YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 3:1-4

ထွက်မြောက်ရာ 3:1-4 Judson Bible (JBMLE)

မော​ရှေ​သည်၊ မိ​မိ​ယော​က္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ယေ​သ​ရော၏​သိုး​ဆိတ်​များ​ကို ထိန်း​စဉ်၊ တော​နောက်​ဘက်​သို့​ဆောင်​သွား၍၊ ဟော​ရပ်​အ​မည်​ရှိ​သော ဘု​ရား​သ​ခင်၏​တောင်​သို့ ရောက်​လေ၏။ ထို​အ​ခါ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​သည် ချုံ​ထဲ​က​ထွက်​သော မီး​လျှံ၌​ထင်​ရှား၏။ မော​ရှေ​သည်​ကြည့်​သော​အ​ခါ၊ မီး​လောင်၍ ချုံ​မ​ကျွမ်း​ဘဲ​ရှိ​သည်​ကို မြင်​လျှင်၊ အ​ဘယ်​ကြောင့် ချုံ​မ​ကျွမ်း​ဘဲ​ရှိ​သ​နည်း။ ဤ​ထူး​ဆန်း​သော​ရူ​ပါ​ရုံ​ကို ငါ​သွား၍ ကြည့်​ရှု​မည်​ဟု​ဆို၏။ မော​ရှေ​သွား၍ ကြည့်​ရှု​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​မြင်​တော်​မူ​လျှင်၊ မော​ရှေ၊ မော​ရှေ​ဟု ချုံ​ထဲ​က​ခေါ်​တော်​မူ၏။ မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​ရှိ​ပါ၏​ဟု လျှောက်​လေ၏။

ထွက်မြောက်ရာ 3:1-4 Common Language Bible (BCL)

မော​ရှေ​သည်​သူ​၏​ယောက္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော ဟိတ်​ယေ​သ​ရော​၏​သိုး​ဆိတ်​များ​ကို​ထိန်း ကျောင်း​လျက်​ရှိ​စဉ်၊ တော​ကန္တာ​ရ​ကို​ဖြတ်​၍ သိုး​ဆိတ်​များ​ကို​မောင်း​နှင်​လာ​ရာ၊ ဟော​ရပ် ဟု​ခေါ်​သော​ဘု​ရား​သ​ခင်​၏​တောင်​သို့​ရောက် ရှိ​လာ​လေ​၏။- ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင် တ​မန်​သည်​ချုံ​တစ်​ခု​အ​လယ်​မှ မီး​တောက် လောင်​နေ​သည့်​မီး​လျှံ​အ​သွင်​ဖြင့်​ထွက်​လာ​၍ မော​ရှေ​အား​ထင်​ရှား​ပြ​၏။ ချုံ​သည်​မီး​တောက် နေ​သော်​လည်း​လောင်​ကျွမ်း​ခြင်း​မ​ရှိ​ကြောင်း မော​ရှေ​တွေ့​မြင်​ရ​၏။- ထို့​ကြောင့်​သူ​က``ငါ​သည်​အ​နီး​သို့​ချဉ်း​ကပ် ၍ ထို​ထူး​ဆန်း​သော​ရူ​ပါ​ရုံ​ကို​ကြည့်​ဦး​မည်'' ဟု​အ​ကြံ​ရှိ​လေ​၏။ မော​ရှေ​အ​နီး​သို့​ချဉ်း​ကပ်​လာ​သည်​ကို​မြင် တော်​မူ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်​ချုံ​အ​လယ် မှ``မော​ရှေ၊ မော​ရှေ'' ဟူ​၍​ခေါ်​တော်​မူ​၏။ ထို​အ​ခါ​မော​ရှေ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏ အ​ရှင်​ဘု​ရား'' ဟု​လျှောက်​လေ​၏။

ထွက်မြောက်ရာ 3:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မောရှေ​သည် မိမိ​ယောက္ခမ မိဒျန်​ယဇ်ပုရောဟိတ်​ယေသရော​၏​သိုးဆိတ်​တို့​ကို ထိန်းကျောင်း​နေ​စဉ် သူ​သည် သိုးဆိတ်​တို့​ကို တောကန္တာရ​အနောက်ဘက်​သို့​နှင်​သွား​ရာ ဟောရပ် ဟု​ခေါ်​သော​ဘုရားသခင်​၏​တောင်​သို့ ရောက်​လေ​၏​။ ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် မောရှေ​အား ချုံပုတ်​အလယ် မီး​လျှံ​ထဲမှ ကိုယ်​ထင်ရှားပြ​လေ​၏​။ မောရှေ​ကြည့်​လိုက်​သောအခါ ချုံပုတ်​သည် မီး​တောက်လောင်​နေ​သော်လည်း ကျွမ်းသွား​ခြင်း​မ​ရှိ​သည်​ကို မြင်​လျှင် မောရှေ​က “​အဘယ်ကြောင့် ချုံပုတ်​ကျွမ်းသွား​ခြင်း​မ​ရှိ​သနည်း​။ ဤ​ထူးဆန်း​သော​အရာ​ကို ငါ​သွား​ကြည့်​မည်​”​ဟု ဆို​၏​။ ချုံပုတ်​ကို​ကြည့်​ရန် မောရှေ​သွား​သည်​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။ ဘုရားသခင်​က “​မောရှေ​၊ မောရှေ​”​ဟု ချုံပုတ်​ထဲ​မှ​ခေါ်​လျှင် မောရှေ​က “​အကျွန်ုပ်​ရှိ​ပါ​သည်​”​ဟု ထူး​လေ​၏​။