YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 1:6-14

ထွက်မြောက်ရာ 1:6-14 Judson Bible (JBMLE)

ယော​သပ်​နှင့်​အစ်​ကို​များ​မှ​စ၍၊ ထို​ကာ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သေ​ကြ​ကုန်​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သား​ကို​ဖွား၍ အ​လွန်​တိုး​ပွား​များ​ပြား​သ​ဖြင့်၊ အ​လွန်​အား​ကြီး​၍ တစ်​ပြည်​လုံး၌ နှံ့​ပြား​ကြ​လေ၏။ ထို​နောက်​မှ​အဲ​ဂု​တ္တု​ပြည်၌ ယော​သပ်​ကို​မ​သိ​သော ရှင်​ဘု​ရင်​သစ်​ပေါ်​လာ၏။ ထို​ရှင်​ဘု​ရင်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ​တို့​ထက်​သာ၍​များ​ကြ၏။ သာ၍​အား​ကြီး​ကြ၏။ လာ​ကြ၊ သူ​တို့​ကို လိ​မ္မာ​စွာ​ပြု​ကြ​စို့။ သို့​မ​ဟုတ် သူ​တို့​သည် များ​ပြား​ကြ​လိမ့်​မည်။ နောက်​တစ်​ခါ​စစ်​မှု​ရောက်​လျှင် ငါ​တို့​ရန်​သူ​ဘက်​သို့​ဝင်​စား၍ ငါ​တို့​ကို​တိုက်​သ​ဖြင့်၊ ပြည်​တော်​ထဲ​က​ထွက်​သွား​ကြ​လိမ့်​မည်​ဟု မိ​မိ​လူ​တို့​အား ဆို​လေ၏။ ထို​ကြောင့်​အဲ​ဂု​တ္တု​မင်း​တို့​သည်၊ ကျပ်​တည်း​စွာ​နှိပ်​စက်​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည်၊ ဘ​ဏ္ဍာ​တော်​သို​ထား​ဖို့၊ ပိ​သုံ​မြို့​နှင့် ရာ​မ​သက်​မြို့​ကို​တည်​ဆောက်​ရ​ကြ​၏။ သို့​သော်​လည်း၊ နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သည်​အ​တိုင်း၊ တိုး​ပွား​များ​ပြား​လျက် ရှိ​ကြ၏။ သူ​တို့​ကြောင့် အဲ​ဂု​တ္တု​လူ​တို့​သည်​စိတ်​ညစ်​၍၊ အ​လွန်​ကြမ်း​တမ်း​စွာ​ညှဉ်း​ဆဲ​ကြ​၏။ သ​ရွတ်​နှင့်​အုတ်​လုပ်​သော​အ​မှု၊ လယ်​လုပ်​သော​အ​မှု​အ​မျိုး​မျိုး၌ ခဲ​ယဉ်း​စွာ​စေ​ခိုင်း၍ အ​လွန်​ဆင်း​ရဲ​ပင်​ပန်း​စေ​ကြ၏။ စေ​ခိုင်း​လေ​ရာ​ရာ၌​လည်း ခဲ​ယဉ်း​စွာ​စေ​ခိုင်း​ကြ​၏။

ထွက်မြောက်ရာ 1:6-14 Common Language Bible (BCL)

အ​ချိန်​တန်​သော်​ယော​သပ်​နှင့်​သူ​၏​ညီ​အစ်​ကို​များ​နှင့်​တ​ကွ သူ​တို့​၏​ခေတ်​က​ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည်​ကွယ်​လွန်​ကြ​ကုန်​၏။- သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​၍ အ​လွန်​တိုး​ပွား​များ​ပြား​လာ​သ​ဖြင့်၊ တစ်​တိုင်း​တစ်​ပြည်​လုံး​တွင်​အ​နှံ့​အ​ပြား​နေ​ထိုင်​ကြ​လေ​သည်။ ထို​နောက်​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​အ​ကြောင်း​ကို​လုံး​ဝ​မ​ကြား​ဘူး​သော​ဘု​ရင်​တစ်​ပါး​နန်း​တက်​လာ​လေ​၏။- ထို​ဘု​ရင်​က​သူ​၏​ပြည်​သား​တို့​အား``ဤ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လူ​ဦး​ရေ​အ​လွန်​များ​ပြား​၍​အင်​အား​ကြီး​မား​လာ​သ​ဖြင့် ငါ​တို့​အား​အန္တရာယ်​ပြု​နိုင်​၏။- သူ​တို့​၏​လူ​ဦး​ရေ​ယခု​ထက်​မ​တိုး​ပွား​လာ​စေ​ရန် လိမ္မာ​စွာ​ငါ​တို့​ပြု​ရ​ကြ​မည်။ အ​ကယ်​၍​စစ်​မက်​ဖြစ်​ပွား​လာ​လျှင် သူ​တို့​သည်​ငါ​တို့​၏​တစ်​ဘက်​ရန်​သူ​နှင့်​ပူး​ပေါင်း​၍​ငါ​တို့​ကို​တိုက်​ခိုက်​ပြီး​လျှင် တိုင်း​ပြည်​မှ​ထွက်​ပြေး​ကြ​လိမ့်​မည်'' ဟု​မိန့်​ကြား​လေ​၏။- သို့​ဖြစ်​၍​အီ​ဂျစ်​အမျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​တွင် အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​ချုပ်​များ​ကို​ခန့်​ထား​၍ စိတ်​ဋ္ဌာတ်​ကို​ချိုး​နှိမ်​ရန်​အ​လုပ်​ကြမ်း​ကို​အ​တင်း​အ​ကြပ်​ခိုင်း​ကြ​၏။ ဤ​နည်း​အား​ဖြင့်​ဖာ​ရော​ဘု​ရင်​၏​ရိက္ခာ​သို​လှောင်​ရာ ပိ​သုံ​မြို့​နှင့်​ရာ​မ​သက်​မြို့​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​တည်​ဆောက်​စေ​၏။- သို့​သော်​လည်း​အီ​ဂျစ်​ပြည်​သား​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လေ၊ သူ​တို့​၏​လူ​ဦး​ရေ​တိုး​ပွား​ပျံ့​နှံ့​လာ​လေ​ဖြစ်​၏။ အီ​ဂျစ်​ပြည်​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့​လာ​ကြ​၏။- ထို့​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကျွန်​အ​ဖြစ်​အ​တင်း​အ​ကြပ်​စေ​ခိုင်း​၍​ညှဉ်း​ဆဲ​ကြ​၏။ ဆောက်​လုပ်​ရေး​၌​လည်း​ကောင်း၊ လယ်​ယာ​လုပ်​ငန်း​၌​လည်း​ကောင်း မ​ညှာ​မ​တာ​ဘဲ​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​စေ​ကြ​၏။

