YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 2:19-23

ဧသတာ 2:19-23 Judson Bible (JBMLE)

သ​မီး​က​ညာ​တို့​သည် ဒု​တိ​ယ​အ​ချိန်၌ စု​ဝေး​သော​အ​ခါ၊ မော်​ဒ​ကဲ​သည် နန်း​တော်၌ တံ​ခါး​မှူး​ဖြစ်၏။ ဧ​သ​တာ​သည် မော်​ဒ​ကဲ​ထံ မွေး​မြူ​ခြင်း​ကို​ခံ၍ နေ​စဉ်​အ​ခါ၊ သူ၏​စ​ကား​ကို နား​ထောင်​သည်​နည်း​တူ နား​ထောင်​သေး​သည်​ဖြစ်၍၊ မော်​ဒ​ကဲ​သ​တိ​ပေး​သည်​အ​တိုင်း၊ မိ​မိ​အ​မျိုး၊ မိ​မိ​ဆွေ​ညာ​တ​ကာ​တို့​ကို မ​ဖော်​မ​ပြ​ဘဲ နေ​သ​တည်း။ ထို​ကာ​လ​တွင်၊ မော်​ဒ​ကဲ​သည် နန်း​တော်၌ တံ​ခါး​မှူး​ဖြစ်​စဉ်၊ ဗိ​ဂ​သန်​နှင့် တေ​ရက်​တည်း​ဟူ​သော နန်း​တော်​မိန်း​မ​စိုး၊ တံ​ခါး​စောင့် နှစ်​ယောက်​တို့​သည် ဒေါ​သ​စိတ်​ရှိ၍ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ကို လုပ်​ကြံ​မည်​ဟု အား​ထုတ်​ကြ၏။ ထို​အ​မှု​ကို မော်​ဒ​ကဲ​သိ၍ မိ​ဖု​ရား​ဧ​သ​တာ​အား ဖော်​ပြ၏။ ထို​သို့ မော်​ဒ​ကဲ​ဖော်​ပြ​ကြောင်း​ကို ဧ​သ​တာ​သည် ရှင်​ဘု​ရင်​အား လျှောက်​လေ၏။ ထို​အ​မှု​ကို စစ်​ကြော၍ အ​မှန်​သိ​သော​အ​ခါ၊ ထို​သူ​နှစ်​ယောက်​တို့​ကို သစ်​ပင်၌ လည်​ဆွဲ​ချ​ပြီး​မှ၊ ရှင်​ဘု​ရင်​ရှေ့၊ နန်း​တော်​မှတ်​စာ၌ ရေး​မှတ်​သ​တည်း။

ဧသတာ 2:19-23 Common Language Bible (BCL)

