ထွက်မြောက်ရာ 21:23-25
ထွက်မြောက်ရာ 21:23-25 Judson Bible (JBMLE)
အခြားသောအနာဖြစ်လျှင်၊ အသက်အတွက် အသက်ကိုလည်းကောင်း၊ မျက်စိအတွက် မျက်စိကိုလည်းကောင်း၊ သွားအတွက် သွားကိုလည်းကောင်း၊ လက်အတွက် လက်ကိုလည်းကောင်း၊ ခြေအတွက် ခြေကိုလည်းကောင်း၊ မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကိုလည်းကောင်း၊ ရှနခြင်းအတွက် ရှနခြင်းကိုလည်းကောင်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကိုလည်းကောင်း ခံရမည်။
ထွက်မြောက်ရာ 21:23-25 Common Language Bible (BCL)
သို့ရာတွင်မိန်းမအားအနာတရဖြစ်စေလျှင် အသက်အစားအသက်၊- မျက်စိအစားမျက်စိ၊ သွားအစားသွား၊ လက်အစားလက်၊ ခြေအစားခြေ၊- မီးလောင်ခြင်းအစားမီးလောင်ခြင်း၊ ထိရှ ခြင်းအစားထိရှခြင်း၊ ဒဏ်ရာအစားဒဏ် ရာကိုခံစေရမည်။
ထွက်မြောက်ရာ 21:23-25 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အကယ်၍ အန္တရာယ်ဖြစ်လျှင် အသက်အတွက် အသက်၊ မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား၊ လက်အတွက် လက်၊ ခြေအတွက် ခြေ၊ မီးလောင်ခြင်းအတွက် မီးလောင်ခြင်း၊ ထိခိုက်ဒဏ်ရာအတွက် ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာအတွက် ပွန်းပဲ့ဒဏ်ရာ ပြန်ပေးဆပ်ရမည်။