ထွက်မြောက်ရာ 27:20-21
ထွက်မြောက်ရာ 27:20-21 Judson Bible (JBMLE)
ပရိသတ်စည်းဝေးရာတဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကိုကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ်မပြတ်မီးထွန်းစရာဖို့၊ သံလွင်သီးကို ထောင်း၍ယူသောသံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသားတို့သည် ဆောင်ခဲ့ရကြမည်အကြောင်း ဆင့်ဆိုလော့။ အာရုန်နှင့် သူ၏သားတို့သည်၊ ညဉ့်ဦးမှသည် နံနက်တိုင်အောင်၊ ထာဝရဘုရားရှေ့တော်၌ ထိုအမှုကိုစီရင်ရမည်။ ဣသရေလအမျိုးတို့သည်၊ သားအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
ထွက်မြောက်ရာ 27:20-21 Common Language Bible (BCL)
``ဆီမီးတိုင်ကိုညနေတိုင်းထွန်းညှိနိုင်ရန် အ ကောင်းဆုံးသံလွင်ဆီကိုယူဆောင်ခဲ့ကြလော့ ဟု ဣသရေလအမျိုးသားတို့အားဆင့်ဆို လော့။- အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။
ထွက်မြောက်ရာ 27:20-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မီးခွက်အစဉ်မပြတ်လင်းနေစေဖို့ မီးထွန်းရန်အတွက် ထောင်းယူသောသံလွင်ဆီသန့်ကို သင့်ထံသို့ယူဆောင်လာရန် အစ္စရေးအမျိုးသားတို့အား သင်ဆင့်ဆိုရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။