မော်ဒကဲသည်ဤအဖြစ်အပျက်များကို မှတ်တမ်းတင်၍ထားစေ၏။ သူသည်ပေရသိ အင်ပါယာနိုင်ငံတော်အတွင်းရပ်နီးရပ် ဝေးရှိယုဒအမျိုးသားအပေါင်းတို့အား၊- နှစ်တိုင်းအာဒါလဆယ့်သုံးရက်နှင့်ဆယ့် လေးရက်နေ့ကို ပျော်ရွှင်ရာနေ့များအဖြစ် ကျင်းပရန်အမှာစာများရေးသားပေး ပို့လိုက်လေသည်။- ထိုနေ့ရက်များသည်ရန်သူတို့အားယုဒ အမျိုးသားတို့သုတ်သင်ပယ်ရှင်းသည့်နေ့ များဖြစ်သည်။ ထိုလသည်သူတို့စိတ်ပျက် ဝမ်းနည်းခြင်းမှဝမ်းမြောက်ရွှင်မြူးခြင်းသို့ ကူးပြောင်းရာလဖြစ်၏။ သို့ဖြစ်၍သူတို့ သည်ထိုနေ့ရက်တို့တွင်ပျော်ရွှင်ပွဲများ ကျင်းပကာ မိမိတို့အချင်းချင်းအား လည်းကောင်း၊ ဆင်းရဲသူများအားလည်း ကောင်းအစားအစာလက်ဆောင်များ ပေးကမ်းကြရန်ဖြစ်ပေသည်။
ဧသတာ 9 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဧသတာ 9:20-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