YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 17:5-7

ထွက်မြောက်ရာ 17:5-7 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​များ​ရှေ့​သို့​သွား၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ကို​ခေါ်​လော့။ မြစ်​ကို​ရိုက်​သော သင်၏​လှံ​တံ​ကို​ကိုင်​လျက်၊ ဟော​ရပ်​အ​ရပ်​သို့​သွား​လော့။ ထို​အ​ရပ်၌​ရှိ​သော​ကျောက်​ပေါ်​တွင် သင့်​ရှေ့​မှာ​ငါ​ရပ်​နေ​မည်။ သင်​သည် ထို​ကျောက်​ကို​ရိုက်​ရ​မည်။ လူ​များ​သောက်​ဖို့ ထို​ကျောက်​ထဲ​က ရေ​ထွက်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ရှေ့​မှာ ထို​သို့​ပြု​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင်​ရှိ​သ​လော၊ မ​ရှိ​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​စုံ​စမ်း၍ ရန်​တွေ့​သော​အ​ကြောင်း​ကြောင့်၊ ထို​အ​ရပ်​ကို မဿာ​နှင့်​မေ​ရိ​ဘ​ဟု သ​မုတ်​သ​တည်း။

ထွက်မြောက်ရာ 17:5-7 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​ကို``သင်​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့​တို့​သည် လူ​အ​ပေါင်း​တို့​ကို​ဦး​ဆောင်​၍​ရှေ့​သို့​သွား လော့။ နိုင်းမြစ်​ကို​ရိုက်​သော​တောင်​ဝှေး​ကို​ယူ ၍​သွား​လော့။- သိ​နာ​တောင်​၌​ရှိ​သော​ကျောက်​ဆောင်​အ​နီး တွင်​ငါ​ရပ်​နေ​မည်။ သင်​သည်​ကျောက်​ဆောင် ကို​ရိုက်​လော့။ ထို​ကျောက်​ဆောင်​မှ​လူ​တို့ သောက်​ရန်​ရေစီး​ထွက်​လာ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​ရှေ့​မှောက်​တွင် ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ကျောက် ဆောင်​ကို​ရိုက်​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​ပါ​သ​လား'' ဟု​မေး​လျက်​မော​ရှေ​အား​ညည်း​ညူ​၍​ထာ​ဝ​ရ ဘု​ရား​ကို​စုံ​စမ်း​ကြ​သ​ဖြင့် ထို​အ​ရပ်​ကို``မ​ဿာ'' ဟူ​၍​လည်း​ကောင်း``မေ​ရိ​ဘ'' ဟူ​၍​လည်း​ကောင်း ခေါ်​ဝေါ်​သ​မုတ်​ကြ​သ​တည်း။

ထွက်မြောက်ရာ 17:5-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က​လည်း မောရှေ​အား “​ထို​လူ​တို့​၏​ရှေ့​မှ​သွား​လော့​။ သင်​နှင့်အတူ အစ္စရေး​သက်ကြီးဝါကြီး​တို့​ကို ခေါ်သွား​လော့​။ နိုင်း​မြစ်​ကို​ရိုက်​ခဲ့​သော သင်​၏​တောင်ဝှေး​ကို ကိုင်ဆောင်​၍ သွား​လော့​။ ကြည့်ရှု​လော့​။ ငါ​သည် ဟောရပ်​တောင်​ရှိ​ကျောက်ဆောင်​ပေါ်တွင် သင့်​ရှေ့​၌ ရပ်​နေ​မည်​။ သင်​သည် ထို​ကျောက်ဆောင်​ကို​ရိုက်​လော့​။ ထို​ကျောက်ဆောင်​မှ ရေ​ထွက်လာ​သဖြင့် လူ​တို့​သည် ရေသောက်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည်​လည်း အစ္စရေး​သက်ကြီးဝါကြီး​တို့​၏​မျက်မှောက်​၌ ထိုအတိုင်း​ပြု​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ရန်တွေ့​ကြ​သောကြောင့်​လည်းကောင်း​၊ “​ထာဝရဘုရား​သည် ငါ​တို့​၌​ရှိ​သလော​၊ မ​ရှိ​သလော​”​ဟု ဆို​လျက် ထာဝရဘုရား​အား အကဲစမ်း​ကြ​သောကြောင့်​လည်းကောင်း ထို​အရပ်​၏​အမည်​ကို မဿာ ဟူ၍​လည်းကောင်း​၊ မေရိဘ ဟူ၍​လည်းကောင်း ခေါ်​လေ​၏​။