ဤအချိန်အတောအတွင်း၌မင်းကြီး သည်မော်ဒကဲအား အုပ်ချုပ်ရေးရာထူး တစ်နေရာတွင်ခန့်ထားတော်မူ၏။- ဧသတာမူကားမော်ဒကဲ၏မှာကြား ချက်အရမိမိ၏ယုဒမျိုးရိုးဇာတိကို ယခုတိုင်အောင်အဘယ်သူကိုမျှအသိ မပေးဘဲနေ၏။ သူသည်ကလေးဘဝက မော်ဒကဲ၏စကားကိုနားထောင်ခဲ့သည့် နည်းတူ ဤအမှုကိစ္စတွင်လည်းနားထောင် လေသည်။ နန်းတွင်း၌မော်ဒကဲသည် အုပ်ချုပ်ရေးတာဝန် ကိုထမ်းဆောင်နေရစဉ်အခါ ဘုရင့်အဆောင် တော်တံခါးစောင့်မိန်းမစိုးနှစ်ယောက်တို့သည် ဇေရဇ်မင်းအားအမျက်ထွက်သဖြင့်လုပ် ကြံရန်လျှို့ဝှက်ကြံစည်ကြ၏။- မော်ဒကဲသည်ထိုအကြောင်းကိုကြားသိရ သဖြင့် မိဖုရားဧသတာအားပြောကြား၏။ သို့ဖြစ်၍ဧသတာသည်မင်းကြီးအား မော်ဒကဲသိရှိရချက်ကိုလျှောက်ထား၏။- ထိုအမှုကိုစုံစမ်းစစ်ဆေးသောအခါ မော်ဒကဲပေးသည့်သတင်းမှန်ကန်ကြောင်း တွေ့ရှိရသဖြင့် ထိုသူနှစ်ယောက်စလုံးပင် လည်ဆွဲတိုင်၌ကွပ်မျက်ခြင်းကိုခံရကြ လေသည်။ မင်းကြီးသည်ဤအမှုကိုအင် ပါယာနိုင်ငံတော်မှတ်တမ်းများတွင်ရေး မှတ်ထားစေတော်မူ၏။
ဧသတာ 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဧသတာ 2:19-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