YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 37:11-14

ယေဇကျေလ 37:11-14 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​ဖြစ်​ကြ၏။ ငါ​တို့​အ​ရိုး​များ​သည် သွေ့​ခြောက်​ကြ၏။ မျှော်​လင့်​စ​ရာ​မ​ရှိ။ ငါ​တို့​သည် ဆုံး​ရှုံး​ကြ​ပြီ​ဟု သူ​တို့​ဆို​တတ်​ကြ၏။ သို့​ဖြစ်၍၊ ပ​ရော​ဖက်​ပြု​လျက် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​ချင်း​ငါ၏​လူ​တို့၊ သင်​တို့​သင်္ချိုင်း​တွင်း​များ​ကို ငါ​ဖွင့်၍ သင်​တို့​ကို ထုတ်​ပြီး​လျှင် ဣ​သ​ရေ​လ​ပြည်​သို့ ပို့​ဆောင်​မည်။ အ​ချင်း​ငါ၏​လူ​တို့၊ သင်​တို့​သင်္ချိုင်း​တွင်း​များ​ကို ငါ​ဖွင့်၍​သင်​တို့​ကို ထုတ်​ပြီး​လျှင်၊ အ​သက်​ရှင်​စေ​ခြင်း​ငှာ ငါ​သည် ကိုယ်​အ​သက်​ကို သွင်း​ပေး၍၊ သင်​တို့​ကို နေ​ရင်း​ပြည်၌ နေ​ရာ​ချ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​သည်​အ​တိုင်း ပြည့်​စုံ​ကြောင်း​ကို​လည်း သိ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ယေဇကျေလ 37:11-14 Common Language Bible (BCL)

ဘု​ရား​သ​ခင်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ထို​အ​ရိုး​များ​နှင့်​တူ ကြ​၏။ သူ​တို့​က​ငါ​တို့​သည်​သွေ့​ခြောက်​လျက် သေ​၍​နေ​လေ​ပြီ။ အ​နာ​ဂတ်​အ​တွက်​မျှော် လင့်​စ​ရာ​မ​ရှိ​တော့​ဟု​ဆို​ကြ​၏။- သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဟော​ပြော​လော့။ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​သင်္ချိုင်း များ​ကို​ဖွင့်​လှစ်​တော်​မူ​မည်​ဟု​ပြော​ကြား လော့။ ငါ​သည်​သူ​တို့​ကို​ထုတ်​ပြီး​နောက် ဣ​သ​ရေ​လ​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် သွား​မည်။- ငါ​၏​လူ​မျိုး​အား​မြှုပ်​နှံ​ထား​ရာ​သင်္ချိုင်း များ​ကို​ဖွင့်​လှစ်​၍​သူ​တို့​အား​ထုတ်​သော အ​ခါ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။- ငါ​သည်​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သူ​တို့​အား ပေး​သွင်း​၍ သူ​တို့​အား​အ​သက်​ပြန်​၍​ရှင် လာ​စေ​ပြီး​လျှင် မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင် နေ​ထိုင်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်။ ငါ​သည်​ဤ​အ​မှု​ကို​ပြု မည်​ဟု​က​တိ​ထား​တော်​မူ​ပြီ။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ယေဇကျေလ 37:11-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားရှင်​ထာဝရဘုရား​က “​အချင်း​လူသား​၊ ဤ​အရိုး​တို့​သည် အစ္စရေး​အမျိုးအနွယ် တစ်မျိုးနွယ်လုံး​ဖြစ်​၏​။ သူ​တို့​က ‘​ငါ​တို့​၏​အရိုး​သည် ခြောက်သွေ့​လျက်​ရှိ​၏​။ ငါ​တို့​၏​မျှော်လင့်ချက် ကုန်ဆုံး​ပြီ​။ ငါ​တို့​သည် ဖယ်ထုတ်​ခြင်း​ခံရ​လေ​ပြီ​’​ဟု ပြောဆို​တတ်​ကြ​၏​။ သို့ဖြစ်၍ သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က အို ငါ့​လူမျိုး​တော်​၊ ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​၏​သင်္ချိုင်းဂူ​များ​ကို​ဖွင့်​၍ သင်​တို့​အား ထို​သင်္ချိုင်းဂူ​မှ​ထုတ်ယူ​ပြီး အစ္စရေး​ပြည်​သို့ ပို့ဆောင်​မည်​။ အို ငါ့​လူမျိုး​တော်​၊ သင်​တို့​၏​သင်္ချိုင်းဂူ​များ​ကို ငါ​ဖွင့်​၍ သင်​တို့​အား ထို​သင်္ချိုင်းဂူ​များ​မှ ထုတ်ယူ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ ငါ့​ဝိညာဉ်​ကို သင်​တို့​အထဲ​သို့ သွင်းပေး​မည်​ဖြစ်၍ သင်​တို့​သည် အသက်ရှင်​လိမ့်မည်​။ သင်​တို့​ကို သင်​တို့​၏​နေရင်းပြည်​၌ နေရာချ​ထား​မည်​။ ထိုအခါ ငါ​ထာဝရဘုရား​သည် ပြော​လျှင်​ပြော​သည့်​အတိုင်း ပြု​တတ်​သည်​ကို သင်​တို့​သိ​ရ​ကြ​လိမ့်မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ပရောဖက်ပြု​ဟောပြော​လော့”​ဟု မိန့်ဆို​၏​။