ဧသတာ 4:14-17
ဧသတာ 4:14-17 Judson Bible (JBMLE)
ယခုကာလ သင်သည် တိတ်ဆိတ်စွာနေလျှင်၊ သင်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီး၍၊ ယုဒလူတို့ အသက်ရှင်ခြင်း၊ ကယ်တင်ခြင်းအကြောင်း တစ်စုံတစ်ခု ပေါ်လိမ့်မည်။ ယခုအမှုကိုဆောင်ဖို့ရာ သင်သည် မိဖုရားအရာကိုရသည်ဟု ထင်စရာရှိသည်မဟုတ်လောဟု ဧသတာအား ပြန်ပြောစေခြင်းငှာ မှာလိုက်၏။ ဧသတာကလည်း၊ ရှုရှန်မြို့၌ရှိသော ယုဒလူအပေါင်းတို့ကို စုဝေးစေခြင်းငှာ သွားပါ။ နေ့ညမပြတ် သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ၍၊ အကျွန်ုပ်အဖို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ်သည်လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန်ရသော်လည်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည်။ သေလျှင် အသေခံပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှာ မှာလိုက်သမျှအတိုင်း၊ မော်ဒကဲသည် သွား၍ ပြုလေ၏။
ဧသတာ 4:14-17 Common Language Bible (BCL)
အကယ်၍သင်သည်ယခုအချိန်အခါမျိုး ၌ဆိတ်ဆိတ်နေပါမူ ယုဒအမျိုးသားတို့ သည် ကောင်းကင်ဘုံမှအကူအညီကိုရရှိ ၍ကယ်တင်ခြင်းကိုခံရကြပါမည်။ သင်မူ ကားအသတ်ခံရလျက်ဖခင်၏အိမ်ထောင်စု သည်လည်းပျက်စီးဆုံးပါးကြလိမ့်မည်။ သို့ ရာတွင်သင်မိဖုရားဖြစ်လာရသည်မှာ ဤ အချိန်အခါမျိုးအတွက်ပင်ဖြစ်သည်မ ဟုတ်ပါလော'' ဟုသတိပေးစကားမှာ ကြားလိုက်၏။ ဧသတာသည်မော်ဒကဲအား၊ ``ရှုရှန်မြို့တွင်ရှိသမျှသောယုဒအမျိုး သားတို့ကိုစုရုံးပြီးလျှင် ကျွန်မအတွက် အစာရှောင်စေ၍ နေ့ညဥ့်မပြတ်သုံးရက် ပတ်လုံးမစားမသောက်ဘဲနေကြပါစေ။ ကျွန်မနှင့်ကျွန်မ၏အပျိုတော်တို့သည် လည်းအစာရှောင်ကြပါမည်။ ထိုနောက်တရား ဥပဒေကူးလွန်၍သေဒဏ်ခံရစေကာမူ မင်းကြီးထံသို့ကျွန်မဝင်ပါမည်'' ဟုပြန် ကြားလိုက်၏။ ထိုအခါမော်ဒကဲသည်ထွက်ခွာကာ ဧသတာ မှာကြားလိုက်သည့်အတိုင်းပြုလေသည်။
ဧသတာ 4:14-17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဤအချိန်တွင် သင်နှုတ်ဆိတ်နေမည်ဆိုပါက ဂျူးလူမျိုးတို့ကို လွတ်မြောက်အောင် ကယ်တင်ပေးမည့်သူသည် အခြားတစ်နေရာမှပေါ်လာလိမ့်မည်။ သင်နှင့်သင့်ဖခင်အမျိုးအနွယ်မူကား ပျက်စီးရလိမ့်မည်။ ဤအချိန်ကာလအတွက် သင်သည် မိဖုရားဖြစ်လာခဲ့သလောဟု အဘယ်သူ သိနိုင်မည်နည်း”ဟု မှာကြားလိုက်၏။ ဧသတာကလည်း မော်ဒကဲအား “ရှုရှန်မြို့တွင် ရှိသမျှသောဂျူးလူမျိုးတို့ကို သွား၍စုစည်းပြီး နေ့ရောညပါ သုံးရက်ပတ်လုံး မစားမသောက်ဘဲ အကျွန်ုပ်အတွက် အစာရှောင်ဆုတောင်းကြပါ။ အကျွန်ုပ်နှင့် အစေခံမိန်းကလေးများသည်လည်း ထိုနည်းတူ အစာရှောင်ဆုတောင်းကြပါမည်။ ထို့နောက် ဥပဒေနှင့်ဆန့်ကျင်သော်လည်း ရှင်ဘုရင်ထံအခစားဝင်မည်။ သေရမည်ဆိုလျှင်လည်း အသေခံပါမည်”ဟု ပြန်ပြောလိုက်၏။ မော်ဒကဲသည်လည်း ဧသတာမှာကြားသမျှအတိုင်း သွား၍လုပ်ဆောင်လေ၏။