YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 25:1-8

ထွက်မြောက်ရာ 25:1-8 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ငါ့​အား လက်​ဆောင်​ပ​ဏ္ဏာ​ကို ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။ ကြည်​ညို​သော​စေ​တ​နာ​စိတ်​နှင့် ငါ့​အား လှူ​သ​မျှ​သော​သူ​တို့၌ သင်​သည် အ​လှူ​ကို​ခံ​ရ​မည်။ ခံ​ရ​သော​အ​လှူ​ဟူ​မူ​ကား၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော၊ ဆိတ်​မွေး။ အ​နီ​ဆိုး​သော​သိုး​ရေ၊ တ​ဟာ​ရှ​သား​ရေ၊ အ​ကာ​ရှ​သစ်​သား။ လိမ်း​ရန်​ဆီ​ဖော်​ဖို့၊ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး​ဖော်​ဖို့​ရာ၊ နံ့​သာ​မျိုး၊ မီး​ထွန်း​စ​ရာ​ဆီ၊ ရှ​ဟံ​ကျောက်၊ ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​နှင့် ရင်​ဖွဲ့၌ စီ​စ​ရာ​ကျောက်​မြတ်​တည်း​ဟူ​သော အ​လှူ​ကို​ခံ​ရ​မည်။ ငါ​သည် သင်​တို့​တွင်​ကျိန်း​ဝပ်​ရာ​ဖို့ သန့်​ရှင်း​ရာ​ဌာ​န​ကို​လုပ်​ကြ​စေ။

ထွက်မြောက်ရာ 25:1-8 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ ပ​ညတ်​ချက်​များ​ကို​မိန့်​မြွက်​တော်​မူ​၏။- ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​အား လှူ​ဖွယ်​ပစ္စည်း​တို့​ကို​ဆက်​သ​ရ​မည်​ဟူ​၍ ပြော​ကြား​လော့။ သင်​သည်​အ​မျိုး​သား​တိုင်း ထံ​မှ​စေ​တ​နာ​အ​လျောက် ပေး​လှူ​သ​မျှ ပစ္စည်း​တို့​ကို​လက်​ခံ​ရ​မည်။- သင်​လက်​ခံ​ရ​မည့်​လှူ​ဖွယ်​ပစ္စည်း​များ​သည် ကား ရွှေ၊ ငွေ၊ ကြေး​ဝါ၊- ပိတ်​ချော၊ သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်၊ ဆိတ်​မွေး​အ​ထည်၊- အ​နီ​ဆိုး​သော​သိုး​ထီး​သား​ရေ၊ သား​ရေ​ချော၊ အ​ကာ​ရှ​သစ်​သား၊- မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​သွန်း​ရန်​ဆီ​နှင့်​မီး​ရှို့ ရာ​နံ့​သာ​ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်၊- ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း နှင့်​ရင်​ဖုံး​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့် အ​ခြား​သော​ကျောက်​မျက်​ရ​တ​နာ​များ ဖြစ်​၏။- ငါ​သည်​သူ​တို့​နှင့်​အ​တူ​နေ​နိုင်​ရန် ငါ့​အ​တွက် တဲ​တော်​ကို​တည်​ဆောက်​ရ​ကြ​မည်။

ထွက်မြောက်ရာ 25:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က မောရှေ​အား “​ငါ့​ထံသို့ အလှူပစ္စည်း​ကို​ယူဆောင်​လာ​ကြ​မည့်​အကြောင်း အစ္စရေး​အမျိုးသား​တို့​အား​ဆင့်ဆို​လော့​။ ငါ့​အား စေတနာ​စိတ်​ဖြင့်​ပေးလှူ​သူ​အပေါင်း​တို့​ထံမှ အလှူပစ္စည်း​ကို သင်​တို့​ခံယူ​ရ​မည်​။ သူ​တို့​ထံမှ သင်​ခံယူ​ရ​မည့် အလှူပစ္စည်း​ဟူမူကား ရွှေ​၊ ငွေ​၊ ကြေးနီ​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​၊ ပိတ်ချောထည်​၊ ဆိတ်မွေး​၊ အနီရောင်ဆိုး​ထား​သော​သိုးထီး​သားရေ​၊ တဟာရှ​သားရေ​၊ အကေရှား​သစ်သား​၊ မီးထွန်း​ရန်​အတွက် ဆီ​၊ ဘိသိက်​ဆီ​နှင့်​အမွှေးနံ့သာပေါင်း​အတွက် အမွှေးနံ့သာ​များ​၊ ဧဖုဒ်​နှင့်​ရင်ခံပြား​အတွက် မဟူရာကြောင်ဝင်​ကျောက်​များ​နှင့်​စီခြယ်စရာ​ကျောက်​များ စသည်​တို့​ဖြစ်​ကြ​၏​။ သူ​တို့​အလယ်​၌ ငါ​ကိန်းဝပ်​ဖို့​ရန် သူ​တို့​သည် ငါ့​အဖို့ သန့်ရှင်းရာဌာန​ကို​လုပ်​ကြ​စေ​။