ထွက်မြောက်ရာ 1:6-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောသပ်​မှစ၍ သူ​၏​ညီအစ်ကို​ရှိသမျှ​နှင့် ထို​မျိုးဆက်​အားလုံး သေ​ကြ​ကုန်​၏​။ သို့ရာတွင် အစ္စရေး​အမျိုးသား​တို့​သည် တိုးပွားသည်ထက်တိုးပွား​လာ​ကြ​၏​။ ထိုသို့ တိုးပွား​လာ​ကြ​သဖြင့် လူဦးရေ​များသည်ထက်များ​လာ​၍ တစ်ပြည်လုံး သူ​တို့​နှင့် ပြည့်​လေ​၏​။ နောက်ပိုင်း​တွင် အီဂျစ်​ပြည်​၌ ယောသပ်​ကို​မ​သိ​သော ရှင်ဘုရင်​အသစ်​တစ်​ပါး ပေါ်လာ​၏​။ ထို​ရှင်ဘုရင်​က မိမိ​လူ​တို့​အား “​ကြည့်​ကြ​လော့​။ အစ္စရေး​အမျိုးသား​တို့​သည် ငါ​တို့​ထက်​များပြား​၍ အင်အားကြီး​ကြ​၏​။ လာ​ကြ​။ သူ​တို့​ကို လိမ္မာပါးနပ်​စွာ​ပြု​ကြ​စို့​။ သို့မဟုတ်လျှင် သူ​တို့​သည် များပြား​လာ​ကြ​လိမ့်မည်​။ စစ်​ဖြစ်​လျှင် သူ​တို့​သည် ငါ​တို့​၏​ရန်သူ​တို့​နှင့်​ပေါင်း​၍ ငါ​တို့​ကို​တိုက်ခိုက်​ပြီး ဤ​ပြည်​မှ ထွက်သွား​ကြ​လိမ့်မည်​”​ဟု ဆို​လေ​၏​။ သို့ဖြစ်၍ အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြမ်းတမ်း​သော​အလုပ်​များ​ဖြင့် နှိပ်စက်​ရန် အဓမ္မစေခိုင်းသူ​များ​ကို ခန့်ထား​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ပစ္စည်းသိုလှောင်ရာ​မြို့​ဖြစ်​သော​ပိသုံ​မြို့​နှင့် ရာမသက်​မြို့​ကို ဖာရော​မင်းကြီး​အတွက် တည်ဆောက်​ကြ​ရ​၏​။ သို့သော် သူ​တို့​ကို နှိပ်စက်​လေ ပို၍​တိုးပွား​ပျံ့နှံ့​လာ​လေ​ဖြစ်​သောကြောင့် အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကြောင့် စိုးရိမ်ပူပန်​ခြင်း​သို့​ရောက်​ကြ​ရ​၏​။ ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ရက်စက်ကြမ်းတမ်း​စွာ စေခိုင်း​ကြ​၏​။ သူ​တို့​ဘဝ​ခါးသီး​ရ​လောက်အောင်​ပင် ကြမ်းတမ်း​သော​အလုပ်​များ​ဖြစ်​သည့် သရွတ်ဖျော်​လုပ်ငန်း​၊ အုတ်ဖုတ်​လုပ်ငန်း​၊ လယ်ယာ​လုပ်ငန်း​ရှိသမျှ​တို့​၌ ခိုင်း​စေ​၏​။ ခိုင်းစေ​လေ​သမျှ​တို့​၌​လည်း ရက်စက်ကြမ်းတမ်း​စွာ ခိုင်း​စေ​၏​။