YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 2:1-14

ထွက်မြောက်ရာ 2:1-14 Judson Bible (JBMLE)

ထို​ကာ​လ၌ လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​သည်၊ လေ​ဝိ​အ​မျိုး​သ​မီး​နှင့် အိမ်​ထောင်​ဘက်​ပြု​၍၊ မိန်း​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​သ​ဖြင့် သား​ယောက်ျား​ကို​ဖွား​မြင်​လေ၏။ ထို​သား​သည် အ​ဆင်း​လှ​ကြောင်း​ကို​အ​မိ​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး​ဝှက်​ထား​လေ​၏။ နောက်​တစ်​ဖန်​ဝှက်၍​မ​ထား​နိုင်​သော​အ​ခါ၊ ဂ​မာ​ကိုင်း​ပင်​ဖြင့် ရက်​သော​ပု​ခက်​ကို​ယူ၍ ရေ​ညှိ​နှင့်​သစ်​စေး​ဖြင့်​လူး​ပြီး​လျှင်၊ ပု​ခက်​ထဲ​တွင် သူ​ငယ်​ကို​ထည့်​၍ မြစ်​ကမ်း​နား​ကိုင်း​တော၌ ထား​လေ​၏။ သူ​ငယ်​အစ်​မ​လည်း အ​ဘယ်​သို့​ဖြစ်​မည်​ကို​သိ​မြင်​ခြင်း​ငှာ အ​ဝေး၌​ရပ်​နေ​လေ​၏။ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​သည် ရေ​ချိုး​ခြင်း​ငှာ​ဆင်း​လာ၍၊ ကျွန်​မ​တို့​နှင့် မြစ်​ကမ်း​နား၌​လှည့်​လည်​စဉ်၊ ကိုင်း​တော၌​ပု​ခက်​ကို​မြင်၍ ဆောင်​ယူ​စေ​ခြင်း​ငှာ ကျွန်​မ တစ်​ယောက်​ကို​စေ​လွှတ်​လေ​၏။ ပု​ခက်​ဖုံး​ကို​ဖွင့်​သော​အ​ခါ၊ ငို​လျက်​နေ​သော​သူ​ငယ်​ကို​မြင်၍၊ သ​နား​သော​စိတ်​ရှိ​လျှင်၊ ဤ​သူ​ငယ်​သည် ဟေ​ဗြဲ​အ​မျိုး​ဖြစ်​လိမ့်​မည်​ဟု​ဆို​ပြီး​သော်၊ သူ​ငယ်၏​အစ်​မ​က၊ ကိုယ်​တော်​အ​တွက် သူ​ငယ်​ကို​ထိန်း​ရ​သော ဟေ​ဗြဲ​အ​ထိန်း​ကို ကျွန်​မ​သွား၍​ခေါ်​ရ​ပါ​မည်​လော​ဟု ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​အား မေး​လျှောက်​၍၊ မင်း​သ​မီး​က​သွား​လော့​ဟု အ​ခွင့်​ပေး​လျှင်၊ မိန်း​မ​ငယ်​သွား​၍ သူ​ငယ်၏​အ​မိ​ကို​ခေါ်​လေ​၏။ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​က၊ ဤ​သူ​ငယ်​ကို​ယူ​သွား၍ ငါ့​ဖို့​ထိန်း​လော။ အ​ခ​ကို ငါ​ပေး​မည်​ဟု​မှာ​ထား​သည်​အ​တိုင်း၊ ထို​မိန်း​မ​သည် သူ​ငယ်​ကို​ယူ​သွား၍ ထိန်း​လေ၏။ သူ​ငယ်​ကြီး​ပွား​သော​အ​ခါ၊ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​ထံ​သို့ ပို့​ဆောင်၍ မင်း​သ​မီး​သည် သား​အ​ရာ၌​ခန့်​ထား​လျက်၊ မော​ရှေ​အ​မည်​ဖြင့်​မှည့်၏။ အ​ကြောင်း​မူ​ကား၊ ရေ​ထဲ​က​ငါ​နုတ်​ယူ​သည်​ဟု ဆို​သ​တည်း။ မော​ရှေ​သည်​ကြီး​သော​အ​ခါ၊ မိ​မိ​အ​မျိုး​သား​ချင်း​တို့​ရှိ​ရာ​သို့​သွား၍ သူ​တို့​အ​မှု​ထမ်း​ရ​သော​အ​ခြင်း​အ​ရာ​တို့​ကို ကြည့်​ရှု​လေ၏။ မိ​မိ​အ​မျိုး​သား​ဟေ​ဗြဲ လူ​တစ်​ယောက်​ကို၊ အဲ​ဂု​တ္တု​လူ​ရိုက်​သည်​ကို​မြင်​လျှင်၊ ပတ်​လည်​ကြည့်​ရှု၍ အ​ဘယ်​သူ​မျှ​မ​ရှိ​သည်​ကို​သိ​သော​အ​ခါ၊ အဲ​ဂု​တ္တု​လူ​ကို​သတ်၍ သဲ​ထဲ၌​မြှုပ်​ထား​လေ​၏။ နက်​ဖြန်​နေ့၌​ထွက်​ပြန်​သော်၊ ဟေ​ဗြဲ​လူ​နှစ်​ယောက်​တို့​သည် အ​ချင်း​ချင်း​သတ်​ကြ​သည်​ကို​မြင်​လျှင်၊ သင်​သည်​သင်​၏​အ​ပေါင်း​အ​ဖော်​ကို အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း​ဟု ညှဉ်း​ဆဲ​သော​သူ​အား​မေး​သည်​ရှိ​သော်၊ ထို​သူ​က၊ အ​ဘယ်​သူ​သည်​သင့်​ကို ငါ​တို့​အ​ပေါ်​မှာ အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌​ခန့်​ထား​သ​နည်း။ အဲ​ဂု​တ္တု​လူ​ကို​သတ်​သ​ကဲ့​သို့ ငါ့​ကို သတ်​လို​သ​လော​ဟု​ပြန်​ဆို၏။ ထို​အ​ခါ မော​ရှေ​သည် မိ​မိ​ပြု​သော​အ​မှု​ထင်​ရှား​ပြီ​ဟု သိ၍​ကြောက်​လေ၏။

ထွက်မြောက်ရာ 2:1-14 Common Language Bible (BCL)

လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​သည် လေ​ဝိ အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​၍၊- သား​တစ်​ယောက်​ကို​ရ​၏။ ထို​သား​သည်​ချစ်​ဖွယ် ကောင်း​သည်​ကို​မိ​ခင်​မြင်​လျှင်၊ သုံး​လ​ကြာ မျှ​ဝှက်​ထား​လေ​၏။- မိ​ခင်​သည်​သား​ကို​ဆက်​လက်​၍​မ​ဝှက်​ထား နိုင်​တော့​သ​ဖြင့်၊ ကူ​ရိုး​များ​နှင့်​ခြင်း​တောင်း တစ်​လုံး​ကို​ရက်​လုပ်​၍၊ ကတ္တ​ရာ​နှင့်​သစ်​စေး သုတ်​ပြီး​နောက်၊ က​လေး​ကို​ခြင်း​ထဲ​၌​ထည့် ပြီး​လျှင်​မြစ်​ကမ်း​စပ်​ရှိ​ကိုင်း​တော​တွင်​ချ ထား​လေ​၏။- ထို​သား​ငယ်​၏​အစ်​မ​သည်​မ​လှမ်း​မ​ကမ်း​နေ ရာ​မှ က​လေး​၏​အ​ရိပ်​အ​ခြေ​ကို​စောင့်​ကြည့် နေ​လေ​၏။ ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​သည်​ရေ​ချိုး​ရန် မြစ်​ထဲ​သို့​ဆင်း​လာ​စဉ်၊ သူ​၏​အ​ခြွေ​အ​ရံ​တို့ က​မြစ်​ကမ်း​ပေါ်​တွင်​လမ်း​လျှောက်​၍​စောင့်​ကြပ် နေ​ကြ​၏။ သ​မီး​တော်​သည်​ကိုင်း​တော​ထဲ​၌ ခြင်း​တောင်း​ကို​မြင်​လျှင်၊ ကျွန်​မ​တစ်​ယောက် ကို​လွှတ်​၍​ထို​ခြင်း​တောင်း​ကို​ယူ​ခဲ့​စေ​၏။- ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​သည်​ခြင်း​တောင်း ကို​ဖွင့်​ကြည့်​သော​အ​ခါ၊ ငို​လျက်​နေ​သော​သူ ငယ်​ကို​မြင်​ရ​သော်​က​လေး​ကို​သ​နား​ကြင် နာ​၍``ဤ​က​လေး​သည်​ဟေ​ဗြဲ​အ​မျိုး​သား က​လေး​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။ ထို​အ​ခါ​က​လေး​၏​အစ်​မ​က``အ​ရှင်​မ အ​တွက် ဟေ​ဗြဲ​နို့​ထိန်း​တစ်​ဦး​ခေါ်​ပေး​ရ ပါ​မည်​လော'' ဟု​မေး​လျှင်၊ မင်း​သ​မီး​က``သွား​၍​ခေါ်​လော့'' ဟု​ဆို​လေ ၏။ ထို​ကြောင့်​မိန်း​မ​ငယ်​သည်​က​လေး​၏ မိ​ခင်​ကို​ခေါ်​ခဲ့​ရာ၊- မင်း​သ​မီး​က``ဤ​က​လေး​ကို​ငါ့​အ​တွက်​နို့ တိုက်​မွေး​ပေး​ပါ။ သင့်​အား​အ​ခ​ပေး​မည်'' ဟု က​လေး​၏​မိ​ခင်​အား​ဆို​လေ​၏။ ထို့​ကြောင့် မိ​ခင်​သည်​က​လေး​ကို​ယူ​၍​ထိန်း​လေ​၏။- မင်း​သ​မီး​အား​ပြန်​အပ်​နိုင်​သည့်​အ​ရွယ်​သို့ ရောက်​သော​အ​ခါ၊ မိ​ခင်​သည်​က​လေး​ကို​မင်း သ​မီး​ထံ​သို့​ပြန်​အပ်​ရာ၊ မင်း​သ​မီး​က ထို က​လေး​ငယ်​ကို​သား​အ​ဖြစ်​မွေး​စား​၍``ငါ သည်​သူ​ငယ်​ကို​ရေ​ထဲ​မှ​ထုတ်​ယူ​ရ​သည်'' ဟု ဆို​လျက်​မော​ရှေ​ဟု​နာ​မည်​မှည့်​လေ​၏။ ကာ​လ​အ​တန်​ကြာ​၍​မော​ရှေ​သည်​အ​ရွယ် ရောက်​လာ​သော​အ​ခါ၊ သူ​၏​အ​မျိုး​သား​တို့ ထံ​သို့​သွား​ရောက်​လည်​ပတ်​လေ​၏။ သူ​သည် မိ​မိ​၏​အ​မျိုး​သား​များ​ဆင်း​ရဲ​ပင်​ပန်း​စွာ အ​လုပ်​ကြမ်း​လုပ်​နေ​ရ​သည်​ကို​တွေ့​မြင်​ရ​၏။ အီ​ဂျစ်​အ​မျိုး​သား​တစ်​ဦး​က​သူ​၏​အ​မျိုး သား​ဟေ​ဗြဲ​လူ​မျိုး​တစ်​ယောက်​အား​ရိုက်​နှက် နေ​သည်​ကို​မြင်​ရ​သော​အ​ခါ၊- သူ​သည်​ဟို​ဟို​သည်​သည်​ကြည့်​၍ မည်​သူ​တစ် စုံ​တစ်​ယောက်​ကို​မျှ​မ​မြင်​ရ​လျှင်၊ အီ​ဂျစ် အ​မျိုး​သား​ကို​သတ်​၍​အ​လောင်း​ကို​သဲ​ထဲ ၌​မြှုပ်​ထား​ခဲ့​လေ​သည်။- နောက်​တစ်​နေ့​တွင်​သူ​သည်​ထွက်​လာ​ပြန်​ရာ ဟေ​ဗြဲ​အ​မျိုး​သား​နှစ်​ယောက်​တို့​သည် အ​ချင်း ချင်း​ရိုက်​ပုတ်​ထိုး​သတ်​နေ​ကြ​သည်​ကို​မြင် ရ​လေ​၏။ သူ​က​မ​တ​ရား​သ​ဖြင့်​ပြု​ကျင့်​နေ သူ​အား``သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ့်​အ​မျိုး သား​ချင်း​ကို​ရိုက်​နှက်​နေ​ရ​သ​နည်း'' ဟု​မေး လေ​၏။ ထို​သူ​က``ငါ​တို့​အ​မှု​ကို​စီ​ရင်​ရန်​မည်​သူ က သင့်​အား​တ​ရား​သူ​ကြီး​အ​ဖြစ်​ခန့်​ထား သ​နည်း။ သင်​သည်​အီ​ဂျစ်​အ​မျိုး​သား​ကို သတ်​သ​ကဲ့​သို့ ငါ့​ကို​သတ်​ချင်​သေး​သ​လော'' ဟု​ပြန်​ပြော​လေ​၏။ ထို​အ​ခါ​မော​ရှေ​သည်​မိ​မိ ပြု​လုပ်​ခဲ့​သော​အ​မှု​ကို​လူ​တို့​သိ​ကုန်​ကြ ပြီ​ဟူ​၍​ဆို​လျက်​ထိတ်​လန့်​လေ​၏။

ထွက်မြောက်ရာ 2:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လေဝိ​အမျိုးသား​ထဲမှ ယောက်ျား​တစ်​ဦး​သည် လေဝိ​အမျိုးသမီး​နှင့် စုံဖက်​ရာ ထို​မိန်းမ​သည် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​၏​။ ထို​သား​သည် အဆင်းလှ​ကြောင်း​ကို မိခင်​သိမြင်​လျှင် သူ့​ကို​သုံး​လ​ပတ်လုံး​ဝှက်​ထား​၏​။ ထို့နောက်တွင် မိခင်​သည် သူ့​ကို​ဝှက်​မ​ထား​နိုင်​တော့​သဖြင့် ကျူရိုး​ဖြင့်​ရက်လုပ်​ထား​သော​ဖာတောင်း​ကို​ယူ​၍ ကတ္တရာစေး​နှင့်​သစ်စေး​တို့​ဖြင့် သုတ်လိမ်း​ပြီးလျှင် သူငယ်​ကို ထို​ဖာတောင်း​ထဲ၌​ထည့်​ပြီး နိုင်း​မြစ်​ကမ်းစပ်​တွင်​ရှိ​သော ကျူတော​ထဲ၌​ထား​လေ​၏​။ သူငယ်​၏​အစ်မ​သည်​လည်း သူငယ်​၌ မည်သို့​ဖြစ်​မည်​ကို​သိမြင်​နိုင်​ရန် အဝေး​မှ​ရပ်ကြည့်​နေ​၏​။ ထိုစဉ် ဖာရော​မင်းကြီး​၏​သမီး​တော်​သည် ရေချိုး​ရန် နိုင်း​မြစ်​ထဲသို့​ဆင်းလာ​၏​။ သူ​၏​အပျိုတော်​များ​ကား မြစ်​ကမ်းနား​၌ လမ်းလျှောက်​နေ​ကြ​၏​။ ထိုအခါ သူ​သည် ကျူတော​ထဲမှ ဖာတောင်း​ကို​တွေ့​လျှင် ကျွန်မ​တစ်​ယောက်​ကို လွှတ်​၍​ယူ​စေ​၏​။ ဖာတောင်း​ကို​ဖွင့်​သောအခါ ငို​နေ​သော​ကလေး​သူငယ်​ကို​မြင်​လျှင် သူ့​ကို​သနား​လျက် “​ဤ​သူငယ်​သည် ဟေဗြဲ​ကလေး​ဖြစ်​၏​”​ဟု ဆို​၏​။ ထိုအခါ သူငယ်​၏​အစ်မ​က ဖာရော​မင်းကြီး​၏​သမီး​တော်​အား “​သူငယ်​ကို ကြည့်ရှု​စောင့်ရှောက်​ရန် ဟေဗြဲ​အမျိုးသမီး​ထဲမှ နို့ထိန်း​တစ်​ဦး​ကို သခင်မ​အတွက် သွား​ခေါ်ပေး​ရ​မည်လော​”​ဟု မေးလျှောက်​၏​။ ဖာရော​မင်းကြီး​၏​သမီး​တော်​က​လည်း “​သွားခေါ်​လော့​”​ဟု ဆို​သဖြင့် မိန်းမငယ်​သည် သွား​၍ သူငယ်​၏​မိခင်​ကို ခေါ်လာ​၏​။ ဖာရော​မင်းကြီး​၏​သမီး​တော်​က “​ဤ​သူငယ်​ကို​ခေါ်သွား​၍ ငါ့​အတွက် ကြည့်ရှု​စောင့်ရှောက်​ပေး​လော့​။ သင့်​ကို ငါ​လုပ်အားခ​ပေး​မည်​”​ဟု ဆို​သဖြင့် ထို​မိန်းမ​သည် သူငယ်​ကို ခေါ်သွား​၍ ကြည့်ရှု​စောင့်ရှောက်​လေ​၏​။ သူငယ်​ကြီးပြင်း​လာ​သောအခါ မိခင်​သည် ဖာရော​မင်းကြီး​၏​သမီး​တော်​ထံသို့ သူငယ်​ကို ခေါ်ဆောင်​လာ​၍ သူ​သည် မင်းသမီး​၏​သား​ဖြစ်လာ​၏​။ မင်းသမီး​က “​သူ့​ကို​ရေ​ထဲမှ​ငါ​ဆယ်ယူ​ခဲ့​၏​”​ဟု ဆို​ပြီး သူ​၏​အမည်​ကို မောရှေ ဟု​မှည့်ခေါ်​လေ​၏​။ မောရှေ​အရွယ်​ရောက်​ပြီးနောက် တစ်နေ့သောအခါ သူ​သည် မိမိအမျိုးသားချင်း​များ​ထံသို့​သွား​ရာ သူ​တို့​သည် ကြမ်းတမ်း​သော​အလုပ်​များ လုပ်​ရ​သည်​ကို​မြင်​လေ​၏​။ ထို​အချိန်​၌ မိမိ​အမျိုးသားချင်း​ဖြစ်​သော ဟေဗြဲ​အမျိုးသား​တစ်​ဦး​ကို အီဂျစ်​အမျိုးသား​တစ်​ဦး​က ရိုက်နှက်​နေ​သည်​ကို​မြင်​လျှင် သူ​သည် ဟိုဟိုသည်သည်​ကြည့်​၍ လူ​တစ်ဦး​မျှ​မ​ရှိ​သည်​ကို​သိမြင်​သောအခါ အီဂျစ်​အမျိုးသား​ကို ရိုက်သတ်​၍ သဲ​ထဲ၌ မြှုပ်​လိုက်​လေ​၏​။ နောက်တစ်နေ့​တွင်​လည်း သူ​သည်​ထပ်၍​သွား​ပြန်​ရာ ဟေဗြဲ​အမျိုးသား​နှစ်​ဦး ရန်ဖြစ်​နေ​ကြ​သည်​ကို​မြင်​လျှင် မတရား​သော​သူ​အား “​သင်​သည် သင်​၏​အပေါင်းအဖော်​ကို အဘယ်ကြောင့် ရိုက်နှက်​ရ​သနည်း​”​ဟု ဆို​သော် ထို​သူ​က “​မည်သူ​သည် သင့်​ကို ငါ​တို့​၏​အကြီးအကဲ​၊ ငါ​တို့​ကို​တရားစီရင်​သူ​အဖြစ် ခန့်ထား​သနည်း​။ သင်​သည် အီဂျစ်​အမျိုးသား​ကို​သတ်​သကဲ့သို့ ငါ့​ကို​သတ်​ရန်​ကြံရွယ်​သလော​”​ဟု ပြန်ပြော​၏​။ ထိုအခါ မောရှေ​သည် ကြောက်ရွံ့​လျက် “​အကယ်စင်စစ် ဤ​အမှု​ကို သိ​ကြ​ကုန်​ပြီ​တကား​”​ဟု ဆို​လေ​၏​။