YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 9:20-22

ဧသတာ 9:20-22 Judson Bible (JBMLE)

တစ်​ဖန် မော်​ဒ​ကဲ​သည် ဤ​အ​မှု​အ​ရာ​တို့​ကို ရေး​ထား၏။ ယု​ဒ​လူ​တို့​သည် ရန်​သူ​လက်​မှ​လွတ်၍ ချမ်း​သာ​ရ​သော​နေ့၊ သူ​တို့​ဝမ်း​နည်း​ခြင်း​နှင့် မြည်​တမ်း​ခြင်း​ပျောက်၍ ဝမ်း​မြောက်​ခြင်း​နှင့်​ပျော်​မွေ့​ခြင်း​သို့ ရောက်​သော လ​တည်း​ဟူ​သော အာ​ဒါ​လ တစ်​ဆယ်​လေး​ရက်​နှင့် တစ်​ဆယ်​ငါး​ရက်​နေ့​တို့​ကို နှစ်​တိုင်း​စောင့်၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်၍၊ ဆင်း​ရဲ​သော​သူ​တို့​အား စွန့်​ကြဲ​ရာ​နေ့​ဖြစ်​စေ​သော ထုံး​စံ​ကို စီ​ရင်​ခြင်း​ငှာ၊ ရှင်​ဘု​ရင် အာ​ရွှေ​ရု နိုင်​ငံ​တော်​အ​ပြည်​ပြည်၌ အ​နီး​အ​ဝေး​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​နေ​ရာ​သို့ မှာ​စာ​ကို ပေး​လိုက်​လေ၏။

ဧသတာ 9:20-22 Common Language Bible (BCL)

မော်​ဒ​ကဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​များ​ကို မှတ်​တမ်း​တင်​၍​ထား​စေ​၏။ သူ​သည်​ပေ​ရ​သိ အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရပ်​နီး​ရပ် ဝေး​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​အား၊- နှစ်​တိုင်း​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နှင့်​ဆယ့် လေး​ရက်​နေ့​ကို ပျော်​ရွှင်​ရာ​နေ့​များ​အ​ဖြစ် ကျင်း​ပ​ရန်​အ​မှာ​စာ​များ​ရေး​သား​ပေး ပို့​လိုက်​လေ​သည်။- ထို​နေ့​ရက်​များ​သည်​ရန်​သူ​တို့​အား​ယု​ဒ အ​မျိုး​သား​တို့​သုတ်​သင်​ပယ်​ရှင်း​သည့်​နေ့ များ​ဖြစ်​သည်။ ထို​လ​သည်​သူ​တို့​စိတ်​ပျက် ဝမ်း​နည်း​ခြင်း​မှ​ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း​သို့ ကူး​ပြောင်း​ရာ​လ​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​ထို​နေ့​ရက်​တို့​တွင်​ပျော်​ရွှင်​ပွဲ​များ ကျင်း​ပ​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​အား လည်း​ကောင်း၊ ဆင်း​ရဲ​သူ​များ​အား​လည်း ကောင်း​အ​စား​အ​စာ​လက်​ဆောင်​များ ပေး​ကမ်း​ကြ​ရန်​ဖြစ်​ပေ​သည်။

ဧသတာ 9:20-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မော်ဒကဲ​သည် ထို​အဖြစ်အပျက်​တို့​ကို မှတ်တမ်း​တင်​ထား​၏​။ ထို့ပြင် အာရွှေရု​မင်းကြီး​ပိုင်​နယ်မြေ​တစ်ဝန်းလုံး ရပ်နီး​ရပ်ဝေး​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့​ထံသို့ စာရေး​ပေးပို့​လိုက်​၏​။ ထို​စာ​တွင် နှစ်စဉ်နှစ်တိုင်း အာဒါ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​နှင့် တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ပွဲတော်​ကျင်းပ​ရန် ပြဋ္ဌာန်း​ထား​၏​။ ထို​နေ့ရက်​များ​သည် ရန်သူ​တို့​လက်​မှ ဂျူး​လူမျိုး​တို့ လွတ်မြောက်​သော​နေ့​ဖြစ်​၏​။ ထို​လ​သည် ဝမ်းနည်း​ရာ​မှ ဝမ်းမြောက်​ရ​သော​လ​၊ ငိုကြွေးမြည်တမ်း​ရာ​မှ ပျော်ပွဲ​ကျင်းပ​ရ​သော​လ ဖြစ်​၏​။ ထို့ကြောင့် ထို​နေ့​တို့​၌ စားသောက်ပွဲ​ကို ပျော်ရွှင်​စွာ​ကျင်းပ​ရ​မည်​။ အိမ်နီးချင်း​တစ်ဦး​ကို​တစ်ဦး စားသောက်ဖွယ်​ရာ​များ​ကို ပေးကမ်း​ဝေငှ​ရ​မည်​။ နွမ်းပါး​သူ​တို့​ကို ပေးကမ်း​စွန့်ကြဲ​ရ​မည်​ဟု ပါရှိ​၏​။