YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 15:1-21

ထွက်မြောက်ရာ 15:1-21 Judson Bible (JBMLE)

ထို​အ​ခါ မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည်​ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ပါ​အံ့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​စွမ်း​သ​တ္တိ၊ ငါ​သီ​ချင်း​ဆို​ကြောင်း၊ ငါ့​ကို​ကယ်​တင်​သော အ​ရှင်​ဖြစ်​တော်​မူ၏။ ထို​ဘု​ရား​သည် ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ထော​မ​နာ​ပြု​ပါ​မည်။ ငါ့​ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ငါ​ချီး​မြှောက်​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် စစ်​သူ​ရဲ​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော နာ​မ​တော်​ရှိ​တော်​မူ၏။ ဖာ​ရော​ဘု​ရင်၏​ရ​ထား​နှင့် ဗိုလ်​ခြေ​တို့​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ။ ရွေး​သော​ဗိုလ်​မင်း​တို့​သည်၊ ဧ​ဒုံ​ပင်​လယ်​ထဲ၌ မြုပ်​လျက်​ရှိ​ကြ​၏။ နက်​စွာ​သော​အ​ရပ်၌ လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ ကျောက်​ကဲ့​သို့ အောက်​သို့​ဆင်း​ကြ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ လက်​ယာ​လက်​တော်​သည် တန်​ခိုး​အား​ဖြင့်​ဘုန်း​ကြီး​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ လက်​ယာ​လက်​တော်​သည် ရန်​သူ​တို့​ကို ချိုး​ဖဲ့​ဖျက်​ဆီး​တော်​မူ​၏။ ကိုယ်​တော် တစ်​ဖက်၌​ထ​သော​သူ​တို့​ကို၊ ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​တို့​နှင့် လှဲ​တော်​မူ၏။ အ​မျက်​တော်​ကို​လွှတ်၍၊ သူ​တို့​ကို​အ​မှိုက်​ကဲ့​သို့ မီး​လောင်​စေ​တော်​မူ​၏။ နှာ​ခေါင်း​တော်​လေ​အား​ဖြင့် ရေ​သည်​စု​ဝေး၍၊ စီး​သော​ရေ​သည်​ပုံ့​ပုံ့​ကြွ၍၊ ပင်​လယ်၏​အ​ထဲ၌​ပင် နက်​သော​ရေ​သည်​တောင့်​မာ​လျက်​နေ​ရ၏။ ရန်​သူ​က၊ ငါ​လိုက်​မည်။ သူ​တို့​ကို​မီ​လိမ့်​မည်။ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ၍ သူ​တို့၌ ငါ​ချင်​ရဲ​ပြေ​လိမ့်​မည်။ ဓား​ကို​အိမ်​မှ​ထုတ်၍ သူ​တို့​ကို ငါ့​လက်​နှင့်​ဖျက်​ဆီး​မည်​ဟု ဆို​သ​တည်း။ ကိုယ်​တော်​သည် လေ​ကို​မှုတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​သည် သူ​တို့​ကို လွှမ်း​မိုး၍ သူ​တို့​သည်​အား​ကြီး​သော​ရေ​ထဲ​မှာ ခဲ​ကဲ့​သို့​ဆင်း​ကြ​လေ​၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ဘု​ရား​များ​တို့​တွင် အ​ဘယ်​မည်​သော​ဘု​ရား​သည် ကိုယ်​တော်​နှင့်​တူ​ပါ​သ​နည်း။ သန့်​ရှင်း​ခြင်း​အား​ဖြင့် ဘုန်း​ကြီး​တော်​မူ​ထ​သော၊ ချီး​မွမ်း​ခြင်း​ကို​ခံ​စဉ်​တွင်၊ ကြောက်​မက်​ဖွယ်​ဖြစ်​တော်​မူ​ထ​သော၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​သော၊ ကိုယ်​တော်​နှင့် အ​ဘယ်​ဘု​ရား​တူ​ပါ​သ​နည်း။ လက်​ယာ​လက်​တော်​ကို​ဆန့်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို​မြေ​မျို​လေ၏။ ရွေး​တော်​မူ​သော​လူ​မျိုး​ကို က​ရု​ဏာ​တော်​အား​ဖြင့် ပို့​ဆောင်​တော်​မူ၏။ သန့်​ရှင်း​သော​နေ​တော်​မူ​ရာ​သို့ တန်​ခိုး​တော်​အား​ဖြင့် လမ်း​ပြ​တော်​မူ​၏။ လူ​မျိုး​တို့​သည်​သ​တင်း​ကြား​၍ ကြောက်​လန့်​ကြ​လိမ့်​မည်။ ပါ​လေ​တ္တိ​န​ပြည်​သူ​ပြည်​သား​တို့​သည် ပူ​ပန်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ ဧ​ဒုံ​ဗိုလ်​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း၊ မော​ဘ​သူ​ရဲ​တို့​သည် တုန်​လှုပ်​ခြင်း၊ ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​တို့​သည်​လွန်​သွား​သော​အ​ခါ၊ ရွေး​တော်​မူ​သော​ကိုယ်​တော်၏​လူ​တို့​သည် လွန်​သွား​သော​အ​ခါ၊ ထို​လူ​အ​မျိုး​မျိုး​တို့​သည် ကြောက်​သော​စိတ်၊ ထိတ်​လန့်​သော​စိတ်​အား​ကြီး၍ လက်​ရုံး​တော်​တန်​ခိုး​ကြောင့်၊ သူ​တို့​သည်​ကျောက်​ကဲ့​သို့ ငြိမ်​ငြိမ်​နေ​ကြ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မွေ​ခံ​တော်​မူ​ရာ​တောင်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​ဖို့ ဖန်​ဆင်း​တော်​မူ​သော​အ​ရပ်​ထဲ​သို့ ကိုယ်​တော်၏​လူ​တို့​ကို သွင်း​တော်​မူ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​နှင့်​တည်​တော်​မူ​သော သန့်​ရှင်း​ရာ​ဌာ​န​တော်၌ နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​မြဲ​စိုး​စံ​တော်​မူ​စေ​သ​တည်း​ဟု သီ​ချင်း​ဆို​ကြ​လေ​၏။ အ​ကြောင်း​မူ​ကား၊ ဖာ​ရော​ဘု​ရင်၏​မြင်း​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​သည် ပင်​လယ်​ထဲ​သို့​ဝင်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ ပင်​လယ်​ရေ​ကို​လွှမ်း​မိုး​စေ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ​လျှောက်​သွား​ကြ၏။ အာ​ရုန်၏​အစ်​မ​ဖြစ်​သော ပ​ရော​ဖက်​မ​မိ​ရိ​အံ​သည် ပတ်​သာ​ကို​ကိုင်၍၊ မိန်း​မ​အ​ပေါင်း​တို့​သည် ပတ်​သာ​တီး​လျက် က​လျက်​လိုက်​သွား​ကြ​၏။ မိ​ရိ​အံ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ကို ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ကြ​လော့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ​ဟု သူ​တို့​နှင့်​အ​သံ​ပြိုင်၍​ဆို​လေ​၏။

ထွက်မြောက်ရာ 15:1-21 Common Language Bible (BCL)

ထို​နောက်​မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား​အောက်​ပါ ထော​မ​နာ​ပြု​သီ​ချင်း​ကို​ဆို​ကြ​သည်။ ``ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး​ခံ​ရ ပြီ​ဖြစ်​၍ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ထော​မ​နာ​ပြု ပါ​မည်။ ကိုယ်​တော်​သည်​မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​တို့​ကို ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ခွန်​အား​ကြီး​သော အ​ကာ​အ​ကွယ်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​သည်​ငါ့​အ​ဖ​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​၍ ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ခြင်း​ကို ကူး​ရင့်​သီ​ဆို​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​စစ်​သူ​ရဲ​ဖြစ်​တော်​မူ​၏။ နာ​မ​တော်​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။ ``ကိုယ်​တော်​သည်​အီ​ဂျစ်​ဘု​ရင်​၏​ရ​ထား တပ်​နှင့် စစ်​တပ်​ကို​ပင်​လယ်​ထဲ​သို့​ပစ်​ချ​တော်​မူ​၏။ သူ​၏​လက်​ရွေး​စင်​စစ်​ဗိုလ်​တို့​သည်​ပင်​လယ် နီ​ထဲ​၌ ရေ​နစ်​သေ​ဆုံး​ကုန်​၏။ ပင်​လယ်​ရေ​နက်​က​သူ​တို့​ကို​ဖုံး​အုပ်​လျက် သူ​တို့​သည်​ကျောက်​တုံး​ကဲ့​သို့၊အောက်​သို့ စုံး​စုံး​မြုပ်​ကြ​၏။ ``အို ထာ​ဝ​ရ​ဘု​ရား၊ လက်​ယာ​လက်​တော်​၏​အ​စွမ်း​တန်​ခိုး​တော် သည် အံ့​သြ​ကြောက်​မက်​ဖွယ်​ဖြစ်​ပါ​၏။ လက်​ရုံး​တော်​ဖြင့်​ရန်​သူ​ကို​ချေ​မှုန်း​တော်​မူ ပါ​၏။ ကိုယ်​တော်​သည်​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ဖြင့် ရန်​သူ​များ​ကို ချေ​မှုန်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့ တောက်​လောင်​၍ သူ​တို့​ကို​ကောက်​ရိုး​ကဲ့​သို့​လောင်​ကျွမ်း​စေ​ပါ​၏။ ကိုယ်​တော်​သည်​ပင်​လယ်​ရေ​ကို​မှုတ်​တော်​မူ​သ​ဖြင့်၊ ရေ​သည်​ကြွ​တက်​လာ​၍​တံ​တိုင်း​ကဲ့​သို့ တည့်​မတ်​လျက်​နေ​ပါ​၏။ ပင်​လယ်​အောက်​ခြေ​သည်​လည်း​ခိုင်​မာ​လျက် နေ​၏။ ရန်​သူ​က`ငါ​သည်​သူ​တို့​ကို​မီ​အောင် လိုက်​လံ​ဖမ်း​ဆီး​မည်။ သူ​တို့​ထံ​မှ​သိမ်း​ဆည်း​ရ​မိ​သော​ဥစ္စာ​ပစ္စည်း ကို ခွဲ​ဝေ​၍​ငါ​လို​ချင်​သ​မျှ​ယူ​မည်။ ငါ​၏​ဋ္ဌား​ကို​ဆွဲ​ထုတ်​၍​သူ​တို့​ကို သုတ်​သင်​ပစ်​မည်' ဟု​ဆို​၏။ သို့​သော်​လည်း​ကိုယ်​တော်​သည်​လေ​ကို မှုတ်​တော်​မူ​လိုက်​သ​ဖြင့်၊ ပင်​လယ်​ရေ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ကို ဖုံး​လွှမ်း​လေ​၏။ သူ​တို့​သည်​လှိုင်း​တံ​ပိုး​ကြား​တွင်​ခဲ​ကဲ့​သို့ နစ်​မြုပ်​ကုန်​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​နှင့်​တူ​သော အ​ဘယ်​ဘု​ရား​ရှိ​အံ့​နည်း။ ကိုယ်​တော်​ကဲ့​သို့​သန့်​ရှင်း​မြင့်​မြတ်​ဘုန်း