YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 1:15-22

ထွက်မြောက်ရာ 1:15-22 Judson Bible (JBMLE)

ရှိ​ဖ​ရ​နှင့် ပု​အာ​အ​မည်​ရှိ​သော ဟေ​ဗြဲ​ဝမ်း​ဆွဲ​မ​တို့​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​က၊ သင်​တို့​သည် ဟေ​ဗြဲ​မိန်း​မ​တို့​အား​ဝမ်း​ဆွဲ​လုပ်၍ မွေး​ရာ​အ​ရပ်၌ စောင့်​နေ​သော​အ​ခါ၊ ယောက်ျား​ဖြစ်​လျှင် သေ​စေ၊ မိန်း​မ​ဖြစ်​လျှင် အ​သက်​ရှင်​စေ​ဟု အ​မိန့်​တော်​ရှိ​၏။ ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​အ​တိုင်း​မ​ပြု၊ ယောက်ျား​တို့​ကို အ​သက်​ချမ်း​သာ​ပေး​ကြ၏။ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည်​လည်း၊ ဝမ်း​ဆွဲ​မ​တို့​ကို​ခေါ်၍ သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း။ ယောက်ျား​တို့​ကို အ​ဘယ်​ကြောင့် အ​သက်​ချမ်း​သာ​ပေး​သ​နည်း​ဟု မေး​စစ်​သော်၊ ဝမ်း​ဆွဲ​မ​တို့​က၊ ဟေ​ဗြဲ​မိန်း​မ​တို့​သည်၊ အဲ​ဂု​တ္တု​မိန်း​မ​ကဲ့​သို့​မ​ဟုတ်၊ သန်​စွမ်း​သော​ကြောင့်၊ ဝမ်း​ဆွဲ​မ မ​ရောက်​မီ သား​ကို​ဖွား​တတ်​ကြ၏​ဟု ပြန်​လျှောက်​လေ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ဝမ်း​ဆွဲ​မ​တို့​ကို ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​လူ​အ​မျိုး​သည်​လည်း​များ​ပြား၍ အ​လွန်​အား​ကြီး​ကြ​လေ၏။ ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ သူ​တို့​အိမ်​သူ​အိမ်​သား​များ​ကို ပြု​စု​တော်​မူ၏။ ဖာ​ရော​ဘု​ရင်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်၊ ဖွား​မြင်​သော​သူ​ငယ် ယောက်ျား​အ​ပေါင်း​တို့​ကို မြစ်​ထဲ​သို့​ချ​ပစ်​စေ။ မိန်း​မ​ကို​မူ​ကား​အ​သက်​ရှင်​စေ​ဟု မိ​မိ​လူ​အ​ပေါင်း​တို့​ကို မှာ​ထား​တော်​မူ၏။

ထွက်မြောက်ရာ 1:15-22 Common Language Bible (BCL)

အီ​ဂျစ်​ဘု​ရင်​က ရှိ​ဖ​ရ​နှင့်​ပု​အာ​နာ​မည်​ရှိ​သော​ဟေ​ဗြဲ​ဝမ်း​ဆွဲ​နှစ်​ဦး​တို့​အား၊- ``ဟေ​ဗြဲ​အ​မျိုး​သမီး​တို့​ကို​သား​ဖွား​ပေး​ရ​သည့်​အ​ခါ ယောကျာ်း​က​လေး​ဖြစ်​လျှင်​သတ်​ပစ်​လော့။ မိန်း​က​လေး​ဖြစ်​လျှင်​အ​သက်​ချမ်း​သာ​ခွင့်​ပေး​လော့။'' ဟု​အ​မိန့်​ပေး​လေ​၏။- သို့​ရာ​တွင်​ဝမ်း​ဆွဲ​အ​မျိုး​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သူ​များ​ဖြစ်​သော​ကြောင့် ဘု​ရင်​၏​အ​မိန့်​ကို​မ​နာ​ခံ​ဘဲ​ယောကျာ်း​က​လေး​များ​ကို​အ​သက်​ချမ်း​သာ​စေ​ကြ​၏။- ထို့​ကြောင့်​ဘု​ရင်​သည်​ဝမ်း​ဆွဲ​တို့​အား​ဆင့်​ခေါ်​လျက်``သင်​တို့​သည်​ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​ဘဲ အ​ဘယ်​ကြောင့်​ယောကျာ်း​က​လေး​များ​ကို​အ​သက်​ချမ်း​သာ​စေ​ရ​သ​နည်း'' ဟု​မေး​လေ​၏။- ထို​အ​ခါ​ဝမ်း​ဆွဲ​တို့​က``ဟေ​ဗြဲ​အ​မျိုး​သ​မီး​တို့​သည် အီ​ဂျစ်​အ​မျိုး​သ​မီး​တို့​နှင့်​မ​တူ​ပါ။ သူ​တို့​သည်​သား​ဖွား​လွယ်​ကြ​သ​ဖြင့်​ဝမ်း​ဆွဲ​မ​ရောက်​မီ က​လေး​ကို​ဖွား​နှင့်​ပြီး​ဖြစ်​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။- ဝမ်း​ဆွဲ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သူ​များ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​ကို​ကျေး​ဇူး​ပြု​၍ သူ​တို့​၌​အိမ်​ထောင်​မိ​သား​စု​များ​ရှိ​စေ​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဦး​ရေ​သည်​လည်း​တိုး​ပွား​များ​ပြား​လာ​၏။- သို့​ဖြစ်​၍​ဖာ​ရော​ဘု​ရင်​သည်``ဟေ​ဗြဲ​အ​မျိုး​သ​မီး​တို့​မှ​ဖွား​မြင်​သော သား​ယောကျာ်း​မှန်​သ​မျှ​တို့​ကို​နိုင်း​မြစ်​ထဲ​သို့​ပစ်​ချ​ရ​မည်။ သ​မီး​မိန်း​က​လေး​များ​ကို​မူ​အ​သက်​ချမ်း​သာ​ပေး​ရ​မည်'' ဟု​မိ​မိ​၏​ပြည်​သူ​ပြည်​သား​တို့​အား​အ​မိန့်​ပေး​လေ​၏။

