YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 2:15-25

ထွက်မြောက်ရာ 2:15-25 Judson Bible (JBMLE)

ထို​သ​တင်း​ကို ဖာ​ရော​ဘု​ရင်​ကြား​သော​အ​ခါ၊ မော​ရှေ​ကို​သတ်​ခြင်း​ငှာ ရှာ​ကြံ​လေ၏။ မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​ပြေး၍၊ မိ​ဒျန်​ပြည်​သို့ ရောက်​လျှင်၊ ရေ​တွင်း​နား​မှာ​ထိုင်၍​နား​နေ​လေ၏။ ထို​အ​ခါ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်၏​သ​မီး ညီ​အစ်​မ​ခု​နစ်​ယောက်​တို့​သည်၊ မိ​မိ​တို့​အ​ဘ၏​သိုး​ဆိတ်​များ​ကို ရေ​တိုက်​ခြင်း​ငှာ​လာ၍​ရေ​ခပ်​ပြီး​လျှင်၊ ရေ​သောက်​ခွက်​တို့​၌ လောင်း​ကြ​၏။ သိုး​ထိန်း​အ​ချို့​တို့​လည်း​လာ၍ သိုး​ဆိတ်​များ​ကို​မောင်း​ကြ​၏။ ထို​အ​ခါ မော​ရှေ​သည်​ထ၍ ထို​မိန်း​မ​တို့​ဘက်၌​နေ​လျက်၊ သိုး​ဆိတ်​များ​ကို​ရေ​တိုက်​လေ၏။ ထို​မိန်း​မ​တို့​သည် အ​ဘ​ရွေ​လ​ထံ​သို့​ရောက်​ကြ​သော်၊ အ​ဘ​က အ​ဘယ်​ကြောင့် ယ​နေ့​အ​လျင်​အ​မြန်​ရောက်​လာ​ရ​ကြ​သ​နည်း​ဟု မေး​လေ​၏။ သူ​တို့​က​လည်း၊ အဲ​ဂု​တ္တု​လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​တို့​ကို​သိုး​ထိန်း​တို့​လက်​မှ ကယ်​နုတ်၍၊ ရေ​လို​သ​မျှ​ကို​ခပ်​သ​ဖြင့်၊ သိုး​ဆိတ်​များ​ကို​ရေ​တိုက်​ပါ​သည်​ဟု ပြန်​ပြော​၏။ အ​ဘ​က​လည်း၊ ထို​သူ​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ဘယ်​ကြောင့် သူ့​ကို​ပစ်​ထား​ခဲ့​သ​နည်း။ အ​စာ​စား​စေ​ခြင်း​ငှာ သူ့​ကို​ခေါ်​ချေ​ကြ​ဟု ဆို​လေ​၏။ မော​ရှေ​သည် ထို​သူ​ထံ​မှာ​နေ၍​ပျော်​မွေ့​သ​ဖြင့်၊ သ​မီး​ဇိ​ပေါ​ရ​ကို​မော​ရှေ​အား ထိမ်း​မြား​ပေး​စား​လေ​၏။ ထို​မိန်း​မ​ဖွား​သော​သား​ကို ဂေ​ရ​ရှုံ​အ​မည်​ဖြင့်​မှည့်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​တစ်​ကျွန်း​တစ်​နိုင်​ငံ၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ရ​ပြီ​ဟု​ဆို​သ​တည်း။ ကာ​လ​အင်​တန်​ကြာ​ပြီး​မှ၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် အ​နိ​စ္စ​ရောက်​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လည်း အ​စေ​ကျွန်​ခံ​ရ​သော​ကြောင့် ညည်း​တွား​ငို​ကြွေး​ကြ​၏။ ထို​သို့​အ​စေ​ကျွန်​ခံ၍ ငို​ကြွေး​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့ တက်​ရောက်​လေ​၏။ သူ​တို့ ညည်း​တွား​မြည်​တမ်း​ခြင်း​အ​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ​လျှင်၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​ပြု​ခဲ့​ဖူး​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့​တော်​မူ၏။ ဘု​ရား​သ​ခင်​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြည့်​ရှု၍ သူ​တို့​အ​မှု​ကို ဆင်​ခြင်​တော်​မူ​၏။

ထွက်မြောက်ရာ 2:15-25 Common Language Bible (BCL)

