YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 16:4-16

ထွက်မြောက်ရာ 16:4-16 Judson Bible (JBMLE)

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က ကြည့်​ရှု​လော့။ ငါ​သည် သင်​တို့​အ​ဖို့ မိုး​ကောင်း​ကင်​က မုန့်​မိုး​ကို​ရွာ​စေ​မည်။ လူ​တို့​သည်​နေ့​တိုင်း​ထွက်​၍ တစ်​နေ့​စား​လောက်​အောင် သိမ်း​ယူ​ရ​ကြ​မည်။ ငါ၏​တ​ရား​အ​တိုင်း​ကျင့်​မည်​လော၊ မ​ကျင့်​လော​ဟု ထို​သို့​သော​အား​ဖြင့် သူ​တို့​ကို​ငါ​စုံ​စမ်း​မည်။ နေ့​တိုင်း​သိမ်း​ယူ​သော​အ​ရာ​ထက်၊ ခြောက်​ရက်​မြောက်​သော​နေ့၌ နှစ်​ဆ​ကို သိမ်း​ယူ၍​ပြင်​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။ မော​ရှေ​နှင့်​အာ​ရုန်​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​တော်​မူ​သည်​ဟု ယ​နေ့​ညဉ့်​ဦး​ယံ၌ သင်​တို့​သိ​ကြ​လိမ့်​မည်။ နံ​နက်​ယံ၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော​အ​သံ​ကို​ကြား​တော်​မူ​ပြီ။ ငါ​တို့​ကို အ​ပြစ်​တင်​လျက် မြည်​တမ်း​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် အ​ဘယ်​သို့​သော သူ​ဖြစ်​သ​နည်း​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆို​လေ​၏။ တစ်​ဖန်​လည်း​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ညဉ့်​ဦး​ယံ၌ သင်​တို့​စား​စ​ရာ​အ​မဲ​သား​ကို​လည်း​ကောင်း၊ နံ​နက်​ယံ၌​ဝ​လောက်​အောင် မုန့်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော​အ​ခါ၊ ဤ​စ​ကား​ပြည့်​စုံ​လိမ့်​မည်။ သင်​တို့​သည် အ​ပြစ်​တင်​လျက်​မြည်​တမ်း​ကြ​သော​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ငါ​တို့​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း။ သင်​တို့​သည်​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော စ​ကား​သည်၊ ငါ​တို့​ကို​မ​ထိ​မ​ခိုက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ထိ​ခိုက်​သည်​ဟု ဆို​လေ​၏။ တစ်​ဖန်​သင်​တို့​သည်​အ​ပြစ်​တင်​လျက်၊ မြည်​တမ်း​သော​အ​သံ​ကို ထာ​ဝ​ရ ဘု​ရား​ကြား​တော်​မူ​သည်​ဖြစ်၍၊ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​လော့​ဟု အာ​ရုန်​ကို မှာ​ထား​သည်​အ​တိုင်း၊ အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​သော​အ​ခါ၊ သူ​တို့​သည် တော​သို့​မျှော်​ကြည့်၍၊ မိုး​တိမ်၌​ထင်​ရှား​သော ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ်​တင်​လျက် မြည်​တမ်း​သော​အ​သံ​ကို​ငါ​ကြား​ရ​ပြီ။ ညဉ့်​ဦး​ယံ၌ သင်​တို့​သည်​အ​မဲ​သား​ကို စား​ရ​ကြ​လိမ့်​မည်။ နံ​နက်​ယံ၌​လည်း မုန့်​နှင့်​ဝ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ကြ​လိမ့်​မည်​ဟု သူ​တို့​ကို​ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ ညဉ့်​ဦး​ယံ၌​ငုံး​ငှက်​တို့​သည် တပ်​ကို​အ​နှံ့​အ​ပြား​တက်​လာ​ကြ၏။ နံ​နက်​ယံ၌​လည်း