့​အား​ငါ​ကျိန်​ဆဲ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား​ဖြင့် ကောင်း​ချီး​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ အာ​ဗြံ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သည့်​အ​တိုင်း ခါ​ရန်​မြို့​မှ​ထွက်​ခွာ​သော​အ​ခါ အ​သက်​ခု​နစ် ဆယ့်​ငါး​နှစ်​ရှိ​၏။ လော​တ​သည်​သူ​နှင့်​အ​တူ လိုက်​ပါ​ခဲ့​၏။- အာ​ဗြံ​သည်​မ​ယား​စာ​ရဲ၊ တူ​လောတ၊ ရှိ​သ​မျှ သော​ဥစ္စာ​ပစ္စည်း​နှင့်​တ​ကွ ခါ​ရန်​မြို့​၌​ရ​ရှိ​သော ကျေး​ကျွန်​အား​လုံး​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။ ခါ​နာန်​ပြည်​သို့​ရောက်​ကြ​သော​အ​ခါ၊- အာ​ဗြံ​သည်​ထို​ပြည်​ကို​ဖြတ်​သွား​ပြီး​လျှင် ရှိ​ခင် အ​ရပ်​၌​ရှိ​သော​မော​ရေ​သပိတ်​ပင်​သို့​ရောက်​ရှိ လာ​လေ​၏။ (ထို​အ​ချိန်​က​ခါ​နာန်​အ​မျိုး​သား တို့​သည် ထို​ပြည်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။-) ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကိုယ်​ထင်​ပြ ၍``ဤ​တိုင်း​ပြည်​ကို​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ အာ​ဗြံ​သည်​သူ့​အား​ကိုယ်​ထင်​ပြ​သော​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​လေ​၏။- ထို​အ​ရပ်​မှ​သူ​သည်​ဗေ​သ​လ​မြို့​အ​ရှေ့​ဘက် တောင်​ထူ​ထပ်​သော​အ​ရပ်​သို့​ပြောင်း​ရွှေ့​၍ စ​ခန်း ချ​လေ​သည်။ ထို​စ​ခန်း​၏​အ​နောက်​ဘက်​တွင် ဗေ​သ​လ​မြို့၊ အ​ရှေ့​ဘက်​တွင်​အာ​ဣ​မြို့​တည်​ရှိ လေ​သည်။ ထို​အ​ရပ်​၌​လည်း​သူ​သည်​ယဇ်​ပလ္လင် ကို​တည်​၍​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​လေ သည်။

ကမ္ဘာဦး 12:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က အာဗြံ​အား “​သင်​သည် သင့်​ပြည်​မှ​လည်းကောင်း​၊ သင့်​ဆွေမျိုးသားချင်း​တို့​ထဲမှ​လည်းကောင်း​၊ သင့်​ဖခင်​၏​အိမ်​မှ​လည်းကောင်း ထွက်ခွာ​၍ သင့်​ကို​ငါ​ပြ​မည့်​ပြည်​သို့​သွား​လော့​။ ငါ​သည် သင့်​ကို ကြီးမြတ်​သော​လူမျိုး​ဖြစ်​စေ​မည်​။ သင့်​ကို ငါ​ကောင်းချီးပေး​၍ သင်​၏​အမည်နာမ​ကို ကြီးမြတ်​စေ​သဖြင့် သင်​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​လိမ့်မည်​။ သင့်​ကို​ကောင်းချီးပေး​သော​သူ​တို့​ကို ငါ​ကောင်းချီးပေး​၍ သင့်​ကို​ကျိန်ဆဲ​သော​သူ​ကို ငါ​ကျိန်ဆဲ​မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ မျိုးနွယ်စု​အပေါင်း​တို့​သည် သင့်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ အာဗြံ​သည် မိမိ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ထွက်ခွာ​လေ​၏​။ လောတ​သည်​လည်း သူ​နှင့်အတူ​လိုက်သွား​၏​။ အာဗြံ​သည် ဟာရန်​မြို့​မှ​ထွက်လာ​သောအခါ အသက်​ခုနစ်ဆယ့်​ငါး​နှစ်​ရှိ​၏​။ အာဗြံ​သည် မိမိ​မယား​စာရဲ​နှင့် မိမိ​တူ​လောတ​ကို​လည်းကောင်း​၊ သူ​တို့​စုဆောင်း​ရရှိ​သော​ဥစ္စာ​ရှိသမျှ​နှင့် ဟာရန်​မြို့​၌ ရရှိ​သော​လူ​တို့​ကို​လည်းကောင်း ခေါ်ဆောင်​၍ ခါနာန်​ပြည်​သို့​သွား​ရန်​ထွက်ခွာ​လေ​၏​။ ထို့နောက် သူ​တို့​သည် ခါနာန်​ပြည်​သို့​ရောက်​ကြ​၏​။ အာဗြံ​သည် ထို​ပြည်​ကို​ဖြတ်သွား​၍ ရှေခင်​အရပ်​၊ မောရေ​တောင်ကုန်း​ရှိ ဝက်သစ်ချပင်​တိုင်အောင် ရောက်​လေ​၏​။ ထို​ကာလ​တွင် ခါနာန်​လူမျိုး​တို့​သည် ထို​ပြည်​၌​ရှိ​ကြ​၏​။ ထာဝရဘုရား​သည် အာဗြံ​အား ကိုယ်ထင်ရှားပြ​၍ “​ဤ​ပြည်​ကို သင်​၏​အမျိုးအနွယ်​အား ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။ အာဗြံ​သည်​လည်း မိမိ​အား ကိုယ်ထင်ရှားပြ​တော်မူ​သော​ထာဝရဘုရား​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို တည်​လေ​၏​။ ထို့နောက် သူ​သည် ထို​အရပ်​မှ ဗေသလ​မြို့​အရှေ့ဘက်​ရှိ တောင်ပေါ်ဒေသ​သို့​ရွှေ့ပြောင်း​၍ တဲ​ကို​ဆောက်​လေ​၏​။ ထို​အရပ်​၏​အနောက်ဘက်​တွင် ဗေသလ​မြို့​၊ အရှေ့ဘက်​တွင်​အာဣ​မြို့​ရှိ​၏​။ သူ​သည် ထို​အရပ်​၌ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​၍ ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်ဆို​ပတ္ထနာပြု​၏​။