YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 4:12-17

ဧသတာ 4:12-17 Judson Bible (JBMLE)

ဧ​သ​တာ​စ​ကား​ကို မော်​ဒ​ကဲ​အား ပြန်​ပြော​သော​အ​ခါ၊ မော်​ဒ​ကဲ​က၊ အ​ခြား​သော ယု​ဒ​လူ အ​သက်​မ​လွတ်​လျှင်၊ နန်း​တော်၌​နေ​သော်​လည်း သင့်​အ​သက်​လွတ်​မည်​ဟု မ​ထင်​နှင့်။ ယ​ခု​ကာ​လ သင်​သည် တိတ်​ဆိတ်​စွာ​နေ​လျှင်၊ သင်​နှင့်​သင်၏ အ​ဆွေ​အ​မျိုး​သည် ပျက်​စီး၍၊ ယု​ဒ​လူ​တို့ အ​သက်​ရှင်​ခြင်း၊ ကယ်​တင်​ခြင်း​အ​ကြောင်း တစ်​စုံ​တစ်​ခု ပေါ်​လိမ့်​မည်။ ယ​ခု​အ​မှု​ကို​ဆောင်​ဖို့​ရာ သင်​သည် မိ​ဖု​ရား​အ​ရာ​ကို​ရ​သည်​ဟု ထင်​စ​ရာ​ရှိ​သည်​မ​ဟုတ်​လော​ဟု ဧ​သ​တာ​အား ပြန်​ပြော​စေ​ခြင်း​ငှာ မှာ​လိုက်၏။ ဧ​သ​တာ​က​လည်း၊ ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ခြင်း​ငှာ သွား​ပါ။ နေ့​ည​မ​ပြတ် သုံး​ရက်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​နေ၍၊ အ​ကျွန်ုပ်​အ​ဖို့ အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​ကြ​ပါ။ အ​ကျွန်ုပ်​သည်​လည်း ကျွန်​မ​တို့​နှင့်​တ​ကွ အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​ပါ​မည်။ ထို​နောက် အာ​ဏာ​တော်​ကို ဆန်​ရ​သော်​လည်း၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​မည်။ သေ​လျှင် အ​သေ​ခံ​ပါ​မည်​ဟု မော်​ဒ​ကဲ​အား ပြန်​ပြော​စေ​ခြင်း​ငှာ မှာ​လိုက်​သ​မျှ​အ​တိုင်း၊ မော်​ဒ​ကဲ​သည် သွား၍ ပြု​လေ၏။

ဧသတာ 4:12-17 Common Language Bible (BCL)

မော်​ဒ​ကဲ​သည်​ဧ​သ​တာ​ပြန်​ကြား​သည့် စ​ကား​ကို​ကြား​ရ​သော​အ​ခါ၊- ဧ​သ​တာ​အား``သင်​သည်​နန်း​တွင်း​၌​နေ​ရ သ​ဖြင့် အ​ခြား​ယု​ဒ​အ​မျိုး​သား​များ​ထက် ပို​၍​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်​ဟု​မ​ထင်​မှတ်​ပါ​နှင့်။- အ​ကယ်​၍​သင်​သည်​ယ​ခု​အ​ချိန်​အ​ခါ​မျိုး ၌​ဆိတ်​ဆိတ်​နေ​ပါ​မူ ယု​ဒ​အ​မျိုး​သား​တို့ သည် ကောင်း​ကင်​ဘုံ​မှ​အ​ကူ​အ​ညီ​ကို​ရ​ရှိ ၍​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​ပါ​မည်။ သင်​မူ ကား​အ​သတ်​ခံ​ရ​လျက်​ဖ​ခင်​၏​အိမ်​ထောင်​စု သည်​လည်း​ပျက်​စီး​ဆုံး​ပါး​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​သင်​မိ​ဖု​ရား​ဖြစ်​လာ​ရ​သည်​မှာ ဤ အ​ချိန်​အ​ခါ​မျိုး​အ​တွက်​ပင်​ဖြစ်​သည်​မ ဟုတ်​ပါ​လော'' ဟု​သ​တိ​ပေး​စ​ကား​မှာ ကြား​လိုက်​၏။ ဧ​သ​တာ​သည်​မော်​ဒ​ကဲ​အား၊ ``ရှု​ရှန်​မြို့​တွင်​ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ကျွန်​မ​အ​တွက် အ​စာ​ရှောင်​စေ​၍ နေ့​ညဥ့်​မ​ပြတ်​သုံး​ရက် ပတ်​လုံး​မ​စား​မ​သောက်​ဘဲ​နေ​ကြ​ပါ​စေ။ ကျွန်​မ​နှင့်​ကျွန်​မ​၏​အ​ပျို​တော်​တို့​သည် လည်း​အ​စာ​ရှောင်​ကြ​ပါ​မည်။ ထို​နောက်​တ​ရား ဥ​ပ​ဒေ​ကူး​လွန်​၍​သေ​ဒဏ်​ခံ​ရ​စေ​ကာ​မူ မင်း​ကြီး​ထံ​သို့​ကျွန်​မ​ဝင်​ပါ​မည်'' ဟု​ပြန် ကြား​လိုက်​၏။ ထို​အ​ခါ​မော်​ဒ​ကဲ​သည်​ထွက်​ခွာ​ကာ ဧ​သ​တာ မှာ​ကြား​လိုက်​သည့်​အ​တိုင်း​ပြု​လေ​သည်။

