YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 1:15-22

ထွက်မြောက်ရာ 1:15-22 JBMLE

ရှိ​ဖ​ရ​နှင့် ပု​အာ​အ​မည်​ရှိ​သော ဟေ​ဗြဲ​ဝမ်း​ဆွဲ​မ​တို့​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​က၊ သင်​တို့​သည် ဟေ​ဗြဲ​မိန်း​မ​တို့​အား​ဝမ်း​ဆွဲ​လုပ်၍ မွေး​ရာ​အ​ရပ်၌ စောင့်​နေ​သော​အ​ခါ၊ ယောက်ျား​ဖြစ်​လျှင် သေ​စေ၊ မိန်း​မ​ဖြစ်​လျှင် အ​သက်​ရှင်​စေ​ဟု အ​မိန့်​တော်​ရှိ​၏။ ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​အ​တိုင်း​မ​ပြု၊ ယောက်ျား​တို့​ကို အ​သက်​ချမ်း​သာ​ပေး​ကြ၏။ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည်​လည်း၊ ဝမ်း​ဆွဲ​မ​တို့​ကို​ခေါ်၍ သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း။ ယောက်ျား​တို့​ကို အ​ဘယ်​ကြောင့် အ​သက်​ချမ်း​သာ​ပေး​သ​နည်း​ဟု မေး​စစ်​သော်၊ ဝမ်း​ဆွဲ​မ​တို့​က၊ ဟေ​ဗြဲ​မိန်း​မ​တို့​သည်၊ အဲ​ဂု​တ္တု​မိန်း​မ​ကဲ့​သို့​မ​ဟုတ်၊ သန်​စွမ်း​သော​ကြောင့်၊ ဝမ်း​ဆွဲ​မ မ​ရောက်​မီ သား​ကို​ဖွား​တတ်​ကြ၏​ဟု ပြန်​လျှောက်​လေ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ဝမ်း​ဆွဲ​မ​တို့​ကို ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​လူ​အ​မျိုး​သည်​လည်း​များ​ပြား၍ အ​လွန်​အား​ကြီး​ကြ​လေ၏။ ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ သူ​တို့​အိမ်​သူ​အိမ်​သား​များ​ကို ပြု​စု​တော်​မူ၏။ ဖာ​ရော​ဘု​ရင်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်၊ ဖွား​မြင်​သော​သူ​ငယ် ယောက်ျား​အ​ပေါင်း​တို့​ကို မြစ်​ထဲ​သို့​ချ​ပစ်​စေ။ မိန်း​မ​ကို​မူ​ကား​အ​သက်​ရှင်​စေ​ဟု မိ​မိ​လူ​အ​ပေါင်း​တို့​ကို မှာ​ထား​တော်​မူ၏။