ထာဝရဘုရားကလည်း၊ လူများရှေ့သို့သွား၍ ဣသရေလအမျိုး အသက်ကြီးသူတို့ကိုခေါ်လော့။ မြစ်ကိုရိုက်သော သင်၏လှံတံကိုကိုင်လျက်၊ ဟောရပ်အရပ်သို့သွားလော့။ ထိုအရပ်၌ရှိသောကျောက်ပေါ်တွင် သင့်ရှေ့မှာငါရပ်နေမည်။ သင်သည် ထိုကျောက်ကိုရိုက်ရမည်။ လူများသောက်ဖို့ ထိုကျောက်ထဲက ရေထွက်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။ ဣသရေလအမျိုးသားတို့က၊ ထာဝရဘုရားသည် ငါတို့တွင်ရှိသလော၊ မရှိလောဟု ထာဝရဘုရားကိုစုံစမ်း၍ ရန်တွေ့သောအကြောင်းကြောင့်၊ ထိုအရပ်ကို မဿာနှင့်မေရိဘဟု သမုတ်သတည်း။
ထွက်မြောက်ရာ 17 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာ 17:5-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