ထွက်မြောက်ရာ 1:15-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ပြင် အီဂျစ်​ဘုရင်​က ရှိဖရ​နှင့်​ပုအာ​အမည်​ရှိ​သော ဟေဗြဲ​ဝမ်းဆွဲ​နှစ်​ယောက်​အား “​သင်​တို့​သည် ဟေဗြဲ​အမျိုးသမီး​တို့​အား သားဖွား​ပေး​သောအခါ ကြည့်​၍ သားဖွားခုံ​ပေါ်၌ ယောက်ျားလေး​ဖြစ်လျှင်​သတ်​စေ​။ မိန်းကလေး​ဖြစ်လျှင်​အသက်ရှင်​စေ​”​ဟု အမိန့်ပေး​လေ​၏​။ သို့သော် ဝမ်းဆွဲ​တို့​သည် ဘုရားသခင်​ကို ကြောက်ရွံ့​သဖြင့် သူ​တို့​အား အီဂျစ်​ဘုရင်​အမိန့်ပေး​သည့်​အတိုင်း​မ​ပြု​ဘဲ ယောက်ျားလေး​များ​ကို အသက်ချမ်းသာ​ပေး​ကြ​၏​။ ထို့ကြောင့် အီဂျစ်​ဘုရင်​သည် ဝမ်းဆွဲ​တို့​ကို​ခေါ်​၍ “​သင်​တို့​သည် အဘယ်ကြောင့် ဤ​အမှု​ကို​ပြု​ကြ​သနည်း​။ အဘယ်ကြောင့် ယောက်ျားလေး​များ​ကို အသက်ချမ်းသာ​ပေး​ကြ​သနည်း​”​ဟု သူ​တို့​အား မေး​လေ​၏​။ ဝမ်းဆွဲ​တို့​က​လည်း ဖာရော​မင်းကြီး​အား “​ဟေဗြဲ​အမျိုးသမီး​တို့​သည် အီဂျစ်​အမျိုးသမီး​တို့​နှင့်​မ​တူ​ပါ​။ သူ​တို့​သည် သန်စွမ်း​သောကြောင့် ဝမ်းဆွဲ​မ​ရောက်​မီ သားဖွား​တတ်​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​၏​။ ထို့ကြောင့် ဘုရားသခင်​သည် ထို​ဝမ်းဆွဲ​တို့​အား ကျေးဇူးပြု​တော်မူ​၏​။ အစ္စရေး​လူမျိုး​တို့​သည်​လည်း တိုးပွား​ကာ အလွန်​အားကြီး​လာ​၏​။ ထို​ဝမ်းဆွဲ​တို့​သည် ဘုရားသခင်​ကို ကြောက်ရွံ့​သောကြောင့် သူ​တို့​အား မိသားစု​ဘဝ​ကို​ပေးသနား​တော်မူ​၏​။ ဖာရော​မင်းကြီး​က​လည်း မိမိ​လူ​အပေါင်း​တို့​အား “​မွေးလာ​သော​ယောက်ျားလေး​ရှိသမျှ​ကို နိုင်း​မြစ်​ထဲသို့​ပစ်ချ​စေ​။ မိန်းကလေး​ရှိသမျှ​ကို​ကား အသက်ရှင်​စေ​”​ဟု အမိန့်ပေး​လေ​၏​။