YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 1:6-14

ထွက်မြောက်ရာကျမ်း 1:6-14 MSBU

ယောသပ်​မှစ၍ သူ​၏​ညီအစ်ကို​ရှိသမျှ​နှင့် ထို​မျိုးဆက်​အားလုံး သေ​ကြ​ကုန်​၏​။ သို့ရာတွင် အစ္စရေး​အမျိုးသား​တို့​သည် တိုးပွားသည်ထက်တိုးပွား​လာ​ကြ​၏​။ ထိုသို့ တိုးပွား​လာ​ကြ​သဖြင့် လူဦးရေ​များသည်ထက်များ​လာ​၍ တစ်ပြည်လုံး သူ​တို့​နှင့် ပြည့်​လေ​၏​။ နောက်ပိုင်း​တွင် အီဂျစ်​ပြည်​၌ ယောသပ်​ကို​မ​သိ​သော ရှင်ဘုရင်​အသစ်​တစ်​ပါး ပေါ်လာ​၏​။ ထို​ရှင်ဘုရင်​က မိမိ​လူ​တို့​အား “​ကြည့်​ကြ​လော့​။ အစ္စရေး​အမျိုးသား​တို့​သည် ငါ​တို့​ထက်​များပြား​၍ အင်အားကြီး​ကြ​၏​။ လာ​ကြ​။ သူ​တို့​ကို လိမ္မာပါးနပ်​စွာ​ပြု​ကြ​စို့​။ သို့မဟုတ်လျှင် သူ​တို့​သည် များပြား​လာ​ကြ​လိမ့်မည်​။ စစ်​ဖြစ်​လျှင် သူ​တို့​သည် ငါ​တို့​၏​ရန်သူ​တို့​နှင့်​ပေါင်း​၍ ငါ​တို့​ကို​တိုက်ခိုက်​ပြီး ဤ​ပြည်​မှ ထွက်သွား​ကြ​လိမ့်မည်​”​ဟု ဆို​လေ​၏​။ သို့ဖြစ်၍ အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြမ်းတမ်း​သော​အလုပ်​များ​ဖြင့် နှိပ်စက်​ရန် အဓမ္မစေခိုင်းသူ​များ​ကို ခန့်ထား​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ပစ္စည်းသိုလှောင်ရာ​မြို့​ဖြစ်​သော​ပိသုံ​မြို့​နှင့် ရာမသက်​မြို့​ကို ဖာရော​မင်းကြီး​အတွက် တည်ဆောက်​ကြ​ရ​၏​။ သို့သော် သူ​တို့​ကို နှိပ်စက်​လေ ပို၍​တိုးပွား​ပျံ့နှံ့​လာ​လေ​ဖြစ်​သောကြောင့် အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကြောင့် စိုးရိမ်ပူပန်​ခြင်း​သို့​ရောက်​ကြ​ရ​၏​။ ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ရက်စက်ကြမ်းတမ်း​စွာ စေခိုင်း​ကြ​၏​။ သူ​တို့​ဘဝ​ခါးသီး​ရ​လောက်အောင်​ပင် ကြမ်းတမ်း​သော​အလုပ်​များ​ဖြစ်​သည့် သရွတ်ဖျော်​လုပ်ငန်း​၊ အုတ်ဖုတ်​လုပ်ငန်း​၊ လယ်ယာ​လုပ်ငန်း​ရှိသမျှ​တို့​၌ ခိုင်း​စေ​၏​။ ခိုင်းစေ​လေ​သမျှ​တို့​၌​လည်း ရက်စက်ကြမ်းတမ်း​စွာ ခိုင်း​စေ​၏​။