ဖာ​ရော​ဘု​ရင်​သည်​ထို​သ​တင်း​ကို​ကြား​ရ​သော အ​ခါ မော​ရှေ​အား​သတ်​ရန်​ကြံ​စည်​လေ​၏။ သို့ ရာ​တွင်​မော​ရှေ​သည်​ထွက်​ပြေး​၍​မိ​ဒျန်​ပြည် ၌​နေ​ထိုင်​လေ​၏။ တစ်​နေ့​သ​၌​မော​ရှေ​သည်​ရေ​တွင်း​အ​နီး​၌​ထိုင် နေ​စဉ် မိ​ဒျန်​ပြည်​၌​နေ​ထိုင်​သော​ယဇ်​ပု​ရော​ဟိတ် ယေ​သ​ရော​၏​သ​မီး​ခု​နစ်​ယောက်​တို့​သည် ဖ​ခင် ၏​သိုး​နှင့်​ဆိတ်​များ​အ​တွက်​ရေ​တွင်း​မှ​ရေ​ခပ် ပြီး​လျှင် ရေ​သောက်​ခွက်​တွင်​ရေ​ဖြည့်​ရန်​လာ ကြ​၏။- သို့​ရာ​တွင်​သိုး​ထိန်း​အ​ချို့​တို့​သည်​ယေ​သ​ရော ၏​သ​မီး​တို့​ကို​နှင်​ပစ်​လေ​၏။ ထို​အ​ခါ​မော​ရှေ သည်​အ​မျိုး​သ​မီး​တို့​ကို​ကူ​ညီ​သည့်​အ​နေ ဖြင့်၊ သူ​တို့​၏​သိုး​နှင့်​ဆိတ်​များ​ကို​သူ​ကိုယ် တိုင်​ရေ​တိုက်​လေ​၏။- အ​မျိုး​သ​မီး​တို့​သည်​ဖ​ခင်​ယေ​သ​ရော​ထံ​သို့ ပြန်​ရောက်​လာ​ကြ​သော​အ​ခါ၊ ဖ​ခင်​က``သင်​တို့ ယ​နေ့​အိမ်​သို့​အ​ပြန်​စော​လှ​ချည့်​လား'' ဟု ဆို​လေ​၏။ သူ​တို့​က``အီ​ဂျစ်​ပြည်​သား​တစ်​ယောက်​က ကျွန်​မ​တို့​အား သိုး​ထိန်း​တို့​ရန်​မှ​ကာ​ကွယ် ပေး​သည့်​အ​ပြင်​ကျွန်​မ​တို့​၏​သိုး​ဆိတ်​များ အ​တွက်​ရေ​ခပ်​၍​တိုက်​ပါ​သည်'' ဟု​ပြန်​ဖြေ ကြ​၏။ ဖ​ခင်​က``ထို​သူ​ယ​ခု​အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ့​ကို​ထား​ခဲ့​ကြ​သ​နည်း။ သူ့ ကို​ဧည့်​ဝတ်​ပြု​ရန်​သွား​၍​ဖိတ်​ခေါ်​လော့'' ဟု စေ​ခိုင်း​လေ​၏။ မော​ရှေ​သည်​ယေ​သ​ရော​နှင့်​အ​တူ​နေ​ထိုင်​၍၊ ယေ​သ​ရော​၏​သ​မီး​ဇိ​ပေါ​ရ​နှင့်​အိမ်​ထောင် ဘက်​ပြု​လေ​၏။- ဇိ​ပေါ​ရ​သည်​သား​တစ်​ယောက်​ကို​ဖွား​မြင်​သော အ​ခါ၊ မော​ရှေ​က``ငါ​သည်​တစ်​ရပ်​တစ်​ကျေး​တွင် ဧည့်​သည်​ဖြစ်​ရ​ပါ​သည်'' ဟု​ဆို​၍​ထို​သား​ကို ဂေ​ရ​ရှုံ​ဟု​နာ​မည်​မှည့်​လေ​၏။ ကာ​လ​အ​တန်​ကြာ​သော် အီ​ဂျစ်​ပြည်​ဘု​ရင် အ​နိစ္စ​ရောက်​လေ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့် ညည်း​ညူ​လျက်​ရှိ​ရ​ကြ​သေး​၏။ ကျွန်​ခံ​ရ သော​ဘ​ဝ​မှ​လွတ်​မြောက်​ရေး​အ​တွက် သူ​တို့ အော်​ဟစ်​တောင်း​လျှောက်​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ရောက်​လေ​၏။- ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ညည်း ညူ​သံ​ကို​ကြား​တော်​မူ​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို သတိ​ရ​လျက်၊- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ခံ​ရ​သော​ဒုက္ခ ဆင်း​ရဲ​ခြင်း​ကို ရှု​မြင်​သိ​မှတ်​တော်​မူ​၏။

