ထွက်မြောက်ရာ 2:7-8
ထွက်မြောက်ရာ 2:7-8 Judson Bible (JBMLE)
သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကိုထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ခေါ်ရပါမည်လောဟု ဖာရောဘုရင်၏သမီးတော်အား မေးလျှောက်၍၊ မင်းသမီးကသွားလော့ဟု အခွင့်ပေးလျှင်၊ မိန်းမငယ်သွား၍ သူငယ်၏အမိကိုခေါ်လေ၏။
ထွက်မြောက်ရာ 2:7-8 Common Language Bible (BCL)
ထိုအခါကလေး၏အစ်မက``အရှင်မ အတွက် ဟေဗြဲနို့ထိန်းတစ်ဦးခေါ်ပေးရ ပါမည်လော'' ဟုမေးလျှင်၊ မင်းသမီးက``သွား၍ခေါ်လော့'' ဟုဆိုလေ ၏။ ထိုကြောင့်မိန်းမငယ်သည်ကလေး၏ မိခင်ကိုခေါ်ခဲ့ရာ၊
ထွက်မြောက်ရာ 2:7-8 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ သူငယ်၏အစ်မက ဖာရောမင်းကြီး၏သမီးတော်အား “သူငယ်ကို ကြည့်ရှုစောင့်ရှောက်ရန် ဟေဗြဲအမျိုးသမီးထဲမှ နို့ထိန်းတစ်ဦးကို သခင်မအတွက် သွားခေါ်ပေးရမည်လော”ဟု မေးလျှောက်၏။ ဖာရောမင်းကြီး၏သမီးတော်ကလည်း “သွားခေါ်လော့”ဟု ဆိုသဖြင့် မိန်းမငယ်သည် သွား၍ သူငယ်၏မိခင်ကို ခေါ်လာ၏။