ဤ​အ​ချိန်​အ​တော​အ​တွင်း​၌​မင်း​ကြီး သည်​မော်​ဒ​ကဲ​အား အုပ်​ချုပ်​ရေး​ရာ​ထူး တစ်​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။- ဧ​သ​တာ​မူ​ကား​မော်​ဒ​ကဲ​၏​မှာ​ကြား ချက်​အ​ရ​မိ​မိ​၏​ယု​ဒ​မျိုး​ရိုး​ဇာ​တိ​ကို ယ​ခု​တိုင်​အောင်​အ​ဘယ်​သူ​ကို​မျှ​အ​သိ မ​ပေး​ဘဲ​နေ​၏။ သူ​သည်​က​လေး​ဘ​ဝ​က မော်​ဒ​ကဲ​၏​စ​ကား​ကို​နား​ထောင်​ခဲ့​သည့် နည်း​တူ ဤ​အ​မှု​ကိစ္စ​တွင်​လည်း​နား​ထောင် လေ​သည်။ နန်း​တွင်း​၌​မော်​ဒ​ကဲ​သည် အုပ်​ချုပ်​ရေး​တာ​ဝန် ကို​ထမ်း​ဆောင်​နေ​ရ​စဉ်​အ​ခါ ဘု​ရင့်​အ​ဆောင် တော်​တံ​ခါး​စောင့်​မိန်း​မ​စိုး​နှစ်​ယောက်​တို့​သည် ဇေ​ရဇ်​မင်း​အား​အ​မျက်​ထွက်​သ​ဖြင့်​လုပ် ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။- မော်​ဒ​ကဲ​သည်​ထို​အ​ကြောင်း​ကို​ကြား​သိ​ရ သ​ဖြင့် မိ​ဖု​ရား​ဧ​သ​တာ​အား​ပြော​ကြား​၏။ သို့​ဖြစ်​၍​ဧ​သ​တာ​သည်​မင်း​ကြီး​အား မော်​ဒ​ကဲ​သိ​ရှိ​ရ​ချက်​ကို​လျှောက်​ထား​၏။- ထို​အ​မှု​ကို​စုံ​စမ်း​စစ်​ဆေး​သော​အ​ခါ မော်​ဒ​ကဲ​ပေး​သည့်​သ​တင်း​မှန်​ကန်​ကြောင်း တွေ့​ရှိ​ရ​သ​ဖြင့် ထို​သူ​နှစ်​ယောက်​စ​လုံး​ပင် လည်​ဆွဲ​တိုင်​၌​ကွပ်​မျက်​ခြင်း​ကို​ခံ​ရ​ကြ လေ​သည်။ မင်း​ကြီး​သည်​ဤ​အ​မှု​ကို​အင် ပါ​ယာ​နိုင်​ငံ​တော်​မှတ်​တမ်း​များ​တွင်​ရေး မှတ်​ထား​စေ​တော်​မူ​၏။

ဧသတာ 2:19-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အပျိုကညာ​များ​ကို ဒုတိယအသုတ်​ခေါ်ဆောင်​လာ​ချိန်​တွင် မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တံခါး​တွင် ထိုင်​လျက်​နေ​၏​။ ဧသတာ​သည် မော်ဒကဲ​မှာထား​သည့်​အတိုင်း မိမိ​လူမျိုး​၊ မိမိ​ဇာတိ​ကို ထုတ်ဖော်​မ​ပြ​ဘဲ​နေ​၏​။ မိမိ​ကို မော်ဒကဲ​ကျွေးမွေး​စောင့်ရှောက်​ခဲ့​စဉ်​အချိန်​က​ကဲ့သို့ပင် ယခု​လည်း မော်ဒကဲ​၏​စကား​ကို နားထောင်​လျက်​ရှိ​၏​။ မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တံခါး​တွင် ထိုင်​လျက်​နေ​သော​ကာလ​တွင် ဘုရင့်​အမှုထမ်း​နှစ်​ဦး​ဖြစ်​သော တံခါးစောင့်​ဗိဂသန်​နှင့်​တေရက်​တို့​သည် အာရွှေရု​မင်းကြီး​ကို အမျက်ထွက်​၍ လုပ်ကြံ​ရန် အခွင့်ကောင်း​ရှာ​နေ​ကြ​၏​။ ထို​အကြောင်း​ကို မော်ဒကဲ​သိ​၍ မိဖုရား​ဧသတာ​အား ပြောပြ​၏​။ ဧသတာ​သည်​လည်း မော်ဒကဲ​ကိုယ်စား ရှင်ဘုရင်​ထံ လျှောက်တင်​လေ​၏​။ ထို​အကြောင်း​ကို​စုံစမ်း​တွေ့ရှိ​သောအခါ ထို​သူ​နှစ်​ဦး​ကို သစ်တိုင်​၌​ချိတ်ဆွဲ​ထား​၏​။ ထို​အကြောင်း​ကို ရှင်ဘုရင်​ရှေ့မှောက်​၌ ရာဇဝင်ချုပ်​မှတ်တမ်း​စာလိပ်​ထဲတွင် မှတ်တမ်းတင်​ထား​လေ​၏​။