YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 2:8-9

ဂလာတိ 2:7-9 Judson Bible (JBMLE)

အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​တွင် ပေ​တ​ရု​ကို တ​မန်​တော်​ဖြစ်​စေ​ခြင်း​ငှာ၊ ပေ​တ​ရု၌ ပြု​ပြင်​တော်​မူ​သော​သူ​သည်၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ့​ကို တ​မန်​တော်​ဖြစ်​စေ​ခြင်း​ငှာ ငါ၌​လည်း ပြု​ပြင်​တော်​မူ​သည်​ဖြစ်၍၊ အ​ရေ​ဖျား​လှီး​ခြင်း​နှင့် စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ပေ​တ​ရု၌ အပ်​တော်​မူ​သည်​နည်း​တူ၊ အ​ရေ​ဖျား​လှီး​ခြင်း​နှင့် မ​စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ၌ အပ်​တော်​မူ​ကြောင်း​ကို သူ​တို့​သည် သိ​မြင်​ကြ၏။- အ​မှီ​တံ​ကဲ​ဖြစ်​သော​ယာ​ကုပ်၊ ကေ​ဖ၊ ယော​ဟန် တို့​သည်​လည်း၊ ငါ​ရ​သော​ကျေး​ဇူး​တော်​ကို သိ​ကြ​သော​အ​ခါ၊ မိ​မိ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း​နှင့်၊ ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း၊ လက်​ယာ​လက်​ခံ​ခြင်း​ကို ဗာ​န​ဗ​နှင့် ငါ့​အား ပေး​ကြ၏။

ဂလာတိ 2:8-9 Common Language Bible (BCL)

အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​ဖြင့် ပေ​တ​ရု​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ခံ​သူ​တို့​အ​တွက် တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လည်း​လူ​မျိုး​ခြား​တို့​အ​တွက်​တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။- အ​သင်း​တော်​၏​မဏ္ဍိုင်​များ​ဖြစ်​ကြ​သော ယာ​ကုပ်၊ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က​ငါ့ အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​ခွင့် ထူး​ကို အ​သိ​အ​မှတ်​ပြု​ကြ​ပေ​သည်။ သို့ ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​လုပ်​ဖော်​ကိုင် ဘက်​များ​ဖြစ်​ကြောင်း​ကို​ပြ​သည့်​အ​နေ ဖြင့် သူ​တို့​သည်​ဗာ​န​ဗ​နှင့်​ငါ့​အား​လက် ဆွဲ​၍​နှုတ်​ဆက်​ကြ​၏။ ငါ​တို့​က​လူ​မျိုး ခြား​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​ရန်​နှင့် သူ​တို့​က​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင် အ​မှု​တော်​ဆောင်​ရန်​သ​ဘော​တူ​ကြ​သည်။

ဂလာတိ 2:8-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား အရေဖျား​လှီး​ထား​သော​သူ​တို့​၏​တမန်တော်​ဖြစ်​စေရန် ပေတရု​အထဲ၌ စီမံ​လုပ်ဆောင်​တော်မူ​သော​အရှင်​သည် လူမျိုးခြား​တို့​၏​တမန်တော်​ဖြစ်​စေရန် ငါ့​အထဲ၌​လည်း စီမံ​လုပ်ဆောင်​တော်မူ​၏။ ဤသို့ဖြင့် မဏ္ဍိုင်​များ​ဖြစ်​သည်​ဟု မှတ်ယူ​ခြင်း​ခံရ​သော ယာကုပ်၊ ကေဖ​နှင့် ယောဟန်​တို့​သည် ငါ့​အား​ပေး​ထား​သော ကျေးဇူး​တော်​ကို​သိမြင်​၍ မိတ်ဖွဲ့​ခြင်း​လက်ယာ​လက်​ကို ငါ​နှင့်​ဗာနဗ​တို့​အား​ကမ်း​လျက် ငါ​တို့​သည် လူမျိုးခြား​တို့​ထံသို့​သွား​ရန်​နှင့် သူ​တို့​မူကား အရေဖျား​လှီး​ထား​သော​သူ​တို့​ထံသို့​သွား​ရန် သဘောတူ​ကြ​၏။