YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 1:4-9

ယေဇကျေလ 1:4-9 Judson Bible (JBMLE)

ငါ​ကြည့်​ရှု၍၊ ပြင်း​စွာ​သော​လေ၊ ကြီး​စွာ​သော မိုး​တိမ်၊ ထွန်း​လင်း​သော မီး​စက်​သည် မြောက်​မျက်​နှာ​မှ ပေါ်​လာ၏။ မီး​စက်​ထဲ​က ဟ​ရှ​မေ​လ​ရွှေ​ရောင် ထွက်​လေ၏။ ထို​မီး​စက်​ထဲ​မှာ သ​တ္တ​ဝါ​လေး​ပါး​တို့​သည် ထင်​ရှား​ကြ၏။ ထို​သ​တ္တ​ဝါ​တို့၏ အ​ဆင်း​သ​ဏ္ဌာန်​ဟူ​မူ​ကား၊ လူ၏​ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍၊ မျက်​နှာ​လေး​ခု​စီ၊ အ​တောင်​လည်း​လေး​ခု​စီ​ရှိ​ကြ၏။ ခြေ​ထောက်​သည် ဖြောင့်​သော ခြေ​ထောက်​ဖြစ်၏။ ခြေ​ဖ​ဝါး​သည် နွား​သ​ငယ်၏ ခြေ​ဖ​ဝါး​ကဲ့​သို့ ဖြစ်၍ ဦး​သစ်​သော​ကြေး​ဝါ​ကဲ့​သို့ တောက်​လေ၏။ ကိုယ်​လေး​မျက်​နှာ အ​တောင်​အောက်၌ လူ​လက်​ရှိ၏။ ထို​လေး​ပါး​တို့​သည် မျက်​နှာ​တို့​နှင့်​လည်း​ကောင်း၊ အ​တောင်​တို့​နှင့်​လည်း​ကောင်း ပြည့်​စုံ​ကြ၏။ အ​တောင်​ချင်း တစ်​ခု​နှင့်​တစ်​ခု စပ်​လျက်​ရှိ၍၊ ထို​သ​တ္တ​ဝါ​တို့​သွား​သော​အ​ခါ တစ်​ပါး​မျှ​မ​လည်​ဘဲ တည့်​တည့် သွား​တတ်​ကြ၏။

ယေဇကျေလ 1:4-9 Common Language Bible (BCL)

ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မြောက်​အ​ရပ်​မှ လေ​မုန်​တိုင်း​တစ်​ခု​လာ​နေ​သည်​ကို​မြင်​ရ​၏။ မိုး​တိမ်​တိုက်​ကြီး​တစ်​ခု​မှ​လျှပ်​ပန်း​လျှပ်​နွယ်​များ​ထွက်​လျက် ထို​မိုး​တိမ်​၏​ပတ်​လည်​ရှိ​ကောင်း​ကင်​ပြင်​သည်​ဝင်း​ဝါ​တောက်​ပ​လျက်​နေ​၏။ လျှပ်​ပန်း​လျှပ်​နွယ်​ထွက်​ရာ​တွင်​ကြေး​ဝါ​နှင့်​တူ​သော​အ​ရာ​တစ်​ခု​သည်​အ​ရောင်​လက်​၍​နေ​၏။- မီး​တောက်​၏​အ​လယ်​ဗ​ဟို​တွင် သတ္တ​ဝါ​လေး​ဦး​နှင့်​တူ​သော​ပုံ​သဏ္ဌာန်​များ​ကို​ငါ​မြင်​ရ​၏။ သူ​တို့​သည်​လူ​၏​အ​သွင်​ကို​ဆောင်​၏။- သို့​ရာ​တွင်​သူ​တို့​၌​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​စီ​ရှိ​၏။- သူ​တို့​၏​ခြေ​တို့​သည်​ဖြောင့်​တန်း​လျက်​နေ​သော်​လည်း ယင်း​တို့​တွင်​နွား​ခွာ​နှင့်​တူ​သော​ခွာ​များ​ရှိ​၏။ ထို​သတ္တ​ဝါ​တို့​သည်​တိုက်​ချွတ်​ထား​သော​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​၏။- သူ​တို့​တွင်​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​အ​ပြင် တောင်​ပံ​တစ်​ခု​စီ​၏​အောက်​၌​လူ​လက်​ရှိ​၏။- ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး​ထိ​အောင်​တောင်​ပံ​နှစ်​ခု​စီ​ကို​ဖြန့်​လျက် ရှေ့​တူ​ရူ​သို့​အ​သီး​သီး​မျက်​နှာ​မူ​လျက်​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ကိုယ်​ကို​မ​လှည့်​ဘဲ​အ​စု​လိုက်​သွား​လာ​ကြ​၏။

ယေဇကျေလ 1:4-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​ကြည့်​လိုက်​သော် မြောက်ဘက်​အရပ်​မှ လေပြင်းမုန်တိုင်း လာ​နေ​သည်​ကို မြင်​ရ​၏​။ ထို​လေပြင်းမုန်တိုင်း​တွင် မီးတောက်မီးလျှံ​ဖြင့်​လင်းလက်​နေ​သော တိမ်တိုက်ကြီး​ပါလာ​၍ တိမ်တိုက်ကြီး​ပတ်ပတ်လည်​တွင် ထွန်းလင်း​တောက်ပ​လျက်​ရှိ​၏​။ မီးတောက်မီးလျှံ​အလယ်​တွင် အရောင်တောက်​နေ​သော ကြေးဝါ​ကဲ့သို့သော​အရာ​တစ်​ခု​လည်း​ပါ​၏​။ ထို​မီးတောက်မီးလျှံ​အလယ်​တွင်​လည်း သတ္တဝါ​သဏ္ဌာန်​လေး​ခု ပါလာ​၏​။ ထို​သတ္တဝါ​တို့​၏​သဏ္ဌာန်​သည် လူ​၏​သဏ္ဌာန်​နှင့်​တူ​၏​။ တစ်ပါးစီ​၌ မျက်နှာ​လေး​ခု​၊ တောင်ပံ​လေး​ခု ပါရှိ​၏​။ သူ​တို့​၏​ခြေ​သည် ဖြောင့်တန်း​၍ ခြေဖဝါး​မူကား နွားသငယ်​၏​ခွာ​နှင့်​တူ​ပြီး တိုက်ချွတ်​ထား​သော​ကြေးနီ​ကဲ့သို့ ပြောင်လက်​လျက်​ရှိ​၏​။ ဘေး​၌​ရှိ​သော အတောင်ပံ​လေး​ခု​အောက်​တွင် လူ​လက်​ပါ​၏​။ ထို​သတ္တဝါ​လေး​ပါး​တို့​တွင် မျက်နှာ​နှင့်​တောင်ပံ​များ​ရှိ​၏​။ အတောင်ပံ​တို့​သည် တစ်​ခု​နှင့်​တစ်​ခု ထိစပ်​လျက်​ရှိ​၏​။ ထို​သတ္တဝါ​လေး​ပါး​တို့​သည် သွား​သောအခါ​တွင်​လည်း ဟိုဘက်​သည်ဘက်​မ​လှည့်​ဘဲ မျက်နှာမူ​ရာ​သို့သာ တည့်တည့်​သွား​တတ်​၏​။