ကြီး​သော ဘု​ရား​အ​ဘယ်​မှာ​ရှိ​အံ့​နည်း။ ကိုယ်​တော်​ကဲ့​သို့​နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​နိုင်​သော​ဘု​ရား အ​ဘယ်​မှာ​ရှိ​အံ့​နည်း။ ကိုယ်​တော်​သည်​လက်​ယာ​လက်​ကို​ဆန့်​တော်​မူ သ​ဖြင့်၊ မြေ​ကြီး​သည်​အ​ကျွန်ုပ်​တို့​၏​ရန်​သူ​တို့ ကို​မျို​ပါ​၏။ က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကိုယ်​တော်​သည် မိ​မိ​ရွေး​နုတ်​သော​လူ​မျိုး​ကို​ပို့​ဆောင်​တော် မူ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​ဖြင့်​သူ​တို့​အား ပြည်​တော်​သို့​လမ်း​ပြ​တော်​မူ​၏။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ထို​သ​တင်း​ကို​ကြား​၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ထိတ်​လန့်​ကြ​၏။ ဧ​ဒုံ​ပြည်​ခေါင်း​ဆောင်​တို့​လည်း​တုန်​လှုပ် ချောက်​ချား​ကြ​၏။ မော​ဘ​ပြည်​အ​ကြီး​အ​ကဲ​တို့​ကြောက်​လန့် ကြ​၏။ ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည်​စိတ်​ပျက် အား​လျော့​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​ထိတ်​လန့် ကြ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​လက်​ရုံး​တော်၊ တန်​ခိုး​တော်​ကြောင့် ကျွန်​ဘ​ဝ​မှ​ကိုယ်​တော်​လွတ်​မြောက်​စေ​တော် မူ​သော ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြတ်​သွား​စဉ်​သူ​တို့ သည် ကြောက်​ရွံ့​၍​ကြက်​သေ​သေ​လျက်​နေ​ကြ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​ဆောင်​၍ ကိုယ်​တော်​စံ​တော်​မူ​ရန်​ရွေး​ချယ်​သော၊တောင် ပေါ်​တွင် နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​တိုင်​တည်​ဆောက်​သော​ဗိ​မာန်​တော်​တွင် နေ​စေ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​မြဲ စိုး​စံ​တော်​မူ​လိမ့်​သ​တည်း။'' ဖာ​ရော​ဘု​ရင်​၏​မြင်း​တပ်​နှင့်​ရ​ထား​တပ်​တို့ သည် ပင်​လယ်​ထဲ​သို့​ဆင်း​သက်​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​ကို​ပြန်​စီး​စေ​သ​ဖြင့် ရေ​သည်​သူ​တို့​ကို​ဖုံး​လွှမ်း​လေ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မူ​ကား ခြောက်​သွေ့​သော​မြေ ပေါ်​မှာ​လျှောက်​၍​ပင်​လယ်​ကို​ဖြတ်​သွား ကြ​၏။ အာ​ရုန်​၏​အစ်​မ​ဖြစ်​သူ​ပ​ရော​ဖက်​မ​မိ​ရိ​အံ သည် ပတ်​သာ​ဗုံ​ကို​ကိုင်​၍​တီး​လေ​၏။ အ​ခြား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​က​လည်း​ပတ်​သာ ဗုံ​ကို​တီး​၍ သူ​၏​နောက်​မှ​က​လျက်​လိုက် ကြ​၏။- မိ​ရိ​အံ​က၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး​ခံ​တော်​မူ ပြီ​ဖြစ်​၍ ဂုဏ်​တော်​ကို​ကူး​ရင့်​သီ​ဆို​ကြ​လော့။ ကိုယ်​တော်​သည်​မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ တို့​ကို ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ​တော်​မူ​ပြီ'' ဟူ​၍ သီ​ချင်း​စပ်​ဆို​လေ​သည်။