တပ်​ပတ်​လည်​အ​ရပ်​ရပ်​တွင် နှင်း​ကျ​လျက်​ရှိ၏။ နှင်း​တက်​ပြီး​သော​အ​ခါ၊ နှင်း​ခဲ​ကဲ့​သို့ သေး​သေး​လုံး​လုံး​အ​ရာ​သည် မြေ​မျက်​နှာ​ပေါ်​မှာ​ရှိ​ရစ်​လေ၏။ ထို​အ​ရာ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မြင်​သော​အ​ခါ၊ အ​ဘယ်​အ​ရာ​နည်း​ဟု မ​သိ​သော​ကြောင့်၊ တစ်​ယောက်​ကို​တစ်​ယောက်​မေး​ကြ၏။ မော​ရှေ​က​လည်း၊ ဤ​အ​ရာ​သည်​သင်​တို့​စား​စ​ရာ​ဖို့ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​မုန့်​ဖြစ်၏။ လူ​တိုင်း မိ​မိ​တဲ၌​ရှိ​သော​သူ​အ​ရေ​အ​တွက်​နှင့်​အ​ညီ၊ လူ​အ​သီး​အ​သီး​စား​လောက်​အောင် တစ်​ယောက်​တစ်​ဩ​မဲ​စီ သိမ်း​ယူ​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။

ထွက်မြောက်ရာ 16:4-16 Common Language Bible (BCL)

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ အား``ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​မိုး ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​မည်။ သူ​တို့​သည် နေ့​စဉ်​ထွက်​၍​တစ်​နေ့​စာ​အ​တွက်​မုန့်​ကို​စု သိမ်း​ရ​ကြ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့ သည် ငါ​၏​မိန့်​မှာ​ချက်​အ​တိုင်း​လိုက်​နာ သည်၊ မ​လိုက်​နာ​သည်​ကို​ငါ​သိ​ရ​မည်။- ဆ​ဋ္ဌ​မ​နေ့​တွင်​သူ​တို့​သည်​ခါ​တိုင်း​နေ့ ထက်​မုန့်​နှစ်​ဆ​ကို​စု​သိမ်း​ထား​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​ကြောင့်​မော​ရှေ​နှင့်​အာ​ရုန်​တို့​က ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အား``သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​အ​ရှင်​သည် ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သင်​တို့​ယ​နေ့ ည​နေ​တွင်​သိ​ရ​လိမ့်​မည်။- နံ​နက်​အ​ချိန်​သို့​ရောက်​လျှင် သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​တော် ကို​မြင်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​သင် တို့​အ​ပြစ်​တင်​ညည်း​ညူ​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​ပြီ။ ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ရ​သူ​များ ဖြစ်​သ​ဖြင့် သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို သာ​အ​ပြစ်​တင်​ကြ​ခြင်း​ဖြစ်​သည်'' ဟု​ဆို လေ​၏။- တစ်​ဖန်​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ​ကို​ကြား​တော် မူ​သ​ဖြင့် သင်​တို့​စား​ရန်​ည​နေ​တွင်​အ​သား ကို​လည်း​ကောင်း၊ နံ​နက်​တွင်​လို​သ​မျှ​မုန့်​ကို လည်း​ကောင်း​ပေး​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငါ​တို့​အား​အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း သည်​စင်​စစ်​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း​ပင်​ဖြစ်​၏'' ဟု​ဆို​လေ​၏။ မော​ရှေ​က​အာ​ရုန်​အား``ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​သို့ လာ​ရောက်​ကြ​ရန်​ဆင့်​ဆို​လော့။ ကိုယ်​တော် သည်​သူ​တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ ကို​ကြား​ရ​ပြီ'' ဟု​ဆို​လေ​၏။- အာ​ရုန်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း​ဆင့်​ဆို နေ​စဉ် သူ​တို့​သည်​တော​ကန္တာ​ရ​ဘက်​သို့​မျှော် ကြည့်​လိုက်​သော​အ​ခါ မိုး​တိမ်​၌​ထာ​ဝ​ရ ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ တော်​ရုတ်​တ​ရက်​ပေါ်​လာ​သည်​ကို​ဖူး​မြင် ရ​ကြ​လေ​၏။- ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊- ``ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ညည်း​ညူ​အ​ပြစ်​တင်​သံ​ကို​ကြား​ရ​ပြီ။ သူ တို့​သည်​ည​ဦး​ယံ​၌​အ​သား​ကို​စား​ရ​ကြ မည်။ နံ​နက်​တွင်​မုန့်​ကို​လို​သ​မျှ​ရ​ကြ​မည်။ ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ ၏​ဘု​ရား​သ​ခင်​ဖြစ်​သည်​ကို သူ​တို့​သိ​ရ ကြ​လိမ့်​မည်​ဖြစ်​ကြောင်း​သူ​တို့​အား​ဆင့် ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​နေ့​ည​နေ​တွင်​စ​ခန်း​တစ်​ခု​လုံး​နေ​ရာ အ​နှံ့​အ​ပြား​၌ ငုံး​ငှက်​များ​ဆင်း​သက်​လာ ၏။ နံ​နက်​တွင်​စ​ခန်း​ပတ်​လည်​၌​နှင်း​ကျ လေ​၏။- နှင်း​ကွဲ​သော​အ​ခါ​တော​ကန္တာ​ရ​၏​မြေ​ပေါ် တွင် ပါး​လွှာ​သော​အ​ချပ်​က​လေး​များ​ကျန် ရစ်​ခဲ့​၏။ ထို​အ​ချပ်​က​လေး​များ​သည်​ဆီး နှင်း​ပေါက်​ကဲ့​သို့​နူး​ညံ့​၏။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ချပ် က​လေး​များ​ကို​မြင်​လျှင် မည်​သည့်​အ​ရာ ဖြစ်​ကြောင်း​မ​သိ​သ​ဖြင့်``ဤ​အ​ရာ​ဘာ လဲ'' ဟူ​၍​အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။ မော​ရှေ​က​သူ​တို့​အား``ဤ​အ​ရာ​သည်​ကား ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​စား​ရန်​ပေး​သော မုန့်​ဖြစ်​၏။- လူ​တိုင်း​မိ​မိ​လို​သ​မျှ​ကို​စု​သိမ်း​ရ​မည်။ လူ တစ်​ဦး​စီ​က မိ​မိ​အိမ်​၌​ရှိ​သ​မျှ​သော​သူ အား​လုံး​တို့​အ​တွက် တစ်​ယောက်​လျှင်​တစ်​ပြည် ကျ​စု​သိမ်း​ရ​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်'' ဟု​ဆို​လေ​၏။

ထွက်မြောက်ရာ 16:4-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​ငါ​သည် သင်​တို့​အတွက် မုန့်​ကို မိုးကောင်းကင်​မှ​ရွာကျ​စေ​မည်​။ လူ​တို့​သည် ထွက်​၍ တစ်နေ့​စာ​တစ်နေ့​ကောက်ယူ​ကြ​ရ​မည်​။ ဤသို့သော​အားဖြင့် ငါ​၏​တရားတော်​အတိုင်း သူ​တို့​လိုက်လျှောက်​မည်​၊ မ​လိုက်လျှောက်​မည်​ကို ငါ​စမ်းသပ်​မည်​။ ဆဋ္ဌမ​နေ့​၌ နေ့စဉ်​ထက် နှစ်ဆ​ကောက်​၍ ယူဆောင်​လာ​ပြီး ပြင်ဆင်​ထား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် မောရှေ​နှင့်​အာရုန်​က အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား “​ထာဝရဘုရား​သည် သင်​တို့​အား အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ကြောင်း​ကို နေဝင်ချိန်​၌ သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ နံနက်အချိန်​၌​လည်း ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ကို သင်​တို့​တွေ့မြင်​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​အား သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား​ကြား​တော်မူ​ပြီ​။ ငါ​တို့​ကား မည်သူ​ဖြစ်၍ ငါ​တို့​ကို ညည်းညူ​ပြ​ရ​သနည်း​”​ဟု ဆို​လေ​၏​။ တစ်ဖန် မောရှေ​က “​ထာဝရဘုရား​သည် နေဝင်ချိန်​၌ သင်​တို့​စားစရာ​အသား​ကို​လည်းကောင်း​၊ နံနက်အချိန်​၌ လုံလောက်​သော​မုန့်​ကို​လည်းကောင်း ပေး​တော်မူ​မည်​။ အကြောင်းမူကား ထာဝရဘုရား​ထံ သင်​တို့​ညည်းညူ​၍ မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား ကြား​တော်မူ​ပြီ​။ ငါ​တို့​သည် မည်သူ​ဖြစ်၍​နည်း​။ သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​သည် ငါ​တို့​ကို​ဆန့်ကျင်​သည်​မ​ဟုတ်​၊ ထာဝရဘုရား​ကို​ဆန့်ကျင်​နေ​ခြင်း​ပင်​ဖြစ်​၏​”​ဟု ဆို​လေ​၏​။ ထို့နောက် မောရှေ​က အာရုန်​အား “​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား ‘​သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား​ကြား​တော်မူ​ပြီ​ဖြစ်၍ ရှေ့​တော်​သို့ ချဉ်းကပ်​ကြ​လော့​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု ဆို​၏​။ အာရုန်​သည် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား ဆင့်ဆို​စဉ် သူ​တို့​သည် တောကန္တာရ​ဘက်​သို့​လှည့်ကြည့်​သောအခါ မိုးတိမ်​ထဲ၌ ထာဝရဘုရား​၏​ဘုန်းအသရေ​တော် ထင်ရှား​နေ​သည်​ကို​မြင်​ရ​ကြ​လေ​၏​။ ထာဝရဘုရား​က မောရှေ​အား “​အစ္စရေး​အမျိုးသား​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ငါ​ကြား​ပြီ​။ သူ​တို့​အား ‘​သင်​တို့​သည် နေဝင်ချိန်​၌ အသား​ကို​စား​ရ​၍ နံနက်အချိန်​၌ မုန့်​ဖြင့်​ဝလင်​ကြ​လိမ့်မည်​။ ထိုအခါ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိမြင်​ကြ​လိမ့်မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။ နေဝင်ချိန်​၌ ငုံး​တို့​သည် တက်လာ​၍ တပ်စခန်း​ကို​ဖုံးလွှမ်း​ကြ​၏​။ နံနက်အချိန်​၌​လည်း တပ်စခန်း​ပတ်ပတ်လည်​တွင် နှင်းကျ​လေ​၏​။ နှင်း​ကွဲ​ပြီးမှ တောကန္တာရ​၏​မြေမျက်နှာပြင်​ပေါ်တွင် မြေ​ပေါ်မှ​သေးငယ်​သော​နှင်းခဲ​သဖွယ် အချပ်အလွှာကလေး​များ​ကို​တွေ့​ရ​၏​။ ထို​အရာ​ကို အစ္စရေး​အမျိုးသား​တို့​တွေ့မြင်​သောအခါ မည်သည့်​အရာ​ဖြစ်​သည်​ကို​မ​သိ​သောကြောင့် “​မည်သည့်​အရာ​နည်း​”​ဟု အချင်းချင်း​မေးမြန်း​ကြ​၏​။ ထိုအခါ မောရှေ​က “​ဤ​အရာ​သည် သင်​တို့ စား​ဖို့ ထာဝရဘုရား​ပေး​တော်မူ​သော​မုန့်​ဖြစ်​၏​။ ထာဝရဘုရား​က ‘​တစ်ဦးစီ​စား​နိုင်​သလောက် ကောက်ယူ​ကြ​လော့​။ သင်​တို့​၏​လူ​အရေအတွက်​အလိုက် မိမိ​တဲ​၌​ရှိ​သော​သူ​တစ်ဦးစီ​အတွက် တစ်ယောက်​တစ်​ဩမဲ​စီ ယူ​ကြ​ရ​မည်​’​ဟူ၍ မိန့်​တော်မူ​၏​”​ဟု ဆို​လေ​၏​။