ဧသတာ 4:12-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဧသတာ​ပြော​သော​စကား​တို့​ကို မော်ဒကဲ​အား ပြန်​ပြောပြ​သောအခါ မော်ဒကဲ​က ဧသတာ​အား “​ဂျူး​လူမျိုး​အပေါင်း​တို့ မ​လွတ်မြောက်​လျှင် ဘုရင့်​နန်းတော်​ထဲ၌ နေ​သော​သင်​သည်​လည်း လွတ်မြောက်​မည်​ဟု မ​ထင်​နှင့်​။ ဤ​အချိန်​တွင် သင်​နှုတ်ဆိတ်​နေ​မည်​ဆိုပါက ဂျူး​လူမျိုး​တို့​ကို လွတ်မြောက်​အောင် ကယ်တင်​ပေး​မည့်​သူ​သည် အခြား​တစ်နေရာ​မှ​ပေါ်လာ​လိမ့်မည်​။ သင်​နှင့်​သင့်​ဖခင်​အမျိုးအနွယ်​မူကား ပျက်စီး​ရ​လိမ့်မည်​။ ဤ​အချိန်​ကာလ​အတွက် သင်​သည် မိဖုရား​ဖြစ်လာ​ခဲ့​သလော​ဟု အဘယ်သူ သိ​နိုင်​မည်နည်း​”​ဟု မှာကြား​လိုက်​၏​။ ဧသတာ​က​လည်း မော်ဒကဲ​အား “​ရှုရှန်​မြို့​တွင် ရှိသမျှ​သော​ဂျူး​လူမျိုး​တို့​ကို သွား​၍​စုစည်း​ပြီး နေ့​ရော​ည​ပါ သုံး​ရက်​ပတ်လုံး မ​စား​မ​သောက်​ဘဲ အကျွန်ုပ်​အတွက် အစာရှောင်​ဆုတောင်း​ကြ​ပါ​။ အကျွန်ုပ်​နှင့် အစေခံ​မိန်းကလေး​များ​သည်​လည်း ထိုနည်းတူ အစာရှောင်​ဆုတောင်း​ကြ​ပါ​မည်​။ ထို့နောက် ဥပဒေ​နှင့်​ဆန့်ကျင်​သော်လည်း ရှင်ဘုရင်​ထံ​အခစား​ဝင်​မည်​။ သေ​ရ​မည်​ဆိုလျှင်​လည်း အသေ​ခံ​ပါ​မည်​”​ဟု ပြန်ပြော​လိုက်​၏​။ မော်ဒကဲ​သည်​လည်း ဧသတာ​မှာကြား​သမျှ​အတိုင်း သွား​၍​လုပ်ဆောင်​လေ​၏​။