ထွက်မြောက်ရာ 15:1-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ထာဝရဘုရား​ထံ​တော်​သို့ မောရှေ​နှင့်​အစ္စရေး​အမျိုးသား​တို့ သီကျူး​သော​သီချင်း​ကား “​ထာဝရဘုရား​ထံသို့ ငါ​သီချင်းဆို​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် ဘုန်းထင်ရှား​လျက်​အောင်ပွဲခံ​တော်မူ​ပြီ​။ မြင်း​နှင့်​မြင်းစီး​သော​သူ​တို့​အား ပင်လယ်​ထဲသို့​ချပစ်​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ငါ​၏​အစွမ်းသတ္တိ​၊ ငါ​ကျူးဧရာ​တေးသီချင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။ ငါ​၏​ဘုရား​ဖြစ်​တော်မူ​သော ကိုယ်တော်​အား ငါ​ချီးမွမ်း​မည်​။ ငါ့​အဖ​၏​ဘုရား​ဖြစ်​တော်မူ​သော​ကိုယ်တော်​အား ငါ​ချီးမြှောက်​မည်​။ ထာဝရဘုရား​သည် စစ်သူရဲ​ဖြစ်​တော်မူ​၏​။ နာမ​တော်​ကား ထာဝရဘုရား​ပေတည်း​။ ဖာရော​မင်းကြီး​၏​စစ်ရထား​များ​နှင့်​စစ်သည်​တို့​ကို ပင်လယ်​ထဲသို့​ချပစ်​တော်မူ​ပြီ​။ လက်ရွေးစင်​တပ်မှူး​တို့​သည်​လည်း ပင်လယ်နီ​ထဲ၌ နစ်မြုပ်​ကြ​လေ​ပြီ​။ နက်ရှိုင်း​သော​ရေထု​သည် သူ​တို့​ကို​ဖုံးလွှမ်း​လေ​ပြီ​။ သူ​တို့​သည် ကျောက်တုံး​သဖွယ် ရေနက်​ရာ​ထဲသို့ နစ်မြုပ်​သွား​ရ​လေ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် တန်ခိုး​တော်​ဖြင့် ဘုန်းကြီး​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ရန်သူ​ကို ချိုးဖဲ့ခြေမွှ​တော်မူ​၏​။ ကိုယ်တော်​ကို​ဆန့်ကျင်​သော​သူ​တို့​ကို ကြီးမား​သော​ဘုန်းတန်ခိုး​တော်​ဖြင့် မှောက်လှန်​တော်မူ​၏​။ ပြင်းထန်​သော​အမျက်​တော်​ကို​လွှတ်​တော်မူ​၍ ရိုးပြတ်​ကဲ့သို့​လောင်ကျွမ်း​စေ​တော်မူ​၏​။ ကိုယ်တော်​၏​နှာခေါင်း​တော်​မှ​လေ​ကို မှုတ်ထုတ်​လိုက်​သောအခါ ရေ​သည် မို့မောက်​လာ​၏​။ စီး​သော​ရေ​သည်​လည်း စုပုံ​၍ တန့်သွား​၏​။ ပင်လယ်​ထဲမှ ရေထု​သည်​လည်း ခဲ​လေ​၏​။ ရန်သူ​က ‘​ငါ​လိုက်​မည်​။ သူ​တို့​ကို ငါ​မီ​မည်​။ တိုက်ယူ​သော​ပစ္စည်း​ကို​ခွဲဝေ​၍ ငါ့​စိတ်​အလို​ပြည့်​မည်​။ ငါ့​ဓား​ကို​ထုတ်​၍ သူ​တို့​ကို ငါ့​လက်​ဖြင့် ဖျက်ဆီး​မည်​’​ဟု ဆို​သောအခါ ကိုယ်တော်​သည် လေ​ကို​ရှူထုတ်​လိုက်​ရာ ပင်လယ်​ရေ​သည် သူ​တို့​ကို​ဖုံးလွှမ်း​၍ ရေထု​အောက်​သို့ ခဲသတ္တု​သဖွယ်​နစ်မြုပ်​သွား​လေ​၏​။ အို ထာဝရဘုရား​၊ ဘုရား​တို့​တွင် အဘယ်မည်သော​ဘုရား​သည် ကိုယ်တော်​နှင့်​တူ​ပါ​သနည်း​။ သန့်ရှင်း​ခြင်း​ကြောင့် ဘုန်းကြီး​တော်မူ​သော​၊ ဘုန်းအသရေ​ကြောင့် ကြောက်ရွံ့ဖွယ်​ဖြစ်​တော်မူ​သော​၊ အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​သော ကိုယ်တော်​နှင့် အဘယ်သူ​တူ​ပါ​သနည်း​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​ကို​ဆန့်​တော်မူ​သဖြင့် မြေကြီး​သည် သူ​တို့​ကို​မျို​လေ​၏​။ ကိုယ်တော်​ရွေးနုတ်​တော်မူ​သော​လူမျိုး​ကို မေတ္တာကရုဏာ​တော်​ဖြင့် ပို့ဆောင်​တော်မူ​၍ ကိုယ်တော်​၏​သန့်ရှင်း​သော​စံမြန်း​ရာ​အရပ်​သို့ အစွမ်းတန်ခိုး​တော်​ဖြင့် လမ်းပြ​တော်မူ​၏​။ လူမျိုးတကာ​တို့​သည်​ကြား​၍ ထိတ်လန့်တုန်လှုပ်​ကြ​လိမ့်မည်​။ ဖိလိတ္တိ​ပြည်သား​တို့​သည် ဝေဒနာ​ကို​မချိမဆံ့ ခံစား​ရ​လိမ့်မည်​။ ဧဒုံ​အမျိုးအနွယ်​သူကြီး​တို့​သည်​လည်း ထိတ်လန့်​ကြ​လိမ့်မည်​။ မောဘ​လူမျိုး​အကြီးအကဲ​တို့​သည် ထိတ်လန့်တုန်လှုပ်​ခြင်း​နှင့် ကြုံတွေ့​ရ​လိမ့်မည်​။ ခါနာန်​ပြည်သား​အပေါင်း​တို့​သည် စိတ်အားလျော့​ကြ​လိမ့်မည်​။ ကြောက်ရွံ့​ထိတ်လန့်ဖွယ်ဘေး​တို့​သည် သူ​တို့​အပေါ်​သို့​ကျရောက်​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လူမျိုး​တော်​တို့​ကျော်လွန်​သွား​သည်​အထိ​၊ ကိုယ်တော်​ဝယ်ယူ​တော်မူ​သော​လူမျိုး​တော်​တို့ ကျော်လွန်​သွား​သည်​အထိ ကိုယ်တော်​၏​ကြီးမား​သော​လက်ရုံး​တော်​ကြောင့် သူ​တို့​သည် ကျောက်တုံး​ကဲ့သို့ တိတ်ဆိတ်​နေ​ကြ​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​ကိန်းဝပ်​တော်မူ​ရန် ဖန်ဆင်း​တော်မူ​သည့်​အရပ်​၊ အို အကျွန်ုပ်​၏​ဘုရားရှင်​၊ ကိုယ်တော်​၏​လက်​တော်​ဖြင့်​တည်​တော်မူ​သည့် သန့်ရှင်းရာဌာန​တည်းဟူသော ကိုယ်တော်​၏​အမွေ​တော်​တောင်​သို့ ကိုယ်တော်​၏​လူမျိုး​တော်​ကို ယူဆောင်​လာ​၍ နေရာချ​တော်မူ​လိမ့်မည်​။ ထာဝရဘုရား​သည် ကာလ​အစဉ်အဆက်​စိုးစံ​တော်မူ​လိမ့်မည်​”​ဟု သီဆို​ကြ​၏​။ ဖာရော​မင်းကြီး​၏​မြင်း​များ​နှင့်အတူ စစ်ရထား​များ​၊ မြင်းစီးသူရဲ​များ​သည် ပင်လယ်​ထဲသို့​ဝင်​ကြ​သောအခါ ထာဝရဘုရား​သည် ပင်လယ်​ရေ​ကို သူ​တို့​အပေါ်​သို့ ပြန်စီးလာ​စေ​တော်မူ​၏​။ အစ္စရေး​အမျိုးသား​တို့​မူကား ပင်လယ်​ထဲ​၌ ခြောက်သွေ့​သော​မြေ​ပေါ်တွင် လျှောက်သွား​ရ​၏​။ အာရုန်​၏​အစ်မ​ဖြစ်​သော ပရောဖက်မ မိရိအံ​သည် ပတ်သာ​ကို​ကိုင်​လျက် မိန်းမ​အပေါင်း​တို့​သည်​လည်း ပတ်သာ​တီး​လျက်​၊ ကခုန်​လျက် သူ့​နောက်သို့​လိုက်သွား​ကြ​၏​။ ထိုအခါ မိရိအံ​က “​ထာဝရဘုရား​သည် ဘုန်းထင်ရှား​လျက်​အောင်ပွဲခံ​တော်မူ​သည်​ဖြစ်၍ ကိုယ်တော့်​ထံသို့ သီချင်းဆို​ကြ​လော့​။ မြင်း​နှင့်​မြင်းစီး​သူ​တို့​အား ပင်လယ်​ထဲသို့​ချပစ်​တော်မူ​ပြီ​”​ဟု သူ​တို့​နှင့်​အပြန်အလှန်​သီဆို​လေ​၏​။