YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 12:21-24

ထွက်မြောက်ရာ 12:21-24 Judson Bible (JBMLE)

ထို​အ​ခါ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ သင်​တို့​သည် အိမ်​ထောင်​များ​အ​သီး​အ​သီး ကိုယ်​စီ​ကိုယ်​စီ သိုး​သ​ငယ်​တို့​ကို​ယူ၍ ပ​သ​ခါ​ပွဲ​ဖို့​သတ်​ကြ​လော့။ ဟုဿုပ်​ပင်​ညွန့်​တစ်​စည်း​ကို​ယူ၍ အင်​တုံ၌​ထည့်​သော အ​သွေး​ထဲ​မှာ​နှစ်​ပြီး​လျှင်၊ တံ​ခါး​ထုပ်​တံ​ခါး​တိုင်​နှစ်​ဖက်​တို့​ကို ထိုး​သုတ်​ကြ​လော့။ ထို​နောက်​မှ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ မိ​မိ​အိမ်​တံ​ခါး​ပြင်​သို့ မ​ထွက်​မ​သွား​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​လူ​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ ထုတ်​ချင်း​ခပ်​သွား​တော်​မူ​မည်။ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်​၌​ရှိ​သော အ​သွေး​ကို​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် တံ​ခါး​ကို​လွန်​သွား​တော်​မူ​မည်။ ဖျက်​ဆီး​သော​သူ​သည် သင်​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ၊ အိမ်​ထဲ​သို့​ဝင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။ သင်​တို့​နှင့် သင်​တို့၏​သား​များ​၌ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ဤ​အ​မှု​ကို အ​စဉ်​အ​မြဲ​စောင့်​ရ​ကြ​မည်။

ထွက်မြောက်ရာ 12:21-24 Common Language Bible (BCL)

မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​ကို​ခေါ်​၍``သင်​တို့​၏​မိ​သား​စု အ​သီး​သီး​သည် ပ​သ​ခါ​ပွဲ​တော်​ကို​ဆင်​ယင် ကျင်း​ပ​နိုင်​ရန် တိ​ရစ္ဆာန်​များ​ထဲ​မှ​ရွေး​ယူ​၍ ပ​သ​ခါ​ပွဲ​အ​တွက်​သတ်​ကြ​လော့။- ထို​နောက်​ဟု​ဿုပ်​ညွန့်​တစ်​စည်း​ကို​ယူ​၍​အင်​တုံ ထဲ​ရှိ​သိုး​၏​သွေး​၌​နှစ်​ပြီး​လျှင် တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​တိုင်​တို့​ကို​သုတ်​ရ​မည်။ နံ​နက် ချိန်​သို့​ရောက်​သည့်​တိုင်​အောင်​မည်​သူ​မျှ​မိ​မိ အိမ်​အ​ပြင်​သို့​မ​ထွက်​ရ။- ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ဒဏ်​စီ​ရင်​ရန် အီ​ဂျစ်​ပြည်​ကို ဖြတ်​သန်း​ကြွ​သွား​သည့်​အ​ခါ​တံ​ခါး​ထုပ်၊ တံ​ခါး​တိုင်​တို့​တွင်​သွေး​ကို​မြင်​ရ​လျှင် သင် တို့​အ​သက်​ချမ်း​သာ​ရ​စေ​ရန် သေ​မင်း​တ​မန် အား သင်​တို့​၏​အိမ်​များ​ကို​ကျော်​သွား​စေ တော်​မူ​မည်။ သင်​တို့​၏​အိမ်​များ​ထဲ​သို့​ဝင်​၍ သင်​တို့​အား​သတ်​ခွင့်​ပေး​မည်​မ​ဟုတ်။- သင်​တို့​နှင့်​သင်​တို့​၏​သား​သ​မီး​များ​သည် ဤ​ပ​ညတ်​ချက်​များ​ကို​အ​စဉ်​လိုက်​နာ ကျင့်​သုံး​ရ​ကြ​မည်။

ထွက်မြောက်ရာ 12:21-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ မောရှေ​သည် အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​ကို​ခေါ်​၍ “​သင်​တို့​မျိုးနွယ်စု​အလိုက် သင်​တို့​အတွက် သိုး​များ​ကို ရွေး​ယူ​ပြီးလျှင် ပသခါသိုးသငယ်​ကို​သတ်​ကြ​လော့​။ ဟုဿုပ်ညွန့်​တစ်စည်း​ကို​ယူ​၍ အင်တုံ​ထဲ၌​ရှိ​သော​သွေး​တွင်​နှစ်​ပြီးလျှင် တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​ကို အင်တုံ​ထဲမှ​သွေး​ဖြင့် သုတ်​ရ​မည်​။ နံနက်​တိုင်အောင် မည်သူမျှ မိမိ​အိမ်​တံခါး​အပြင်​သို့ မ​ထွက်​ရ​။ အကြောင်းမူကား ထာဝရဘုရား​သည် အီဂျစ်​လူမျိုး​တို့​ကို ဒဏ်ခတ်​ရန် ဖြတ်သွား​သောအခါ တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​၌ သွေး​ကို​မြင်​လျှင် ထာဝရဘုရား​သည် ထို​တံခါး​ကို​ကျော်သွား​မည်​။ ဖျက်ဆီး​သော​သူ​ကို​လည်း သင်​တို့​၏​အိမ်​ထဲသို့​ဝင်​၍ သင်​တို့​ကို​ဒဏ်ခတ်​ခွင့်​ပေး​တော်မူ​မည်​မ​ဟုတ်​။ သို့ဖြစ်၍ ဤ​အစဉ်အလာ​ကို ပြဋ္ဌာန်းချက်​အဖြစ် သင်​နှင့်​သင့်​သားမြေး​များ​သည် အစဉ်အမြဲ​စောင့်ထိန်း​ရ​မည်​။