YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 2:14-15

ထွက်မြောက်ရာ 2:14-16 Common Language Bible (BCL)

ထို​သူ​က``ငါ​တို့​အ​မှု​ကို​စီ​ရင်​ရန်​မည်​သူ က သင့်​အား​တ​ရား​သူ​ကြီး​အ​ဖြစ်​ခန့်​ထား သ​နည်း။ သင်​သည်​အီ​ဂျစ်​အ​မျိုး​သား​ကို သတ်​သ​ကဲ့​သို့ ငါ့​ကို​သတ်​ချင်​သေး​သ​လော'' ဟု​ပြန်​ပြော​လေ​၏။ ထို​အ​ခါ​မော​ရှေ​သည်​မိ​မိ ပြု​လုပ်​ခဲ့​သော​အ​မှု​ကို​လူ​တို့​သိ​ကုန်​ကြ ပြီ​ဟူ​၍​ဆို​လျက်​ထိတ်​လန့်​လေ​၏။- ဖာ​ရော​ဘု​ရင်​သည်​ထို​သ​တင်း​ကို​ကြား​ရ​သော အ​ခါ မော​ရှေ​အား​သတ်​ရန်​ကြံ​စည်​လေ​၏။ သို့ ရာ​တွင်​မော​ရှေ​သည်​ထွက်​ပြေး​၍​မိ​ဒျန်​ပြည် ၌​နေ​ထိုင်​လေ​၏။ တစ်​နေ့​သ​၌​မော​ရှေ​သည်​ရေ​တွင်း​အ​နီး​၌​ထိုင် နေ​စဉ် မိ​ဒျန်​ပြည်​၌​နေ​ထိုင်​သော​ယဇ်​ပု​ရော​ဟိတ် ယေ​သ​ရော​၏​သ​မီး​ခု​နစ်​ယောက်​တို့​သည် ဖ​ခင် ၏​သိုး​နှင့်​ဆိတ်​များ​အ​တွက်​ရေ​တွင်း​မှ​ရေ​ခပ် ပြီး​လျှင် ရေ​သောက်​ခွက်​တွင်​ရေ​ဖြည့်​ရန်​လာ ကြ​၏။

ထွက်မြောက်ရာ 2:14-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​သူ​က “​မည်သူ​သည် သင့်​ကို ငါ​တို့​၏​အကြီးအကဲ​၊ ငါ​တို့​ကို​တရားစီရင်​သူ​အဖြစ် ခန့်ထား​သနည်း​။ သင်​သည် အီဂျစ်​အမျိုးသား​ကို​သတ်​သကဲ့သို့ ငါ့​ကို​သတ်​ရန်​ကြံရွယ်​သလော​”​ဟု ပြန်ပြော​၏​။ ထိုအခါ မောရှေ​သည် ကြောက်ရွံ့​လျက် “​အကယ်စင်စစ် ဤ​အမှု​ကို သိ​ကြ​ကုန်​ပြီ​တကား​”​ဟု ဆို​လေ​၏​။ ထို​အမှု​ကို ဖာရော​မင်းကြီး​ကြားသိ​သောအခါ မောရှေ​ကို​သတ်​ရန်​ရှာကြံ​သဖြင့် မောရှေ​သည် ဖာရော​မင်းကြီး​ထံမှ ထွက်ပြေး​၍ မိဒျန်​ပြည်​၌​နေထိုင်​လေ​၏​။ သူ​သည် ရေတွင်း​နား​မှာ ထိုင်​နေ​စဉ်