ထွက်မြောက်ရာ 2:15-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အမှု​ကို ဖာရော​မင်းကြီး​ကြားသိ​သောအခါ မောရှေ​ကို​သတ်​ရန်​ရှာကြံ​သဖြင့် မောရှေ​သည် ဖာရော​မင်းကြီး​ထံမှ ထွက်ပြေး​၍ မိဒျန်​ပြည်​၌​နေထိုင်​လေ​၏​။ သူ​သည် ရေတွင်း​နား​မှာ ထိုင်​နေ​စဉ် မိဒျန်​ယဇ်ပုရောဟိတ်​၏​သမီး​ခုနစ်​ယောက်​သည် ရောက်လာ​၍ မိမိ​တို့​ဖခင်​၏​သိုးဆိတ်​တို့​ကို ရေတိုက်​ရန် ရေခပ်​ကြ​ပြီး ရေစားကျင်း​များ​ကို​ဖြည့်​ကြ​၏​။ ထိုအခါ သိုးထိန်း​တို့​သည်​ရောက်လာ​၍ သူ​တို့​ကို​နှင်ထုတ်​ကြ​သဖြင့် မောရှေ​သည် ထ​၍ ထို​မိန်းမ​တို့​ကို​ကာကွယ်​ပေး​ပြီး သူ​တို့​၏​သိုးဆိတ်​တို့​ကို ရေတိုက်​လေ​၏​။ သူ​တို့​သည် ဖခင်​ရွေလ​ထံသို့ ပြန်ရောက်​သော် ဖခင်​က “​ယနေ့ သင်​တို့ အဘယ်ကြောင့် စောစော​ပြန်ရောက်​ကြ​သနည်း​”​ဟု မေး​လေ​၏​။ သူ​တို့​က​လည်း “​အီဂျစ်​အမျိုးသား​တစ်​ဦး​သည် ကျွန်မ​တို့​ကို သိုးထိန်း​တို့​လက်​မှ ကယ်နုတ်​၍ ရေ​လိုသမျှ​ခပ်​ပေး​ပါ​၏​။ သိုးဆိတ်​တို့​ကို​လည်း ရေတိုက်​ပေး​ပါ​၏​”​ဟု ပြန်ပြော​ကြ​၏​။ ထိုအခါ ဖခင်​က မိမိ​သမီး​တို့​အား “​ထို​သူ အဘယ်မှာ​ရှိ​သနည်း​။ သူ့​ကို အဘယ်ကြောင့် ထားခဲ့​သနည်း​။ အစားအစာ​စားသောက်​ရန် သူ့​ကို​သွားခေါ်​လော့​”​ဟု ဆို​၏​။ မောရှေ​သည် ရွေလ​နှင့်အတူ​နေထိုင်​ရန် သဘောတူ​၍ ရွေလ​သည် သူ​၏​သမီး​ဇိပေါရ​ကို မောရှေ​နှင့်​ပေးစား​လေ​၏​။ ဇိပေါရ​သည် သား​ကို​မွေးဖွား​လျှင် မောရှေ​က “​ငါ​သည် တစ်ပါးအမျိုးသား​ပြည်​၌ ဧည့်သည်​ဖြစ်​ရ​ပြီ​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ဂေရရှုံ ဟု​မှည့်ခေါ်​၏​။ ကာလ​အတန်ကြာ​ပြီးနောက် အီဂျစ်​ဘုရင်​သည်​လည်း အနိစ္စရောက်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း ကျွန်ပြု​ခံရ​သောကြောင့် ညည်းတွား​၍ အော်ဟစ်​ကြ​၏​။ ထိုသို့ ကျွန်ပြု​ခံရ​သောကြောင့် အော်ဟစ်​သော​သူ​တို့​၏​အသံ​သည် ဘုရားသခင်​အထံ​တော်​သို့ ရောက်​လေ​၏​။ ဘုရားသခင်​သည် သူ​တို့​၏​ညည်းတွား​မြည်တမ်း​သံ​ကို​ကြား​တော်မူ​လျှင် အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​နှင့် ပြု​ခဲ့​သော​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​၏​။ ဘုရားသခင်​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြည့်ရှု​တော်မူ​၍ သူ​တို့​ကို သိမှတ်​တော်မူ​၏​။