YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 2:1-25

ထွက်မြောက်ရာ 2:1-25 Judson Bible (JBMLE)

ထို​ကာ​လ၌ လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​သည်၊ လေ​ဝိ​အ​မျိုး​သ​မီး​နှင့် အိမ်​ထောင်​ဘက်​ပြု​၍၊ မိန်း​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​သ​ဖြင့် သား​ယောက်ျား​ကို​ဖွား​မြင်​လေ၏။ ထို​သား​သည် အ​ဆင်း​လှ​ကြောင်း​ကို​အ​မိ​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး​ဝှက်​ထား​လေ​၏။ နောက်​တစ်​ဖန်​ဝှက်၍​မ​ထား​နိုင်​သော​အ​ခါ၊ ဂ​မာ​ကိုင်း​ပင်​ဖြင့် ရက်​သော​ပု​ခက်​ကို​ယူ၍ ရေ​ညှိ​နှင့်​သစ်​စေး​ဖြင့်​လူး​ပြီး​လျှင်၊ ပု​ခက်​ထဲ​တွင် သူ​ငယ်​ကို​ထည့်​၍ မြစ်​ကမ်း​နား​ကိုင်း​တော၌ ထား​လေ​၏။ သူ​ငယ်​အစ်​မ​လည်း အ​ဘယ်​သို့​ဖြစ်​မည်​ကို​သိ​မြင်​ခြင်း​ငှာ အ​ဝေး၌​ရပ်​နေ​လေ​၏။ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​သည် ရေ​ချိုး​ခြင်း​ငှာ​ဆင်း​လာ၍၊ ကျွန်​မ​တို့​နှင့် မြစ်​ကမ်း​နား၌​လှည့်​လည်​စဉ်၊ ကိုင်း​တော၌​ပု​ခက်​ကို​မြင်၍ ဆောင်​ယူ​စေ​ခြင်း​ငှာ ကျွန်​မ တစ်​ယောက်​ကို​စေ​လွှတ်​လေ​၏။ ပု​ခက်​ဖုံး​ကို​ဖွင့်​သော​အ​ခါ၊ ငို​လျက်​နေ​သော​သူ​ငယ်​ကို​မြင်၍၊ သ​နား​သော​စိတ်​ရှိ​လျှင်၊ ဤ​သူ​ငယ်​သည် ဟေ​ဗြဲ​အ​မျိုး​ဖြစ်​လိမ့်​မည်​ဟု​ဆို​ပြီး​သော်၊ သူ​ငယ်၏​အစ်​မ​က၊ ကိုယ်​တော်​အ​တွက် သူ​ငယ်​ကို​ထိန်း​ရ​သော ဟေ​ဗြဲ​အ​ထိန်း​ကို ကျွန်​မ​သွား၍​ခေါ်​ရ​ပါ​မည်​လော​ဟု ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​အား မေး​လျှောက်​၍၊ မင်း​သ​မီး​က​သွား​လော့​ဟု အ​ခွင့်​ပေး​လျှင်၊ မိန်း​မ​ငယ်​သွား​၍ သူ​ငယ်၏​အ​မိ​ကို​ခေါ်​လေ​၏။ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​က၊ ဤ​သူ​ငယ်​ကို​ယူ​သွား၍ ငါ့​ဖို့​ထိန်း​လော။ အ​ခ​ကို ငါ​ပေး​မည်​ဟု​မှာ​ထား​သည်​အ​တိုင်း၊ ထို​မိန်း​မ​သည် သူ​ငယ်​ကို​ယူ​သွား၍ ထိန်း​လေ၏။ သူ​ငယ်​ကြီး​ပွား​သော​အ​ခါ၊ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​ထံ​သို့ ပို့​ဆောင်၍ မင်း​သ​မီး​သည် သား​အ​ရာ၌​ခန့်​ထား​လျက်၊ မော​ရှေ​အ​မည်​ဖြင့်​မှည့်၏။ အ​ကြောင်း​မူ​ကား၊ ရေ​ထဲ​က​ငါ​နုတ်​ယူ​သည်​ဟု ဆို​သ​တည်း။ မော​ရှေ​သည်​ကြီး​သော​အ​ခါ၊ မိ​မိ​အ​မျိုး​သား​ချင်း​တို့​ရှိ​ရာ​သို့​သွား၍ သူ​တို့​အ​မှု​ထမ်း​ရ​သော​အ​ခြင်း​အ​ရာ​တို့​ကို ကြည့်​ရှု​လေ၏။ မိ​မိ​အ​မျိုး​သား​ဟေ​ဗြဲ လူ​တစ်​ယောက်​ကို၊ အဲ​ဂု​တ္တု​လူ​ရိုက်​သည်​ကို​မြင်​လျှင်၊ ပတ်​လည်​ကြည့်​ရှု၍ အ​ဘယ်​သူ​မျှ​မ​ရှိ​သည်​ကို​သိ​သော​အ​ခါ၊ အဲ​ဂု​တ္တု​လူ​ကို​သတ်၍ သဲ​ထဲ၌​မြှုပ်​ထား​လေ​၏။ နက်​ဖြန်​နေ့၌​ထွက်​ပြန်​သော်၊ ဟေ​ဗြဲ​လူ​နှစ်​ယောက်​တို့​သည် အ​ချင်း​ချင်း​သတ်​ကြ​သည်​ကို​မြင်​လျှင်၊ သင်​သည်​သင်​၏​အ​ပေါင်း​အ​ဖော်​ကို အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း​ဟု ညှဉ်း​ဆဲ​သော​သူ​အား​မေး​သည်​ရှိ​သော်၊ ထို​သူ​က၊ အ​ဘယ်​သူ​သည်​သင့်​ကို ငါ​တို့​အ​ပေါ်​မှာ အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌​ခန့်​ထား​သ​နည်း။ အဲ​ဂု​တ္တု​လူ​ကို​သတ်​သ​ကဲ့​သို့ ငါ့​ကို သတ်​လို​သ​လော​ဟု​ပြန်​ဆို၏။ ထို​အ​ခါ မော​ရှေ​သည် မိ​မိ​ပြု​သော​အ​မှု​ထင်​ရှား​ပြီ​ဟု သိ၍​ကြောက်​လေ၏။ ထို​သ​တင်း​ကို ဖာ​ရော​ဘု​ရင်​ကြား​သော​အ​ခါ၊ မော​ရှေ​ကို​သတ်​ခြင်း​ငှာ ရှာ​ကြံ​လေ၏။ မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​ပြေး၍၊ မိ​ဒျန်​ပြည်​သို့ ရောက်​လျှင်၊ ရေ​တွင်း​နား​မှာ​ထိုင်၍​နား​နေ​လေ၏။ ထို​အ​ခါ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်၏​သ​မီး ညီ​အစ်​မ​ခု​နစ်​ယောက်​တို့​သည်၊ မိ​မိ​တို့​အ​ဘ၏​သိုး​ဆိတ်​များ​ကို ရေ​တိုက်​ခြင်း​ငှာ​လာ၍​ရေ​ခပ်​ပြီး​လျှင်၊ ရေ​သောက်​ခွက်​တို့​၌ လောင်း​ကြ​၏။ သိုး​ထိန်း​အ​ချို့​တို့​လည်း​လာ၍ သိုး​ဆိတ်​များ​ကို​မောင်း​ကြ​၏။ ထို​အ​ခါ မော​ရှေ​သည်​ထ၍ ထို​မိန်း​မ​တို့​ဘက်၌​နေ​လျက်၊ သိုး​ဆိတ်​များ​ကို​ရေ​တိုက်​လေ၏။ ထို​မိန်း​မ​တို့​သည် အ​ဘ​ရွေ​လ​ထံ​သို့​ရောက်​ကြ​သော်၊ အ​ဘ​က အ​ဘယ်​ကြောင့် ယ​နေ့​အ​လျင်​အ​မြန်​ရောက်​လာ​ရ​ကြ​သ​နည်း​ဟု မေး​လေ​၏။ သူ​တို့​က​လည်း၊ အဲ​ဂု​တ္တု​လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​တို့​ကို​သိုး​ထိန်း​တို့​လက်​မှ ကယ်​နုတ်၍၊ ရေ​လို​သ​မျှ​ကို​ခပ်​သ​ဖြင့်၊ သိုး​ဆိတ်​များ​ကို​ရေ​တိုက်​ပါ​သည်​ဟု ပြန်​ပြော​၏။ အ​ဘ​က​လည်း၊ ထို​သူ​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ဘယ်​ကြောင့် သူ့​ကို​ပစ်​ထား​ခဲ့​သ​နည်း။ အ​စာ​စား​စေ​ခြင်း​ငှာ သူ့​ကို​ခေါ်​ချေ​ကြ​ဟု ဆို​လေ​၏။ မော​ရှေ​သည် ထို​သူ​ထံ​မှာ​နေ၍​ပျော်​မွေ့​သ​ဖြင့်၊ သ​မီး​ဇိ​ပေါ​ရ​ကို​မော​ရှေ​အား ထိမ်း​မြား​ပေး​စား​လေ​၏။ ထို​မိန်း​မ​ဖွား​သော​သား​ကို ဂေ​ရ​ရှုံ​အ​မည်​ဖြင့်​မှည့်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​တစ်​ကျွန်း​တစ်​နိုင်​ငံ၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ရ​ပြီ​ဟု​ဆို​သ​တည်း။ ကာ​လ​အင်​တန်​ကြာ​ပြီး​မှ၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် အ​နိ​စ္စ​ရောက်​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လည်း အ​စေ​ကျွန်​ခံ​ရ​သော​ကြောင့် ညည်း​တွား​ငို​ကြွေး​ကြ​၏။ ထို​သို့​အ​စေ​ကျွန်​ခံ၍ ငို​ကြွေး​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့ တက်​ရောက်​လေ​၏။ သူ​တို့ ညည်း​တွား​မြည်​တမ်း​ခြင်း​အ​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ​လျှင်၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​ပြု​ခဲ့​ဖူး​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့​တော်​မူ၏။ ဘု​ရား​သ​ခင်​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြည့်​ရှု၍ သူ​တို့​အ​မှု​ကို ဆင်​ခြင်​တော်​မူ​၏။

ထွက်မြောက်ရာ 2:1-25 Common Language Bible (BCL)

လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​သည် လေ​ဝိ အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​၍၊- သား​တစ်​ယောက်​ကို​ရ​၏။ ထို​သား​သည်​ချစ်​ဖွယ် ကောင်း​သည်​ကို​မိ​ခင်​မြင်​လျှင်၊ သုံး​လ​ကြာ မျှ​ဝှက်​ထား​လေ​၏။- မိ​ခင်​သည်​သား​ကို​ဆက်​လက်​၍​မ​ဝှက်​ထား နိုင်​တော့​သ​ဖြင့်၊ ကူ​ရိုး​များ​နှင့်​ခြင်း​တောင်း တစ်​လုံး​ကို​ရက်​လုပ်​၍၊ ကတ္တ​ရာ​နှင့်​သစ်​စေး သုတ်​ပြီး​နောက်၊ က​လေး​ကို​ခြင်း​ထဲ​၌​ထည့် ပြီး​လျှင်​မြစ်​ကမ်း​စပ်​ရှိ​ကိုင်း​တော​တွင်​ချ ထား​လေ​၏။- ထို​သား​ငယ်​၏​အစ်​မ​သည်​မ​လှမ်း​မ​ကမ်း​နေ ရာ​မှ က​လေး​၏​အ​ရိပ်​အ​ခြေ​ကို​စောင့်​ကြည့် နေ​လေ​၏။ ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​သည်​ရေ​ချိုး​ရန် မြစ်​ထဲ​သို့​ဆင်း​လာ​စဉ်၊ သူ​၏​အ​ခြွေ​အ​ရံ​တို့ က​မြစ်​ကမ်း​ပေါ်​တွင်​လမ်း​လျှောက်​၍​စောင့်​ကြပ် နေ​ကြ​၏။ သ​မီး​တော်​သည်​ကိုင်း​တော​ထဲ​၌ ခြင်း​တောင်း​ကို​မြင်​လျှင်၊ ကျွန်​မ​တစ်​ယောက် ကို​လွှတ်​၍​ထို​ခြင်း​တောင်း​ကို​ယူ​ခဲ့​စေ​၏။- ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​သည်​ခြင်း​တောင်း ကို​ဖွင့်​ကြည့်​သော​အ​ခါ၊ ငို​လျက်​နေ​သော​သူ ငယ်​ကို​မြင်​ရ​သော်​က​လေး​ကို​သ​နား​ကြင် နာ​၍``ဤ​က​လေး​သည်​ဟေ​ဗြဲ​အ​မျိုး​သား က​လေး​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။ ထို​အ​ခါ​က​လေး​၏​အစ်​မ​က``အ​ရှင်​မ အ​တွက် ဟေ​ဗြဲ​နို့​ထိန်း​တစ်​ဦး​ခေါ်​ပေး​ရ ပါ​မည်​လော'' ဟု​မေး​လျှင်၊ မင်း​သ​မီး​က``သွား​၍​ခေါ်​လော့'' ဟု​ဆို​လေ ၏။ ထို​ကြောင့်​မိန်း​မ​ငယ်​သည်​က​လေး​၏ မိ​ခင်​ကို​ခေါ်​ခဲ့​ရာ၊- မင်း​သ​မီး​က``ဤ​က​လေး​ကို​ငါ့​အ​တွက်​နို့ တိုက်​မွေး​ပေး​ပါ။ သင့်​အား​အ​ခ​ပေး​မည်'' ဟု က​လေး​၏​မိ​ခင်​အား​ဆို​လေ​၏။ ထို့​ကြောင့် မိ​ခင်​သည်​က​လေး​ကို​ယူ​၍​ထိန်း​လေ​၏။- မင်း​သ​မီး​အား​ပြန်​အပ်​နိုင်​သည့်​အ​ရွယ်​သို့ ရောက်​သော​အ​ခါ၊ မိ​ခင်​သည်​က​လေး​ကို​မင်း သ​မီး​ထံ​သို့​ပြန်​အပ်​ရာ၊ မင်း​သ​မီး​က ထို က​လေး​ငယ်​ကို​သား​အ​ဖြစ်​မွေး​စား​၍``ငါ သည်​သူ​ငယ်​ကို​ရေ​ထဲ​မှ​ထုတ်​ယူ​ရ​သည်'' ဟု ဆို​လျက်​မော​ရှေ​ဟု​နာ​မည်​မှည့်​လေ​၏။ ကာ​လ​အ​တန်​ကြာ​၍​မော​ရှေ​သည်​အ​ရွယ် ရောက်​လာ​သော​အ​ခါ၊ သူ​၏​အ​မျိုး​သား​တို့ ထံ​သို့​သွား​ရောက်​လည်​ပတ်​လေ​၏။ သူ​သည် မိ​မိ​၏​အ​မျိုး​သား​များ​ဆင်း​ရဲ​ပင်​ပန်း​စွာ အ​လုပ်​ကြမ်း​လုပ်​နေ​ရ​သည်​ကို​တွေ့​မြင်​ရ​၏။ အီ​ဂျစ်​အ​မျိုး​သား​တစ်​ဦး​က​သူ​၏​အ​မျိုး သား​ဟေ​ဗြဲ​လူ​မျိုး​တစ်​ယောက်​အား​ရိုက်​နှက် နေ​သည်​ကို​မြင်​ရ​သော​အ​ခါ၊- သူ​သည်​ဟို​ဟို​သည်​သည်​ကြည့်​၍ မည်​သူ​တစ် စုံ​တစ်​ယောက်​ကို​မျှ​မ​မြင်​ရ​လျှင်၊ အီ​ဂျစ် အ​မျိုး​သား​ကို​သတ်​၍​အ​လောင်း​ကို​သဲ​ထဲ ၌​မြှုပ်​ထား​ခဲ့​လေ​သည်။- နောက်​တစ်​နေ့​တွင်​သူ​သည်​ထွက်​လာ​ပြန်​ရာ ဟေ​ဗြဲ​အ​မျိုး​သား​နှစ်​ယောက်​တို့​သည် အ​ချင်း ချင်း​ရိုက်​ပုတ်​ထိုး​သတ်​နေ​ကြ​သည်​ကို​မြင် ရ​လေ​၏။ သူ​က​မ​တ​ရား​သ​ဖြင့်​ပြု​ကျင့်​နေ သူ​အား``သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ့်​အ​မျိုး သား​ချင်း​ကို​ရိုက်​နှက်​နေ​ရ​သ​နည်း'' ဟု​မေး လေ​၏။ ထို​သူ​က``ငါ​တို့​အ​မှု​ကို​စီ​ရင်​ရန်​မည်​သူ က သင့်​အား​တ​ရား​သူ​ကြီး​အ​ဖြစ်​ခန့်​ထား သ​နည်း။ သင်​သည်​အီ​ဂျစ်​အ​မျိုး​သား​ကို သတ်​သ​ကဲ့​သို့ ငါ့​ကို​သတ်​ချင်​သေး​သ​လော'' ဟု​ပြန်​ပြော​လေ​၏။ ထို​အ​ခါ​မော​ရှေ​သည်​မိ​မိ ပြု​လုပ်​ခဲ့​သော​အ​မှု​ကို​လူ​တို့​သိ​ကုန်​ကြ ပြီ​ဟူ​၍​ဆို​လျက်​ထိတ်​လန့်​လေ​၏။- ဖာ​ရော​ဘု​ရင်​သည်​ထို​သ​တင်း​ကို​ကြား​ရ​သော အ​ခါ မော​ရှေ​အား​သတ်​ရန်​ကြံ​စည်​လေ​၏။ သို့ ရာ​တွင်​မော​ရှေ​သည်​ထွက်​ပြေး​၍​မိ​ဒျန်​ပြည် ၌​နေ​ထိုင်​လေ​၏။ တစ်​နေ့​သ​၌​မော​ရှေ​သည်​ရေ​တွင်း​အ​နီး​၌​ထိုင် နေ​စဉ် မိ​ဒျန်​ပြည်​၌​နေ​ထိုင်​သော​ယဇ်​ပု​ရော​ဟိတ် ယေ​သ​ရော​၏​သ​မီး​ခု​နစ်​ယောက်​တို့​သည် ဖ​ခင် ၏​သိုး​နှင့်​ဆိတ်​များ​အ​တွက်​ရေ​တွင်း​မှ​ရေ​ခပ် ပြီး​လျှင် ရေ​သောက်​ခွက်​တွင်​ရေ​ဖြည့်​ရန်​လာ ကြ​၏။- သို့​ရာ​တွင်​သိုး​ထိန်း​အ​ချို့​တို့​သည်​ယေ​သ​ရော ၏​သ​မီး​တို့​ကို​နှင်​ပစ်​လေ​၏။ ထို​အ​ခါ​မော​ရှေ သည်​အ​မျိုး​သ​မီး​တို့​ကို​ကူ​ညီ​သည့်​အ​နေ ဖြင့်၊ သူ​တို့​၏​သိုး​နှင့်​ဆိတ်​များ​ကို​သူ​ကိုယ် တိုင်​ရေ​တိုက်​လေ​၏။- အ​မျိုး​သ​မီး​တို့​သည်​ဖ​ခင်​ယေ​သ​ရော​ထံ​သို့ ပြန်​ရောက်​လာ​ကြ​သော​အ​ခါ၊ ဖ​ခင်​က``သင်​တို့ ယ​နေ့​အိမ်​သို့​အ​ပြန်​စော​လှ​ချည့်​လား'' ဟု ဆို​လေ​၏။ သူ​တို့​က``အီ​ဂျစ်​ပြည်​သား​တစ်​ယောက်​က ကျွန်​မ​တို့​အား သိုး​ထိန်း​တို့​ရန်​မှ​ကာ​ကွယ် ပေး​သည့်​အ​ပြင်​ကျွန်​မ​တို့​၏​သိုး​ဆိတ်​များ အ​တွက်​ရေ​ခပ်​၍​တိုက်​ပါ​သည်'' ဟု​ပြန်​ဖြေ ကြ​၏။ ဖ​ခင်​က``ထို​သူ​ယ​ခု​အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ့​ကို​ထား​ခဲ့​ကြ​သ​နည်း။ သူ့ ကို​ဧည့်​ဝတ်​ပြု​ရန်​သွား​၍​ဖိတ်​ခေါ်​လော့'' ဟု စေ​ခိုင်း​လေ​၏။ မော​ရှေ​သည်​ယေ​သ​ရော​နှင့်​အ​တူ​နေ​ထိုင်​၍၊ ယေ​သ​ရော​၏​သ​မီး​ဇိ​ပေါ​ရ​နှင့်​အိမ်​ထောင် ဘက်​ပြု​လေ​၏။- ဇိ​ပေါ​ရ​သည်​သား​တစ်​ယောက်​ကို​ဖွား​မြင်​သော အ​ခါ၊ မော​ရှေ​က``ငါ​သည်​တစ်​ရပ်​တစ်​ကျေး​တွင် ဧည့်​သည်​ဖြစ်​ရ​ပါ​သည်'' ဟု​ဆို​၍​ထို​သား​ကို ဂေ​ရ​ရှုံ​ဟု​နာ​မည်​မှည့်​လေ​၏။ ကာ​လ​အ​တန်​ကြာ​သော် အီ​ဂျစ်​ပြည်​ဘု​ရင် အ​နိစ္စ​ရောက်​လေ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့် ညည်း​ညူ​လျက်​ရှိ​ရ​ကြ​သေး​၏။ ကျွန်​ခံ​ရ သော​ဘ​ဝ​မှ​လွတ်​မြောက်​ရေး​အ​တွက် သူ​တို့ အော်​ဟစ်​တောင်း​လျှောက်​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ရောက်​လေ​၏။- ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ညည်း ညူ​သံ​ကို​ကြား​တော်​မူ​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို သတိ​ရ​လျက်၊- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ခံ​ရ​သော​ဒုက္ခ ဆင်း​ရဲ​ခြင်း​ကို ရှု​မြင်​သိ​မှတ်​တော်​မူ​၏။

ထွက်မြောက်ရာ 2:1-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လေဝိ​အမျိုးသား​ထဲမှ ယောက်ျား​တစ်​ဦး​သည် လေဝိ​အမျိုးသမီး​နှင့် စုံဖက်​ရာ ထို​မိန်းမ​သည် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​၏​။ ထို​သား​သည် အဆင်းလှ​ကြောင်း​ကို မိခင်​သိမြင်​လျှင် သူ့​ကို​သုံး​လ​ပတ်လုံး​ဝှက်​ထား​၏​။ ထို့နောက်တွင် မိခင်​သည် သူ့​ကို​ဝှက်​မ​ထား​နိုင်​တော့​သဖြင့် ကျူရိုး​ဖြင့်​ရက်လုပ်​ထား​သော​ဖာတောင်း​ကို​ယူ​၍ ကတ္တရာစေး​နှင့်​သစ်စေး​တို့​ဖြင့် သုတ်လိမ်း​ပြီးလျှင် သူငယ်​ကို ထို​ဖာတောင်း​ထဲ၌​ထည့်​ပြီး နိုင်း​မြစ်​ကမ်းစပ်​တွင်​ရှိ​သော ကျူတော​ထဲ၌​ထား​လေ​၏​။ သူငယ်​၏​အစ်မ​သည်​လည်း သူငယ်​၌ မည်သို့​ဖြစ်​မည်​ကို​သိမြင်​နိုင်​ရန် အဝေး​မှ​ရပ်ကြည့်​နေ​၏​။ ထိုစဉ် ဖာရော​မင်းကြီး​၏​သမီး​တော်​သည် ရေချိုး​ရန် နိုင်း​မြစ်​ထဲသို့​ဆင်းလာ​၏​။ သူ​၏​အပျိုတော်​များ​ကား မြစ်​ကမ်းနား​၌ လမ်းလျှောက်​နေ​ကြ​၏​။ ထိုအခါ သူ​သည် ကျူတော​ထဲမှ ဖာတောင်း​ကို​တွေ့​လျှင် ကျွန်မ​တစ်​ယောက်​ကို လွှတ်​၍​ယူ​စေ​၏​။ ဖာတောင်း​ကို​ဖွင့်​သောအခါ ငို​နေ​သော​ကလေး​သူငယ်​ကို​မြင်​လျှင် သူ့​ကို​သနား​လျက် “​ဤ​သူငယ်​သည် ဟေဗြဲ​ကလေး​ဖြစ်​၏​”​ဟု ဆို​၏​။ ထိုအခါ သူငယ်​၏​အစ်မ​က ဖာရော​မင်းကြီး​၏​သမီး​တော်​အား “​သူငယ်​ကို ကြည့်ရှု​စောင့်ရှောက်​ရန် ဟေဗြဲ​အမျိုးသမီး​ထဲမှ နို့ထိန်း​တစ်​ဦး​ကို သခင်မ​အတွက် သွား​ခေါ်ပေး​ရ​မည်လော​”​ဟု မေးလျှောက်​၏​။ ဖာရော​မင်းကြီး​၏​သမီး​တော်​က​လည်း “​သွားခေါ်​လော့​”​ဟု ဆို​သဖြင့် မိန်းမငယ်​သည် သွား​၍ သူငယ်​၏​မိခင်​ကို ခေါ်လာ​၏​။ ဖာရော​မင်းကြီး​၏​သမီး​တော်​က “​ဤ​သူငယ်​ကို​ခေါ်သွား​၍ ငါ့​အတွက် ကြည့်ရှု​စောင့်ရှောက်​ပေး​လော့​။ သင့်​ကို ငါ​လုပ်အားခ​ပေး​မည်​”​ဟု ဆို​သဖြင့် ထို​မိန်းမ​သည် သူငယ်​ကို ခေါ်သွား​၍ ကြည့်ရှု​စောင့်ရှောက်​လေ​၏​။ သူငယ်​ကြီးပြင်း​လာ​သောအခါ မိခင်​သည် ဖာရော​မင်းကြီး​၏​သမီး​တော်​ထံသို့ သူငယ်​ကို ခေါ်ဆောင်​လာ​၍ သူ​သည် မင်းသမီး​၏​သား​ဖြစ်လာ​၏​။ မင်းသမီး​က “​သူ့​ကို​ရေ​ထဲမှ​ငါ​ဆယ်ယူ​ခဲ့​၏​”​ဟု ဆို​ပြီး သူ​၏​အမည်​ကို မောရှေ ဟု​မှည့်ခေါ်​လေ​၏​။ မောရှေ​အရွယ်​ရောက်​ပြီးနောက် တစ်နေ့သောအခါ သူ​သည် မိမိအမျိုးသားချင်း​များ​ထံသို့​သွား​ရာ သူ​တို့​သည် ကြမ်းတမ်း​သော​အလုပ်​များ လုပ်​ရ​သည်​ကို​မြင်​လေ​၏​။ ထို​အချိန်​၌ မိမိ​အမျိုးသားချင်း​ဖြစ်​သော ဟေဗြဲ​အမျိုးသား​တစ်​ဦး​ကို အီဂျစ်​အမျိုးသား​တစ်​ဦး​က ရိုက်နှက်​နေ​သည်​ကို​မြင်​လျှင် သူ​သည် ဟိုဟိုသည်သည်​ကြည့်​၍ လူ​တစ်ဦး​မျှ​မ​ရှိ​သည်​ကို​သိမြင်​သောအခါ အီဂျစ်​အမျိုးသား​ကို ရိုက်သတ်​၍ သဲ​ထဲ၌ မြှုပ်​လိုက်​လေ​၏​။ နောက်တစ်နေ့​တွင်​လည်း သူ​သည်​ထပ်၍​သွား​ပြန်​ရာ ဟေဗြဲ​အမျိုးသား​နှစ်​ဦး ရန်ဖြစ်​နေ​ကြ​သည်​ကို​မြင်​လျှင် မတရား​သော​သူ​အား “​သင်​သည် သင်​၏​အပေါင်းအဖော်​ကို အဘယ်ကြောင့် ရိုက်နှက်​ရ​သနည်း​”​ဟု ဆို​သော် ထို​သူ​က “​မည်သူ​သည် သင့်​ကို ငါ​တို့​၏​အကြီးအကဲ​၊ ငါ​တို့​ကို​တရားစီရင်​သူ​အဖြစ် ခန့်ထား​သနည်း​။ သင်​သည် အီဂျစ်​အမျိုးသား​ကို​သတ်​သကဲ့သို့ ငါ့​ကို​သတ်​ရန်​ကြံရွယ်​သလော​”​ဟု ပြန်ပြော​၏​။ ထိုအခါ မောရှေ​သည် ကြောက်ရွံ့​လျက် “​အကယ်စင်စစ် ဤ​အမှု​ကို သိ​ကြ​ကုန်​ပြီ​တကား​”​ဟု ဆို​လေ​၏​။ ထို​အမှု​ကို ဖာရော​မင်းကြီး​ကြားသိ​သောအခါ မောရှေ​ကို​သတ်​ရန်​ရှာကြံ​သဖြင့် မောရှေ​သည် ဖာရော​မင်းကြီး​ထံမှ ထွက်ပြေး​၍ မိဒျန်​ပြည်​၌​နေထိုင်​လေ​၏​။ သူ​သည် ရေတွင်း​နား​မှာ ထိုင်​နေ​စဉ် မိဒျန်​ယဇ်ပုရောဟိတ်​၏​သမီး​ခုနစ်​ယောက်​သည် ရောက်လာ​၍ မိမိ​တို့​ဖခင်​၏​သိုးဆိတ်​တို့​ကို ရေတိုက်​ရန် ရေခပ်​ကြ​ပြီး ရေစားကျင်း​များ​ကို​ဖြည့်​ကြ​၏​။ ထိုအခါ သိုးထိန်း​တို့​သည်​ရောက်လာ​၍ သူ​တို့​ကို​နှင်ထုတ်​ကြ​သဖြင့် မောရှေ​သည် ထ​၍ ထို​မိန်းမ​တို့​ကို​ကာကွယ်​ပေး​ပြီး သူ​တို့​၏​သိုးဆိတ်​တို့​ကို ရေတိုက်​လေ​၏​။ သူ​တို့​သည် ဖခင်​ရွေလ​ထံသို့ ပြန်ရောက်​သော် ဖခင်​က “​ယနေ့ သင်​တို့ အဘယ်ကြောင့် စောစော​ပြန်ရောက်​ကြ​သနည်း​”​ဟု မေး​လေ​၏​။ သူ​တို့​က​လည်း “​အီဂျစ်​အမျိုးသား​တစ်​ဦး​သည် ကျွန်မ​တို့​ကို သိုးထိန်း​တို့​လက်​မှ ကယ်နုတ်​၍ ရေ​လိုသမျှ​ခပ်​ပေး​ပါ​၏​။ သိုးဆိတ်​တို့​ကို​လည်း ရေတိုက်​ပေး​ပါ​၏​”​ဟု ပြန်ပြော​ကြ​၏​။ ထိုအခါ ဖခင်​က မိမိ​သမီး​တို့​အား “​ထို​သူ အဘယ်မှာ​ရှိ​သနည်း​။ သူ့​ကို အဘယ်ကြောင့် ထားခဲ့​သနည်း​။ အစားအစာ​စားသောက်​ရန် သူ့​ကို​သွားခေါ်​လော့​”​ဟု ဆို​၏​။ မောရှေ​သည် ရွေလ​နှင့်အတူ​နေထိုင်​ရန် သဘောတူ​၍ ရွေလ​သည် သူ​၏​သမီး​ဇိပေါရ​ကို မောရှေ​နှင့်​ပေးစား​လေ​၏​။ ဇိပေါရ​သည် သား​ကို​မွေးဖွား​လျှင် မောရှေ​က “​ငါ​သည် တစ်ပါးအမျိုးသား​ပြည်​၌ ဧည့်သည်​ဖြစ်​ရ​ပြီ​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ဂေရရှုံ ဟု​မှည့်ခေါ်​၏​။ ကာလ​အတန်ကြာ​ပြီးနောက် အီဂျစ်​ဘုရင်​သည်​လည်း အနိစ္စရောက်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း ကျွန်ပြု​ခံရ​သောကြောင့် ညည်းတွား​၍ အော်ဟစ်​ကြ​၏​။ ထိုသို့ ကျွန်ပြု​ခံရ​သောကြောင့် အော်ဟစ်​သော​သူ​တို့​၏​အသံ​သည် ဘုရားသခင်​အထံ​တော်​သို့ ရောက်​လေ​၏​။ ဘုရားသခင်​သည် သူ​တို့​၏​ညည်းတွား​မြည်တမ်း​သံ​ကို​ကြား​တော်မူ​လျှင် အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​နှင့် ပြု​ခဲ့​သော​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​၏​။ ဘုရားသခင်​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြည့်ရှု​တော်မူ​၍ သူ​တို့​ကို သိမှတ်​တော်မူ​၏​။