YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 1:4-9

ယေဇကျေလအနာဂတ္တိကျမ်း 1:4-9 MSBU

ငါ​ကြည့်​လိုက်​သော် မြောက်ဘက်​အရပ်​မှ လေပြင်းမုန်တိုင်း လာ​နေ​သည်​ကို မြင်​ရ​၏​။ ထို​လေပြင်းမုန်တိုင်း​တွင် မီးတောက်မီးလျှံ​ဖြင့်​လင်းလက်​နေ​သော တိမ်တိုက်ကြီး​ပါလာ​၍ တိမ်တိုက်ကြီး​ပတ်ပတ်လည်​တွင် ထွန်းလင်း​တောက်ပ​လျက်​ရှိ​၏​။ မီးတောက်မီးလျှံ​အလယ်​တွင် အရောင်တောက်​နေ​သော ကြေးဝါ​ကဲ့သို့သော​အရာ​တစ်​ခု​လည်း​ပါ​၏​။ ထို​မီးတောက်မီးလျှံ​အလယ်​တွင်​လည်း သတ္တဝါ​သဏ္ဌာန်​လေး​ခု ပါလာ​၏​။ ထို​သတ္တဝါ​တို့​၏​သဏ္ဌာန်​သည် လူ​၏​သဏ္ဌာန်​နှင့်​တူ​၏​။ တစ်ပါးစီ​၌ မျက်နှာ​လေး​ခု​၊ တောင်ပံ​လေး​ခု ပါရှိ​၏​။ သူ​တို့​၏​ခြေ​သည် ဖြောင့်တန်း​၍ ခြေဖဝါး​မူကား နွားသငယ်​၏​ခွာ​နှင့်​တူ​ပြီး တိုက်ချွတ်​ထား​သော​ကြေးနီ​ကဲ့သို့ ပြောင်လက်​လျက်​ရှိ​၏​။ ဘေး​၌​ရှိ​သော အတောင်ပံ​လေး​ခု​အောက်​တွင် လူ​လက်​ပါ​၏​။ ထို​သတ္တဝါ​လေး​ပါး​တို့​တွင် မျက်နှာ​နှင့်​တောင်ပံ​များ​ရှိ​၏​။ အတောင်ပံ​တို့​သည် တစ်​ခု​နှင့်​တစ်​ခု ထိစပ်​လျက်​ရှိ​၏​။ ထို​သတ္တဝါ​လေး​ပါး​တို့​သည် သွား​သောအခါ​တွင်​လည်း ဟိုဘက်​သည်ဘက်​မ​လှည့်​ဘဲ မျက်နှာမူ​ရာ​သို့သာ တည့်တည့်​သွား​တတ်​၏​။