YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 34:6-7

ထွက်မြောက်ရာ 34:6-7 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ရှေ့၌​ကြွ​သွား​တော်​မူ​လျက်၊ ထာ​ဝ​ရ​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား၊ ချစ်​သ​နား​ခြင်း​မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့် ကြွယ်​ဝ​တော်​မူ​ထ​သော၊ အ​ထောင်​အ​သောင်း​များ​သော​သူ​တို့​အား သ​နား​ခြင်း​ကျေး​ဇူး​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​ဓ​မ္မ​ကျင့်​ခြင်း၊ တ​ရား​တော်​ကို​လွန်​ကျူး​ခြင်း၊ ပြစ်​မှား​ခြင်း​အ​ပြစ်​တို့​ကို ဖြေ​လွှတ်​သော်​လည်း၊ အ​ချည်း​နှီး​သက်​သက် ဖြေ​လွှတ်​တော်​မ​မူ​ထ​သော၊ သား​စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌​ဆပ်​ပေး​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ဟု ကြွေး​ကြော်​တော်​မူ၏။

ထွက်မြောက်ရာ 34:6-7 Common Language Bible (BCL)

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ရှေ့ တွင်​ဖြတ်​ကြွ​သွား​လျက်``ငါ​ထာ​ဝရ​ဘု​ရား သည်​သ​နား​က​ရု​ဏာ​နှင့်​ပြည့်​စုံ​သော​ဘု​ရား၊ စိတ်​ရှည်​၍​ကျေး​ဇူး​က​ရု​ဏာ​နှင့်​ကြွယ်​ဝ သော​ဘု​ရား၊ သစ္စာ​တည်​သော​ဘု​ရား​ဖြစ်​၏။- ငါ​သည်​ထောင်​သောင်း​မ​က​များ​ပြား​သော အ​မျိုး​အ​စဉ်​အ​ဆက်​တို့​အား ငါ​၏​က​တိ သစ္စာ​ကို​တည်​စေ​မည်။ ငါ​သည်​ဒု​စ​ရိုက်​နှင့် အ​ပြစ်​တို့​အ​တွက်​လူ​တို့​အား​အ​ပြစ်​လွှတ် မည်။ သို့​ရာ​တွင်​မိ​ဘ​တို့​၏​အ​ပြစ်​ကို​သား စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တုတ္ထ အ​ဆက်​သို့​တိုင်​အောင်​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။

ထွက်မြောက်ရာ 34:6-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​သည် သူ့​ရှေ့​မှ​ဖြတ်သွား​၍ “​ထာဝရဘုရား​၊ ထာဝရဘုရား​သည် သနားစုံမက်​တတ်​သော​ဘုရား​၊ ကျေးဇူးပြု​တတ်​သော​ဘုရား​၊ စိတ်ရှည်​သော​ဘုရား​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား​၊ သစ္စာတည်​သော​ဘုရား​ဖြစ်​၏​။ မျိုးဆက်​အထောင်​အသောင်း​တို့​အား မေတ္တာကရုဏာ​ထား​၍ ကျူးလွန်​သော​ဒုစရိုက်​အပြစ်​တို့​ကို​ခွင့်လွှတ်​သော်လည်း အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​။ ဖခင်​တို့​၏​အပြစ်​ကို သား​မြေး​တို့​အပေါ် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် အပြစ်ဒဏ်​ကျရောက်​စေ​သော​ဘုရား​ဖြစ်​သည်​”​ဟု မြွက်ဆို​တော်မူ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။