YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 11:27-32

ကမ္ဘာဦး 11:27-32 Judson Bible (JBMLE)

တေ​ရ၏​သား​စဉ်​မြေး​ဆက်​ဟူ​မူ​ကား၊ တေ​ရ​သည် အာ​ဗြံ၊ နာ​ခေါ်၊ ခါ​ရန်​တို့​ကို​မြင်​လေ၏။ ခါ​ရန်​သည်​လည်း လော​တ​ကို​မြင်​လေ၏။ ခါ​ရန်​သည်၊ အ​ဘ​တေ​ရ​မ​သေ​မီ၊ မိ​မိ​ဖွား​ရာ​အ​ရပ်၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော ဥ​ရ​မြို့၌​သေ​လေ၏။ အာ​ဗြံ​နှင့်​နာ​ခေါ်​သည် မ​ယား​ကို​ယူ၍၊ အာ​ဗြံ၏ မ​ယား​ကား၊ စာ​ရဲ​အ​မည်​ရှိ၏။ နာ​ခေါ်၏​မ​ယား​ကား၊ ခါ​ရန်၏​သ​မီး​မိ​လ​ခါ အ​မည်​ရှိ၏။ ခါ​ရန်​သည် မိ​လ​ခါ​နှင့် ဣ​သ​ခ၏​အ​ဘ​ဖြစ်​သ​တည်း။ စာ​ရဲ​မူ​ကား၊ မြုံ​သော​မိန်း​မ​ဖြစ်၍၊ သား​သ​မီး​မ​ရှိ။ တေ​ရ​သည် သား​အာ​ဗြံ​ကို​လည်း​ကောင်း၊ ခါ​ရန်၏​သား​ဖြစ်​သော မြေး​လော​တ​ကို​လည်း​ကောင်း၊ သား​အာ​ဗြံ၏​မ​ယား​ဖြစ်​သော မိ​မိ​ချွေး​မ​စာ​ရဲ​ကို​လည်း​ကောင်း​ခေါ်၍၊ သူ​တို့​သည် ခါ​နာန်​ပြည်​သို့ သွား​ခြင်း​ငှာ၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော ဥ​ရ​မြို့​မှ​ထွက်​သ​ဖြင့်၊ ခါ​ရန်​မြို့​သို့​ရောက်၍​နေ​ကြ၏။ တေ​ရ​သည် အ​သက်​နှစ်​ပေါင်း​နှစ်​ရာ​ငါး​နှစ်​ရှိ​သော်၊ ခါ​ရန်​မြို့၌​သေ​လေ၏။

ကမ္ဘာဦး 11:27-32 Common Language Bible (BCL)

တေ​ရ​၏​သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။ တေ​ရ​သည် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​တို့​၏​ဖ​ခင် ဖြစ်​၏။ ခါ​ရန်​သည်​လော​တ​၏​ဖ​ခင်​ဖြစ်​၏။- ခါ​ရန်​သည်​မိ​မိ​၏​ဖခင်​အ​သက်​ရှင်​လျက်​ရှိ​စဉ် ပင်​လျှင် မိ​မိ​၏​နေ​ရပ်​ဖြစ်​သော​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​တွင်​ကွယ်​လွန်​လေ​သည်။- အာ​ဗြံ​သည်​စာ​ရဲ​နှင့်​ထိမ်း​မြား​၍​နာ​ခေါ်​သည် ခါ​ရန်​၏​သ​မီး​မိ​လ​ခါ​နှင့်​ထိမ်း​မြား​၏။- ခါ​ရန်​သည်​မိ​လ​ခါ​နှင့်​ဣ​သ​ခ​တို့​၏​ဖ​ခင် ဖြစ်​သည်။ စာ​ရဲ​တွင်​သား​သ​မီး​မ​ထွန်း​ကား ချေ။ တေ​ရ​သည်​သူ​၏​သား​အာ​ဗြံ၊ မြေး​လော​တ တို့​နှင့်​ချွေး​မ​စာ​ရဲ​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​သွား​ရန်​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​မှ ထွက်​ခွာ​ခဲ့​ရာ​ခါ​ရန်​မြို့​သို့​ဆိုက်​ရောက်​လာ​၍ ထို​မြို့​တွင်​အ​ခြေ​ချ​နေ​ထိုင်​၏။- တေ​ရ​သည်​ထို​မြို့​တွင်​နေ​ထိုင်​စဉ် အ​သက် နှစ်​ရာ့​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။

ကမ္ဘာဦး 11:27-32 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တေရ​၏​ဆွေစဉ်မျိုးဆက်​မှာ ဤသို့​ဖြစ်​၏​။ တေရ​သည် သား​အာဗြံ​၊ နာခေါ်​၊ ဟာရန်​တို့​ကို​ရ​၏​။ ဟာရန်​သည် သား​လောတ​ကို​ရ​၏​။ ဟာရန်​သည် မိမိ​မွေးရပ်​မြေ​ဖြစ်​သည့် ခါလဒဲ​လူမျိုး​တို့​ပိုင်​သော​ဥရ​မြို့​၌ မိမိ​ဖခင်​တေရ​ထက်​စော​၍ သေဆုံး​လေ​၏​။ အာဗြံ​နှင့်​နာခေါ်​တို့​သည် မိန်းမ​ယူ​ကြ​၏​။ အာဗြံ​၏​မယား​အမည်​မှာ စာရဲ ဖြစ်​၏​။ နာခေါ်​၏​မယား​အမည်​မှာ မိလခါ ဖြစ်​ပြီး သူ​သည် ဟာရန်​၏​သမီး​ဖြစ်​၏​။ ဟာရန်​သည် မိလခါ​နှင့်​ဣသခါ​တို့​၏​ဖခင်​ဖြစ်​၏​။ စာရဲ​မူကား မြုံ​သော​မိန်းမ​ဖြစ်၍ သားသမီး​မ​ရှိ​။ တေရ​သည် သား​အာဗြံ​၊ ဟာရန်​၏​သား​ဖြစ်​သော မိမိ​၏​မြေး​လောတ​နှင့် သား​အာဗြံ​၏​မယား​ဖြစ်​သော မိမိ​၏​ချွေးမ စာရဲ​တို့​ကို​ခေါ်​၍ ခါနာန်​ပြည်​သို့​သွား​ရန် ခါလဒဲ​လူမျိုး​တို့​ပိုင်​သော​ဥရ​မြို့​မှ​ထွက်ခွာ​လေ​၏​။ သို့သော် ဟာရန်​မြို့​သို့​ရောက်​သောအခါ ထို​မြို့​၌​အခြေချ​ကြ​၏​။ တေရ​အသက်ရှင်​ခဲ့​သော​နှစ်​ပေါင်း​မှာ နှစ်ရာ့​ငါး​နှစ်​ဖြစ်​၏​။ ထို့နောက် တေရ​သည် ဟာရန်​မြို့​၌ သေဆုံး​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။