YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 37:1-6

ယေဇကျေလ 37:1-6 Judson Bible (JBMLE)

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​ရှိ၍ ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ့​ကို​ပြင်​သို့ ဆောင်​သွား​လျက်၊ အ​ရိုး​တို့​နှင့် ပြည့်​သော​ချိုင့်​အ​လယ်၌ ထား​ပြီး​လျှင်၊ ထို​အ​ရိုး​တို့​ပတ်​လည်၌ လျှောက်​သွား​စေ​တော်​မူ၏။ ထို​ချိုင့်​မျက်​နှာ​ပြင်၌ များ​စွာ​သော​အ​ရိုး​တို့​သည်​ရှိ၍ အ​လွန်​သွေ့​ခြောက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် အ​သက်​ရှင်​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ငါ​က၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သိ​တော်​မူ​သည်​ဟု လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​အ​ရိုး​တို့​အ​ပေါ်​မှာ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​ရ​မည်​မှာ၊ အို သွေ့​ခြောက်​သော အ​ရိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ဤ​သွေ့​ခြောက်​သော အ​ရိုး​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​ထဲ​သို့ အ​သက်​ကို​သွင်း၍ သင်​တို့​သည် အ​သက်​ရှင်​ရ​ကြ​မည်။ သင်​တို့​အ​ပေါ်​မှာ အ​ကြော​တို့​ကို ငါ​တင်၍ အ​သား​ကို​တက်​စေ​မည်။ အ​ရေ​နှင့် ဖုံး​လွှမ်း၍၊ အ​သက်​ကို သွင်း​သ​ဖြင့် သင်​တို့​သည် အ​သက်​ရှင်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု၊

ယေဇကျေလ 37:1-6 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ငါ့​ကို လွှမ်း​မိုး​၍​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​သည် ငါ့ ကို​ဆောင်​သွား​ပြီး​လျှင်​အ​ရိုး​များ​ဖြင့်​ဖုံး လွှမ်း​နေ​သည့်​ချိုင့်​ဝှမ်း​တွင်​ချ​ထား​တော် မူ​၏။- ကိုယ်​တော်​သည်​ငါ့​အား​ထို​ချိုင့်​ဝှမ်း​တစ်​လျှောက် သို့​ခေါ်​ဆောင်​သွား​တော်​မူ​သ​ဖြင့် ထို​အ​ရပ်​၌ အ​ရိုး​အ​မြောက်​အ​မြား​ရှိ​သည့်​အ​ပြင်၊ ထို အ​ရိုး​တို့​သည်​အ​လွန်​သွေ့​ခြောက်​လျက်​နေ သည်​ကို​လည်း​ငါ​မြင်​ရ​လေ​သည်။- ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​အ​ရိုး​တို့ သည်​ပြန်​၍​အ​သက်​ရှင်​နိုင်​ကြ​မည်​လော'' ဟု​ငါ့​အား​မေး​တော်​မူ​လျှင်၊ ငါ​က``အို အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ဤ​မေး​ခွန်း ကို​ကိုယ်​တော်​ရှင်​သာ​လျှင်​ဖြေ​ကြား​တော် မူ​နိုင်​ပါ​၏'' ဟု​လျှောက်​ထား​၏။ ကိုယ်​တော်​က``အ​ရိုး​တို့​အား​ဟော​ပြော​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား တော်​ကို​နား​ထောင်​ကြ​ရန်​ထို​အ​ရိုး​တို့ အား​ပြော​ကြား​လော့။- ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​သူ​တို့​အား ငါ​သည်​သင်​တို့​အ​ထဲ​သို့ ထွက်​သက်​ဝင်​သက်​လေ​ကို​မှုတ်​သွင်း​ကာ သင် တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​တော်​မူ​မည်။- သင်​တို့​တွင်​အ​ကြော​များ​အ​သား​များ​တက် စေ​၍ အ​ရေ​များ​ဖြင့်​ဖုံး​လွှမ်း​ပေး​မည်။ သင် တို့​အ​ထဲ​သို့​ထွက်​သက်​ဝင်​သက်​လေ​ကို​မှုတ် သွင်း​ကာ​သင်​တို့​ကို​အ​သက်​ပြန်​၍​ရှင်​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​သည်​ကို​သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ယေဇကျေလ 37:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​သက်ရောက်​၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​ကို​ခေါ်ဆောင်​သွား​ပြီး အရိုး​များ​နှင့်​ပြည့်​သော ချိုင့်ဝှမ်း​တစ်​ခု​အလယ်​တွင် ချထား​၏​။ ထို့နောက် ထာဝရဘုရား​သည် ငါ့​အား ထို​အရိုး​တို့​ပတ်ပတ်လည်​သို့ လျှောက်သွား​စေ​၏​။ ချိုင့်ဝှမ်း​တစ်ပြင်လုံး​တွင် အရိုး​အမြောက်အမြား​ရှိ​၍ အလွန်​ခြောက်သွေ့​နေ​သည်​ကို တွေ့​ရ​၏​။ ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ ဤ​အရိုး​တို့ အသက်ရှင်​နိုင်​မည်လော​”​ဟု မေး​လျှင် ငါ​က “​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သိ​တော်မူ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ကိုယ်တော်​က ငါ့​အား ဤ​အရိုး​တို့​ကို ပရောဖက်ပြု​ဟောပြော​လော့​။ “အို အရိုး​ခြောက်​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ဤ​အရိုး​တို့​အား ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​အထဲ​သို့ အသက်လေ​ကို​မှုတ်သွင်း​၍ သင်​တို့​အသက်ရှင်​လာ​လိမ့်မည်​။ အရွတ်​ပေါ်လာ​စေ​မည်​။ အသား​တက်လာ​စေ​မည်​၊ အရေပြား​ဖြင့် ဖုံးအုပ်​စေ​မည်​။ သင်​တို့​အထဲ​သို့ အသက်​လေ​ကို​မှုတ်သွင်း​၍ သင်​တို့​ကို အသက်ရှင်​လာ​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။